28 C
Yangon

KNU တပ်မဟာ ၅ နယ်မြေ၌ မေလတစ်လတာ အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများ၌ စစ်တပ်ဘက်မှ တပ်ခွဲမှူးနှင့် ဒုခွဲမှူး အပါအဝင် ၁၂၂ ဦးသေဆုံး

Must read

KNU တပ်မဟာ ၅ နယ်မြေ၌ မေလတစ်လတာ အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများ၌ စစ်တပ်ဘက်မှ တပ်ခွဲမှူးနှင့် ဒုခွဲမှူး အပါအဝင် ၁၂၂ ဦးသေဆုံး

ရန်ကုန်၊ ဇွန် ၃

KNU တပ်မဟာ ၅ နယ်မြေ၌ မေလတစ်လတာ အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများ၌ အကြမ်းဖက် စစ်တပ်ဘက်မှ တပ်ခွဲမှူးနှင့် ဒုခွဲမှူး အပါအဝင် ၁၂၂ ဦးသေဆုံးခဲ့ကြောင်း ကေအဲန်ယူ-မူတြော် သတင်းစဥ်က ထုတ်ပြန်ထားသည်။

မေလ ၁ ရက်နေ့မှ ၃၁ ရက်နေ့အထိ KNU – ကရင်အမျိုးသား အစည်းအရုံး၊ မူတြော်ခရိုင်၊ အမှတ် ၅ တပ်မဟာ နယ်မြေအတွင်း အကြမ်းဖက် စစ်တပ်၊ BGF နှင့် KNU တပ်မဟာ ၅ တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မေလ တစ်လတာ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်၊ BGF နှင့် KNU တပ်မဟာ ၅ တို့အကြား ရင်ဆိုင် တိုက်ပွဲပေါင်း အကြိမ် ၂၀၀ တိတိ ဖြစ်ပွားခဲ့ပြီး စစ်သားနှင့် BGF တပ်သား ၁၂၂ ဦးသေဆုံးကာ ၄၈ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊ သေဆုံးသူများတွင် တပ်ခွဲမှူး ၁ ဦး၊ ဒုခွဲမှူး ၂ ဦး၊ တပ်ကြပ်ကြီး ၃ ဦးနှင့် တပ်ကြပ် ၁ ဦးပါဝင်ကြောင်း သိရသည်။

ထို့ပြင် အကြမ်းဖက် စစ်တပ်၏ခလက်နက်နှင့် ရိက္ခာထောက်ပံ့ ပို့ဆောင်ရေး ယာဉ် ၆ စီးကို ဖျက်ဆီးနိုင်ခဲ့ပြီး မြင်း၊ လား ၆ ကောင်ကိုလည်း သုတ်သင် နိုင်ခဲ့ကြောင်း၊ တစ်လတာ တိုက်ပွဲအတွင်း အမှတ် ၅ တပ်မဟာမှ မျိုးချစ်စစ်သည်တော် ၂ ဦးမြင့်မြတ်စွာ အသက်ပေးလှူခဲ့ရပြီး ၁၀ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့​ကြောင်း သိရသည်။

တစ်လတာ အတွင်း အကြမ်းဖက် စစ်တပ်၏ လက်ကိုင်တုတ် BGF မှ ပြည်သူများ နေထိုင်ရာ နေရာများနှင့် အသက်မွေး ဝမ်းကျောင်း ပြုရာ နေရာများကို အမြောက်ကျည် ၅၉ လုံးဖြင့် ရည်ရွယ်ချက် ရှိရှိ ပစ်ခတ်ခဲ့ရာ အပြစ်မဲ့ ပြည်သူ ၁ ဦးသေဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်က အရပ်သား ပြည်သူများ၏ငွေသားဖြစ်သည့် ထိုင်းဘတ်ငွေ ၂၈၀,၀၀၀၊ မြန်မာငွေ ၁၀၀,၀၀၀ တစ်သိန်းကျပ်၊ စမတ်ဖုန်း ၃ လုံး၊ အရပ်သုံးစကားပြောစက် icom ၁ လုံးနှင့် ဓားမြောင် ၃ လက်တို့ကို အဓမ္မ ခိုးယူလုယက်ခဲ့ကြောင်း ကေအဲန်ယူ-မူတြော် သတင်းစဥ်က ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article