34 C
Yangon

ပုသိမ်ကြီးမြို့နယ်တွင် မိုင်းရှာနေသော စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံးပြီး အရာရှိ ၂ ဦး ခြေထောက်ပြတ်

Must read

ပုသိမ်ကြီးမြို့နယ်တွင် မိုင်းရှာနေသော စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံးပြီး အရာရှိ ၂ ဦး ခြေထောက်ပြတ်

ရန်ကုန်၊ ဇွန် ၂၄

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်တွင် မိုင်းရှာနေသော စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်သား ၂ ဦးသေဆုံးပြီး အရာရှိ ၂ ဦး ခြေထောက်ပြတ်သွားကြောင်း နတ်ဆိုး မြေအောက် တော်လှန်ရေး တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇွန်လ ၂၄ ရက်နေ့ နံနက် ၈ နာရီခန့်တွင် ပုသိမ်ကြီးမြို့နယ်၊ ဘုတ်ကျေးရွားအနီးရှိ ဆိုင်ကယ်ပြိုင်ပွဲကွင်းအနီး မိုင်းထောင်ထားသည်ဟု စစ်တပ်က သတင်းရရှိပြီး ထောင်ထားသော မိုင်းများကို လာဖြုတ်စဥ် မိုင်းရှာဖွေရန်ညွန်ကြားနေသော အရာရှိသည် မိုင်းပေါ်၌ ရပ်နေချိန် ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး သေဆုံးပြီး အရာရှိ ၂ ဦး ခြေတောက်ပြတ်သွားကြောင်း သိရှိရသည်။

မိုင်းဆွဲ တိုက်ခိုက်ပြီးနောက် သေဆုံးသွားသော စစ်သား ၂ ဦး၏ အလောင်းနှင့် ဒဏ်ရာရရှိသွားသော အရာရှိ ၂ ဦးကို ဆင်ပွတ်ကြီးကျေးရွာမှ ပျူစောထီးများက လူမှုကူညီရေးကားများဖြင့် လာရောက်တင်ဆောင်သွားပြီး ပျူစောထီးအများစု နေထိုင်သည့် ဆင်ပွတ်ကြီးရွာမှ တစ်နေကုန်သွေးလိုက်အလှူခံနေကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်က မိုင်းဆွဲ တိုက်ခိုက်ခံရသော ဘုတ်ကျေးရွားအနီးကို ပိတ်ဆို့ တားစီးမှုများပြုလုပ်ထားပြီး စစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း၊ တိုက်ခိုက်မှုအပြီး နတ်ဆိုး မြေအောက် တော်လှန်ရေးတပ်ဖွဲ့မှရဲဘော်များက အန္တရယ်ကင်းရှင်းစွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း နတ်ဆိုး မြေအောက် တော်လှန်ရေး တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article