27 C
Yangon

ချောက်မြို့နယ် ပြောက်ကျားတပ်ဖွဲ့က “ဝဿန်ကာလပွဲကြမ်းဖို့ 79 တစ်ဝိုင်းကူစို့” Campaign တွင် ပြည်သူများ ပါဝင်ကြရန် ဖိတ်ခေါ်

Must read

ချောက်မြို့နယ် ပြောက်ကျားတပ်ဖွဲ့က “ဝဿန်ကာလပွဲကြမ်းဖို့ 79 တစ်ဝိုင်းကူစို့” Campaign တွင် ပြည်သူများ ပါဝင်ကြရန် ဖိတ်ခေါ်

ရန်ကုန်၊ ဇွန် ၂၅

မကွေးတိုင်း၊ ချောက်မြို့နယ်၊ ချောက်မြို့နယ် ပြောက်ကျားတပ်ဖွဲ့(Chauk Guerilla Force) တပ်ဖွဲ့မှ “ဝဿန် ကာလပွဲကြမ်းဖို့ 79 တစ်ဝိုင်းကူစို့” Campaign မဲ လက်မှတ်ရောင်းချနေကြောင်း အဖွဲ့တာဝန်ခံ ဗိုလ်ဘကွန်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါကမ်ပိန်းကာလကို တစ်လခွဲသတ်မှတ်ထားပြီး မဲလက်မှတ်အစောင်ရေ ၅၀၀၀(ငါးထောင်) ရောင်း ချမည်ဖြစ်ပြီး တစ်စောင်လျှင် ငွေ ၅၀၀၀(ငါးထောင်) ကျပ်သတ်မှတ်ထားကြောင်း သိရသည်။

“ကျနော်တို့ တပ်ဖွဲ့ရဲ့ ပထမဦးဆုံး ကမ်းပိန်လေးဖြစ်ပါတယ်၊ 79 တစ်လက်က ကာလတန်ကြေး ကျပ် သိန်း ၂၅၀ ရှိပါတယ်၊ အဲဒါကြောင့် ကံစမ်းမဲလက်မှတ် လေး တွေကို ဝိုင်းကူပါဝင်ပေးကြပါအုံးလို့ မေတ္တာ ရပ်ခံပါတယ်၊ ကျေးဇူး တုန့်ပြန် တဲ့အနေနဲ့ ပထမဆု အဖြစ် စခန်းက ရဲမေတစ်ဦးပိုင်ဆိုင်တဲ့ စိန်နား ကပ် လေး ကို ရွေးချယ်ထားပါတယ်၊ အဖွဲ့အတွက် သုံးဖို့ လှူထားတဲ့ ပစ္စည်း လေးပါ၊ ကာလတန်ကြေး ၁၅ သိန်းခန့် ရှိပါတယ်” ဟု Chauk Guerilla Force တာဝန်ခံ ဗိုလ်ဘကွန်းက ပြောကြားည်။

ပါဝင်ပေးမည့် မိဘပြည်သူများအနေဖြင့် – https://www.facebook.com/profile.php?id=100087436879460 သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း အသိပေးထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article