38 C
Yangon

မြ၀တီတွင် ညအချိန် စစ်ကောင်စီတပ်က ၁၂၀ မမ ဖြင့် ပစ်ခတ်သဖြင့် လက် နက်ကြီးသံများ မဲဆောက်ဘက်အခြမ်းမှ ကြားနေရ

Must read

မြ၀တီတွင် ညအချိန် စစ်ကောင်စီတပ်က ၁၂၀ မမ ဖြင့် ပစ်ခတ်သဖြင့် လက် နက်ကြီးသံများ မဲဆောက်ဘက်အခြမ်းမှ ကြားနေရ

ရန်ကုန်၊ ဇွန် ၂၄

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်တွင် စစ်ကောင်စီတပ်က ၁၂၀ မမ လက်နက် ကြီးများဖြင့် ပစ်ခတ်နေသဖြင့် လက်နက်ကြီးသံများကို ထိုင်းနိုင်ငံ-မြန်မာ နယ်စပ် မဲဆောက်ဘက်အခြမ်းမှပင် ကြားနေရကြောင်း‌ ဒေသပြည်သူများက ပြောဆိုကြသည်။

ယနေ့ ၂၄ ရက် ည နေ ၆နာရီ မှစတင်ပြီး လက်ရှိ အချိန်အထိ စစ်ကောင်စီ၏ ၂၇၅ တပ်ရင်းက ၁၂၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း၊ တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ ရမ်းသမ်းပစ်ခတ်နေခြင်းဖြစ်ကြောင်း သိရှိရသည်။

“တိုက်ပွဲ တွေက မရှိပါဘူး။ ပွင့်လင်းအေးမြိုင် ခေါ် တုံးတံတား ဘက်ကို လက် နက် ကြီးတွေနဲ့ ပစ်တာ။ မြဝတီ မြို့တွင်းထိ မြေကြီးပါတုန်တယ်။ အချက် ၅၀ ကျော်နေပြီး ပစ်နေတာ” ဟု မြ၀တီမြို့ ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ- စစ်ကောင်စီတပ်၏ ၁၂၀ မမ ပစ်ခတ်မှု မြင်ကွင်းတချို့။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article