35 C
Yangon

ပခုက္ကူမြို့နယ်တွင် ပျူစောထီး အလောင်းအား နာရေးကားဖြင့် လာကောက်သည့် စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်

Must read

ပခုက္ကူမြို့နယ်တွင် ပျူစောထီး အလောင်းအား နာရေးကားဖြင့် လာကောက်သည့် စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်

ရန်ကုန်၊ ဇူလိုင် ၁

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကုန်းတက်ကန်ကျေးရွာအနီးတွင် ပျူစောထီးအလောင်း တစ်လောင်း ကို နာရေးကားဖြင့် လာကောက်သည့် အကြမ်းဖက်စစ်သားများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ထိခိုက်ဒဏ်ရာရရှိ မှုရှိကြောင်း Young Force – UG တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ ဇူလိုင်လ ၁ ရက် နံနက်ပိုင်းက ပခုက္ကူမြို့နယ်၊ ကုန်းတက်ကန်ကျေးရွာအနီးတွင် ပစ်ခတ်ရှင်း လင်းခံရသည့် ပျူစောထီးအလောင်းတစ်လောင်းကို အကြမ်းဖက်စစ်တပ်က နာရေးကူညီမှုအသင်းကား ကို အသုံးပြုပြီး လာရောက်ကောက်ယူခဲ့ကြောင်း၊ ထိုသို့ လာရောက်ယူစဉ် မိုင်းကွင်းပေါ်သို့ ရောက်ရှိလာ သဖြင့် ပဒေသာမိုင်း ၃ လုံးတွဲ ၂ ပွိုင့်ဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“မနေ့က ကာကွယ်ရေးအဖွဲ့တစ်ခုက ပျူစောထီးတစ်ဦးကို ရှင်းလင်းထား၊ အဲဒီအလောင်းကို လာ ကောက်မယ်ဆိုပြီး ယူဆတာနဲ့ မိုင်းဆင်ထားတာ၊ နာရေးကားက မိုင်းကွင်းပေါ်မှာရပ်ပေမယ့် ပြည်သူ့ တွေဖြစ်နေမှာစိုးလို့ ပထမ မဆွဲဘူး၊ ကားပေါ်က ဆင်းလာတဲ့အချိန်မှ စစ်ခွေးတွေမှန်းသိရတာ၊ လက် နက်တွေ၊ ရောအီကွန်းမင့်တွေရောပါလာတာဆိုတော့၊ အဲဒါနဲ့ အလောင်းကောက်ကားပေါ်တင်ပြီး ပြန် အထွက်ကျမှ ဆွဲလိုက်ရတာ၊ ထိခိုက်မှုကတော့ ရှိတယ်၊ ကားပေါ်ကနေ လက်နက်ငယ်တွေနဲ့ ရမ်းပစ် သွားတယ်” ဟု Young Force – UG တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုကို ပခုက္ကူမြိုနယ် ပကဖ တပ်ခွဲ ၂ (Young Force (UG) ၊ နယ်စည်းမခြား ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိ အခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ အလောင်းလာကောက်သည့်ကားနှင့် စစ်သားများမှာ အင် ပင်စစ်ဆေးရေးဂိတ်သို့ ပြန်လည်ဝင်ရောက်သွားပြီး အနီးအနားကျေးရွာဘက်သို့ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်း သိရသည်။

မိဘပြည်သူများအနေဖြင့် ပခုက္ကူ- မြိုင် ကားလမ်းကို အသုံးပြုရာတွင် တစ်စုံတစ်ရာမှားယွင်းမှု မဖြစ် စေရန် ကားမှန်များ ချထားပြီးမောင်းနှင်ကြရန်၊ လူမှုကူညီရေးကားများအနေဖြင့်လည်း နီးစပ်ရာ ပြည် သူ့ကာကွယ်ရေး တပ်ဖွဲ့များထံသို့ သတင်းပို့ပြီးသွားလာကြရန် မေတ္တာရပ်ခံထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article