34 C
Yangon

ကလေးမြို့ပေါ် အရက်ဘီယာဆိုင်များကို ကလေးပြည်သူ့ရဲတပ်ဖွဲ့က စစ် ဆေးပြီး စစ်တပ် ထုတ်ကုန် ဒဂုံဘီယာ ဖာ ၆၀နှင့် ဆက်စပ်ပစ္စည်းများကို ဖမ်းဆီးရရှိ

Must read

ကလေးမြို့ပေါ် အရက်ဘီယာဆိုင်များကို ကလေးပြည်သူ့ရဲတပ်ဖွဲ့က စစ် ဆေးပြီး စစ်တပ် ထုတ်ကုန် ဒဂုံဘီယာ ဖာ ၆၀နှင့် ဆက်စပ်ပစ္စည်းများကို ဖမ်းဆီးရရှိ

ရန်ကုန်၊ ဇွန် ၂၄

စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်တွင် ကလေးမြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့မှ လိုက်လံ စစ် ဆေးခဲ့ရာ အကြမ်းဖက် စစ်တပ်ထုတ်ကုန် ဒဂုံဘီယာ ဖာ ၆၀ နှင့် ဆက်စပ် ပစ္စည်းများကို ဖမ်းမိခဲ့ကြောင်း ကလေးမြို့နယ်ပြည်သူ့ ရဲတပ်ဖွဲ့ထံမှ သိရသည်။

ယနေ့ဇွန်လ ၂၄ ရက်နေ့ ကလေးမြို့ပေါ် အရက်ဘီယာဆိုင်များတွင် စစ်တပ် ထုတ်ပစ္စည်းများ ရောင်း ချနေကြောင်း တာဝန်သိပြည်သူများ၏ သတင်းပေးပို့ ချက်အရ အမျိုးသားညီညွတ်ရေးအစိုးရ NUG အောက်ရှိ ကလေးမြို့နယ် ပြည် သူ့ ရဲတပ်ဖွဲ့နှင့် ကျေးရွာပြည်သူ့လုံခြုံရေးအဖွဲ့မှတပ်ဖွဲ့ဝင်များပူး ပေါင်းပြီး စစ် ဆေးခဲ့ရာ အရက်ဘီယာဆိုင် ၄ ဆိုင်မှ စစ်တပ်ထုတ်ကုန် ဒဂုံဘီယာ ဖာ ၆၀ နှင့် ဘီယာဖြန့်ဖြူးရောင်းချရာတွင် အသုံးပြုသော Light Truck အမျိုးအစား ကား တစ်စီးနှင့် Camda အမျိုးအစားကားတစ်စီးကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။

အဆိုပါရှာဖွေတွေ့ရှိသော ဘီယာဖာ၆၀ နှင့် ဆက်စပ်စ္စည်းများကို လုပ်ထုံးလုပ် နည်းနှင့် အညီ သိမ်းဆည်း အမျိုးသားညီညွတ်ရေးအစိုးရအောက်ရှိ ကလေးမြို့ နယ် စည်ပင်ကော်မတီသို့ သက်သေခံပစ္စည်းများကို အပ်နှံထားရှိကြောင်း ကလေး မြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ကလေးမြို့နယ်အတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် အမျိုးသား ဒီမိုက ရေစီ အဖွဲ့ချုပ်အစိုးရ လက်ထက်တွင် အခွန်ထမ်းဆောင်ရသော လုပ်ငန်း များအားလုံး အမျိုးသားညီညွတ်ရေးအစိုးရလက် အောက်ရှိ ကလေးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့သို့ တရားဝင်အခွန်ထမ်းဆောင်ကြရန်နှင့် ပျက်ကွက် ပါက လုပ်ထုံးလုပ်နည်းနှင့်အညီ ထိရောက်စွာအရေးယူမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ကလေးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အနေဖြင့် ရရှိသော အခွန်ဘဏ္ဍာငွေ များကို အမျိုးသားညီညွတ်ရေး အစိုးရ၏ ဘဏ္ဍာရေးမူဝါဒနှင့်အညီ သုံးစွဲလျက် ရှိကြောင်း၊ အမျိုးသားညီညွတ်ရေး အစိုးရ ထိန်းချုပ် နယ်မြေ အတွင်းရှိ ပြည်သူ များ၏ ကျန်းမာရေး၊ ပညာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လူသားချင်းစာနာ ထောက် ထားမှုဆိုင်ရာ ဝန်ဆောင်မှုများကို ပေးအပ်နေပြီဖြစ်ကြောင်း သိရှိရ သည်။

ကလေးမြို့နယ်အတွင်းရှိ စီးပွားရေးလုပ်ငန်းများအနေဖြင့် အကြမ်းဖက် စစ် ကောင် စီ ထုတ်ကုန်ပစ္စည်း များကို ရောင်းဝယ် ဖောက်ကားဖြန့်ဖြူးခြင်း မပြု လုပ်ကြရန်နှင့် ပြုလုပ်ပါက ဥပဒေလုပ်ထုံးလုပ်နည်းနှင့် အညီ ပြင်းထန်စွာ အရေး ယူမည်ဖြစ်ကြောင်း၊ အခွန်ထမ်းလုပ်ငန်းရှင်များကို ပညာပေး ကာလ အဖြစ် မေလ ၂၆ ရက်နေ့မှ ဇွန်လ ၄ ရက်နေ့အထိ ပညာပေးကာဆောင်ရွက် ခဲ့ ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article