30 C
Yangon

ကန့်ဘလူ၊ ပင့်သာရွာကို စစ်တပ်က ၅ ကြိမ်မြောက် မီးတင်ရှို့နေ

Must read

ကန့်ဘလူ၊ ပင့်သာရွာကို စစ်တပ်က ၅ ကြိမ်မြောက် မီးတင်ရှို့နေ

ရန်ကုန်၊ ဇွန် ၂၈

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပင့်သာရွာကို အကြမ်းဖက် စစ်တပ်က ၅ ကြိမ်မြောက် မီးတင်ရှို့နေကြောင်း ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ထံမှ သိရသည်။

ဇွန်လ ၂၈ ရက်နေ့ နံနက် ၈ နာရီ ၁၅ မိနစ်ခန့်တွင် ကျွန်းလှမြို့ပေါ်မှ ထွက်လာသော အင်အား ၁၅၀ ဝန်းကျင်ပါ စစ်ကြောင်းက ပင့်သာကျေးရွာကို အကြမ်းဖက် စစ်တပ်က ၅ ကြိမ်မြောက် မီးရှို့ ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

ပင့်သာကျေးရွာသည် အိမ်ခြေ ၆၃၅ အိမ်ရှိသည့် ရွာကြီးတစ်ရွာဖြစ်​ပြီး အကြမ်းဖက် စစ်တပ်က ၄ ကြိမ်မြောက် မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၁၅၀ ကျော် မီးလောင် ပြာကျခဲ့ကြောင်း၊ ဒေသပြည်သူများသည် လက်ရှိချိန်တွင် စစ်တပ် စစ်ကြောင်းထိုးမှုကြောင့် ပင့်သာရွာ အပါအဝင်အနီးအနားရှိကျေးရွာများမှ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် နံနက် ၉ နာရီ ဝန်းကျင်ခန့်တွင် ကျေးရွာအတွင်းမှ ပြန်လည်ထွက်ခွာသွားပြီး ချပ်ကြီးကျေးရွာကို ထွက်ခွာသွားကြောင်း သိရပြီး ပင့်သာကျေးရွာအတွင်း နောက်၌ ကျန်ရှိခဲ့သော စစ်ကြောင်းများ ထပ်မံဝင်ရောက်နိုင်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article