31 C
Yangon

ဝက်လက်မြို့တွင် ရဲစခန်းနှင့် စစ်ကြောင်းကို တိုက်ခိုက်မှု ရဲမေ ၅ ဦး အပါအဝင် စစ်သား ၉ ဦးသေဆုံး

Must read

ဝက်လက်မြို့တွင် ရဲစခန်းနှင့် စစ်ကြောင်းကို တိုက်ခိုက်မှု ရဲမေ ၅ ဦး အပါအဝင် စစ်သား ၉ ဦးသေဆုံး

ရန်ကုန်၊ ဇွန် ၂၈

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့မရဲစခန်းနှင့် ဝက်လက်မြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာသော အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ ရဲမေ ၅ ဦးအပါအဝင် စစ်သား ၉ ဦးသေဆုံးခဲ့ ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ထံမှ သိရသည်။

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့မရဲစခန်းကို ဒရုန်းဖြင့် ဗုံကျဲချ တိုက်ခိုက်ခဲ့ရာ ရဲမေ ၅ ဦးအပါအဝင် ၇ ဦးသေ ဆုံးခဲ့ကြောင်း ကျောက်ဆည်ခရိုင် တပ်ရင်း ၁ (နဂါးနီတပ်ရင်း) ဒုတပ်ရင်းမှူးက ရန်ကုန်ခေတ်သစ်သ တင်းဌာနထံသို့ပြောကြားသည်။

ယနေ့ဇွန်လ ၂၈ ရက်နံနက် ၆ နာရီ ၆ မိနစ်မှစတင်၍ အကြမ်းဖက်စစ်သား၊ ရဲများပူးပေါင်းတပ်စွဲထား သော ဝက်လက်မြို့မရဲစခန်းကို ဒရုန်း ၄ စီးဖြင့် ဗုံးသီး ၂၂ လုံးကျဲချတိုက်ခိုက်ခဲ့ရာ နံနက် ၈ နာရီခန့်အထိ ကြာမြင့်ခဲ့ပြီး ရဲစခန်းအတွင်းရှိ အကြမ်းဖက်စစ်သား ၂ ဦး၊ စစ်တပ်လက်အောက်ခံ ရဲမေ ၅ ဦးသေဆုံးကာ ဝက်လက်မြို့ပေါ်ရှိ ဈေးဆိုင်များအားလုံးကိုပိတ်ပစ်ခိုင်းကာ မြို့အဝင်၊အထွက်ကိုလည်း ပိတ်ဆို့ပစ်ခတ်ခဲ့ ကြောင်း သိရသည်။

“အမျိုးသမီးရဲမေ ၅ ဦးနဲ့ စစ်ခွေး ၂ ဦးသေတယ်လို့ သတင်းရထားတယ်၊ ထပ်ပြီးတော့ အသေ စာ ရင်းရှိတယ်၊ ကျနော်တို့လည်း ထပ်မစောင့်နိုင်တော့ဘူး၊ ဘာဖြစ်လို့လဲဆိုရင် စခန်းထဲက အမျိုးသမီး တွေ သေသွားတော့ အကြီးပိုင်းတွေက ဆဲဆိုပြီးတော့ ဝက်လက်မြို့ပေါ်က ဆိုင်တွေအကုန်ပိတ်၊ ဘယ် သူမှ ဝင်ခွင့်မရှိ၊ ထွက်ခွင့်မရှိ အဲလောက်အထိဖြစ်သွားတာ၊ မဟာမိတ်ရဲဘော်တစ်ဦးတော့ မစိုးရိမ်ရ ဒဏ်ရာရခဲ့တယ်၊ ပြန်ပစ်တဲ့ လက်နက်ကြီးက ကျနော်တို့အဖွဲ့တွေကို ကျော်ကျပြီးတော့မှ ပေါက်ကွဲပြီး ကင်းထောက်နေတဲ့ မဟာမိတ်ရဲဘော်တစ်ဦးရဲ ထောက်ကို အစထိမှန်တာ၊ စိုးရိမ်စရာတော့မရှိပါဘူး၊ ရှပ်ထိသွားတာ” ဟု ကျောက်ဆည်ခရိုင် တပ်ရင်း ၁ (နဂါးနီတပ်ရင်း) ဒုတပ်ရင်းမှူးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုကို ကျောက်ဆည်ခရိုင်ဒရုန်းတပ်ဖွဲ့မှ ဦးဆောင်၍ ကျောက်ဆည်ခရိုင်တပ်ရင်း – ၁ (နဂါးနီတပ်ရင်း) ၊ မြင်းခြံခရိုင်တပ်ရင်း – ၇(ZERO ပြောက်ကျားတပ်ဖွဲတပ်ရင်း)၊ ရွေဘိုခရိုင်တပ်ရင်း – ၁၅၊ မုံရွာခရိုင်တပ်ရင်း – ၂၁(NDRFတပ်ခွဲ) နှင့် ဆားတောင်မိုးကြိုး(Local PDF) ၊ MRTF Drone Force အဖွဲ့တိုပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ရဲစခန်းပင်မဆောင်အပေါ်ကျရောက်ပေါက်ကွဲကာ ပျက်စီးခဲ့ ကြောင်း သိရသည်။

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ငါးပတ်ချောင်းကျေးရွာ၊ သစ္စာရဘုရားအနီးတိုက်ပွဲတွင် အကြမ်းဖက် စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း ပြည်သူ့အစေခံတော်လှန်ရေးတပ်ဖွဲ့ -ဝက်လက်မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ဇွန်လ ၂၇ ရက် နံနက် ၈ နာရီခွဲခန့်က စဉ့်ကူးမြို့နယ်၊ ရွာသာရွာဘက်မှ သံခွန်မော်တော် ဖြင့် ဧရာဝတီမြစ်ကြောင်းအတိုင်း စုန်ဆင်းဝင်ရောက်လာသော စစ်ကြောင်းသည် ဝက်လက်မြို့နယ်၊ ရေလ မော် ကျေး ရွာကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ဝင်ရောက်ခဲ့ကြောင်း၊ ထို့နောက် ရေလ မော် ကျေးရွာ မြောက်ဘက်ရှိ သရက်ပင်ကျေးရွာရှိ ပြည်သူ့နေအိမ် ၁၅ လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး ဆက် လက်ပြီး ငါးပတ် ချောင်းကျေးရွာကို ဆက်လက်ဝင်ရောက်ခဲ့ကြောင်း သိရသည်။

“ခွေးသေတာ ၂ ကောင်ပဲ အတည်ပြုနိုင်တယ်၊ ဒါပေမယ့် ဒီထက်များနိုင်တယ်၊ နယ်မြေရှင်းလင်းရေး လုပ်တဲ့အချိန်မှာ သွေးကွက်တွေ၊ ဒဏ်ရာရတဲ့သူတွေကို ဆွဲခေါ်ထားတဲ့ သွေးစက်တွေတွေ့ရတာရှိတယ်၊ ခွေးတွေက မနေ့ည ကတည်းက သူတို့တက်လာတဲ့ သံခွန်မော်တော်နဲ့ ရွာသာရွာကျေးရွာဘက်ကို ဆန် တက်သွားတာဗျ၊ ဝက်လက်နယ်အရှေ့ခြမ်းဧရာဝတီမြစ်ကြောင်းမှာတော့ မရှိဘူး” ဟု ပြည်သူ့အစေခံ တော်လှန်ရေးတပ်ဖွဲ့ -ဝက်လက်မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

အဆိုပါတိုက်ခိုက်မှုကို ပြည်သူ့အစေခံတော်လှန်ရေးတပ်ဖွဲ့၊ ဝက်လက်မြို့နယ် ပကဖ အဖွဲ့၊ စဉ့်ကူးမြို့ နယ် ပကဖ အဖွဲ့များနှင့် တော်‌လှန်ရေးအဖွဲ့ များစုပေါင်းပြီး တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ထိတွေ့တိုက်ပွဲ ၄ နာရီ ကျော်အကြာမြင့်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article