30 C
Yangon

စစ်တပ် လက်အောက်ခံ BGF အဖြစ်ရပ်တည်ခဲ့သော ကလလတ အနေဖြင့် NUG အစိုးရ၊ တော်လှန်အရေးအဖွဲ့အစည်းအားလုံးနှင့် ပူးပေါင်း၍ စစ်ကောင်စီ ကို တော်လှန်မည်

Must read

စစ်တပ် လက်အောက်ခံ BGF အဖြစ်ရပ်တည်ခဲ့သော ကလလတ အနေဖြင့် NUG အစိုးရ၊ တော်လှန်အရေးအဖွဲ့အစည်းအားလုံးနှင့် ပူးပေါင်း၍ စစ်ကောင်စီ ကို တော်လှန်မည်

ရန်ကုန်၊ ဇူလိုင် ၁

အကြမ်းဖက်စစ်အုပ်စုလက်အောက်တွင် BGF အဖြစ်ရပ်တည်ခဲ့ရသော ကရင်နီ ပြည်လူမျိုးပေါင်းစုပြည် သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) အနေဖြင့် NUG အစိုးရ၊ တော်လှန်ရေးအဖွဲ့အားလုံးနှင့် လက်တွဲသွား၍ စစ်ကောင်စီကို တော်လှန်မည်ဖြစ်ကြောင်း ကလလတမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

ကရင်နီပြည်လူမျိုးပေါင်းစုပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) အဖွဲ့အစည်း အနေဖြင့် ပြည် ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPH)၊ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် အမျိုးသား ညီညွတ်ရေး အစိုးရ(NUG) တို့နှင့် နီးနီးကပ်ကပ် လက်တွဲပြီး တော်လှန်ရေးလုပ်ငန်း တာဝန်များကို ပူးတွဲ လုပ်ဆောင်သွားရန် အဆင်သင့်ဖြစ်နေပြီး အဖိနှိပ်ခံ လူမျိုးပေါင်းစုံပြည်သူများ၊ တိုက်ပွဲဝင်နေကြသော ရဲဘော်များ၊ တိုက်ဖော် တိုက်ဖက်များ၊ မိတ်ဆွေများက တတ်နိုင်သည့်ဘက်မှ ဝိုင်းဝန်း ကူညီပေးကြပါ ရန် မေတ္တာရပ်ခံပါကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ကျနော်တို့အဖွဲ့အစည်းအနေနဲ့ အဖွဲ့အစည်းရဲ့နိုင်ငံရေးအဆင့်နေရာကို အင်မ တန်မှ တန်ဖိုးထားပါ တယ်။ ဘယ်သူနဲ့ မဆို၊ ဘယ်နိုင်ငံရေးပါတီ၊ အဖွဲ့အစည်း နဲ့မဆို နိုင်ငံရေးအရ လွတ်လွတ်လပ်လပ်၊ တန်းတူရည်တူဆက်သွယ် ဆက်ဆံ သွားဖို့ အဆင်သင့်ရှိပါတယ်။ နိုင်ငံရေးပါတီအဖွဲ့အစည်းတိုင်းက ကိုယ်ပိုင် ရွေးချယ် ချမှတ်ထားကြတဲ့ ယုံကြည်ချက်၊ အယူဝါဒ၊ လမ်းစဉ်၊ လုပ်ငန်းစဉ် များကိုလည်း ကျနော်တို့ အဖွဲ့အစည်းက လေးစားတန်ဖိုးထားပါတယ်။ အလားတူ ပါပဲ ကျနော်တို့ အဖွဲ့ အစည်းက ကိုယ်ပိုင်ချမှတ်ထားတဲ့ ကျနော်တို့ အဖွဲ့အစည်းရဲ့ ယုံကြည်ချက်၊ အယူအဆနဲ့လမ်းစဉ်၊ လုပ်ငန်းစဉ် များကိုလည်း အခြားသောအဖွဲ့အစည်းများက လေးစားတန်ဖိုးထားတာကို လိုလား မျှော်လင့်ပါတယ်။ လူမျိုးကြီးငယ်ဝါဒ၊ အဖွဲ့အစည်းကြီး ငယ်ဝါဒ သဘောထား အပြုအမူနဲ့ လုပ်ဆောင်မှုများကို ကျနော်တို့ လုံးဝ မလိုလားပါ၊ လက်မခံပါ၊ ဆန့်ကျင်ပါတယ်။” ဟု ကရင်နီပြည်လူမျိုးပေါင်းစုပြည် သူ့လွတ်မြောက် ရေးတပ်ဦး (ကလလတ) ဗဟိုကော်မတီဝင်တစ်ဦးက ပြောကြားသည်။

ဇွန်လ ၁၃ ရက်နေ့မှစတင်၍ အခြေပြုလှုပ်ရှားနယ်မြေဖြစ်သော ကရင်နီ ပြည်(ကယားပြည်နယ်)၊ သံ လွင်မြစ် အရှေ့ခြမ်းရှိ တောင်လှ၊ မယ်တနွယ်၊ ဘီပီ ၁၄၊ မယ်စဲ့တို့တွင် စတင်ကာတိုက်ခိုက်ကာ သမိုင်း စာမျက်နှာသစ်ကို တရား ဝင်ဖွင့်လှစ်လိုက်ကြောင်း၊ ဗမာပြည်တဝန်းတောင်ပေါ် မြေပြန့်ဒေသ အနှံ့ရှိ အကြမ်းဖက်စစ်အုပ်စုကို တော်လှန်တိုက်ခိုက်နေသည့် အဖွဲ့ အစည်း များ နှင့်အတူ ပြတ်ပြတ် သား သားရပ်တည် တိုက်ခိုက်သွား မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

“စစ်အုပ်စု၊ စစ်အာဏာရှင်စနစ်၊ စစ်အစိုးရနဲ့ ၂၀၀၈ အခြေခံဥပဒေ အကုန် အစင်တိုက်ဖျက်ရေး” ကို ကျ နော်တို့ (ကလလတ) အဖွဲ့အစည်းအနေနဲ့ လတ်တ လော ရည်မှန်းချက်အဖြစ် တိတိကျကျထားရှိကာ အကြမ်းဖက် (စကစ) စစ်အုပ်စု ကို တော်လှန်တိုက်ခိုက်နေကြတဲ့ တောင်ပေါ် မြေပြန့် ဒေသ အနှံ့က မည် သည့်တော်လှန်ရေး အဖွဲ့အစည်းတွေနဲ့မဆို အပြန် အလှန် နားလည်မှု၊ သွေးစည်းညီညွတ်မှု၊ မဟာမိတ် တပ်ပေါင်းစုဖွဲ့စည်းမှုများကို အဆင့်ဆင့်တည်ဆောက်သွားနိုင်ဖို့ အတွက် လည်း စိတ်ရောကိုယ်ပါ အ ဆင်သင့်ရှိနေပါတယ်။ ပေးအပ်လာတဲ့ အခြေအနေ အချက် အလက် များအပေါ်မူတည်ပြီး အကြမ်းဖက် (စကစ) စစ်အုပ်စုကို တော်လှန် တိုက် ခိုက်နေကြတဲ့ တောင်ပေါ်မြေပြန့်ဒေသအနှံ့က မည်သည့်တော် လှန် ရေး အဖွဲ့အစည်းတွေနဲ့မဆို အခြေခံအဆင့်ဖြစ်တဲ့ တိုက်ပွဲဝင် အပြန်အလှန် နားလည်မှုရရှိရေးကနေ အစပြုပြီး၊ အပြန်အလှန်ကူညီကြဖို့၊ သွေးစည်းညီ ညွတ်ကြဖို့နဲ့ မဟာမိတ် တပ်ပေါင်းစုတစ်ရပ် ဖွဲ့စည်း သွားနိုင်ဖို့အထိ မျှော်မှန်း ပြီး ကျနော်တို့ (ကလလတ) အဖွဲ့အစည်း ဘက်က လှိုက်လှိုက်လှဲလှဲ ဆန္ဒရှိ ပါတယ်။ ဖြောင့်မတ်တည်ကြည်စွာ အစဉ်သဖြင့် လက်ကမ်းထားပါတယ်။”ဟု ကရင်နီပြည်လူမျိုး ပေါင်း စု ပြည်သူ့လွတ်မြောက် ရေးတပ်ဦး (ကလလတ) ခေါင်းဆောင်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြောကြားသည်။

အကြမ်းဖက်စစ်အာဏာရှင်စနစ်နှင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ အကုန် အစင်တိုက်ဖျက်ရေးကို ယနေ့ကာလ ခုခံတော်လှန်နေကြသည့် နိုင်ငံရေး အသွေး အရောင်အမျိုးမျိုးကို ကိုယ်စားပြုထားသည့် နိုင်ငံရေးပါတီ အဖွဲ့ အစည်းအားလုံး ၊ တပ်မတော်၊တပ်ဖွဲ့အားလုံး တညီတညွတ်တည်း မြန်မြန် ဆန်ဆန် လက်တွေ့ကျကျ စုပေါင်းအကောင် အထည်ဖော် နိုင်လိမ့် မည်ဟု အလေးအနက်ယုံကြည်ကြောင်း ပြော ဆိုထားသည်။

“စစ်အုပ်စု၊ စစ်အာဏာရှင် စနစ်၊ စစ်အစိုးရနဲ့ ၂၀၀၈ အခြေခံဥပဒေတို့ကို အကုန်အစင် တိုက်ဖျက် ပစ် နိုင်မှသာ ကျနော်တို့ အားလုံးမျှော်မှန်း တောင့် တလိုလားနေကြတဲ့ ဒီမိုကရေစီရေး၊တန်းတူရေးနဲ့ ကိုယ် ပိုင် ပြဋ္ဌာန်းခွင့် အပြည့်အဝရှိတဲ့ ဖက်ဒရယ်ပြည်ထောင်စု (ဝါ) စစ်မှန်တဲ့ပြည်ထောင်စုကို တည်ဆောက် နိုင်ဖို့အတွက် အခြေခံကောင်းတွေ ပေါ်ပေါက်လာနိုင် မှာ လည်း ဖြစ် ပါ တယ်။” ဟု ကရင်နီပြည်လူမျိုး ပေါင်း စု ပြည်သူ့လွတ်မြောက် ရေးတပ် ဦး (ကလလတ) ခေါင်းဆောင်တစ်ဦးက ပြောကြားသည်။

ကရင်နီပြည်လူမျိုး ပေါင်း စု ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) သည်၁၉၇၈ ခုနှစ်တွင် ဖွဲ့ စည်း ခဲ့သော ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)မှ နိုင်ငံရေး ယုံကြည်ချက်၊ အမြင်မတူညီမှု များ ကြောင့် ၁၉၇၈ ခုနှစ် ဇွန်လ ၂၆ ရက်နေ့မှာ ကရင်နီပြည် လူမျိုးပေါင်းစုံပြည်သူ့ လွတ်မြောက်ရေး တပ်ဦး(ကလလတ) အဖြစ် သီးခြားဖွဲ့စည်းရပ်တည်ခဲ့သည်။

၁၉၉၀ ပြည့်နှစ် ဗမာပြည်ကွန်မြူနစ်ပါတီဦးဆောင်မှုဖြင့် လူမျိုးပေါင်းစုံ ပြည်သူ့ ဒီမိုကရေစီတပ်ပေါင်းစု (လပဒတ) ဖွဲ့စည်းရာတွင်လည်း တပ်ပေါင်းစု အဖွဲ့ဝင် အဖွဲ့အစည်းတစ်ရပ်အနေဖြင့် တက်ကြွစွာပါဝင် ခဲ့ပြီး တပ်ပေါင်းစု တာဝန် များကို တပ်ပေါင်းစုအဖွဲ့ဝင်များနှင့်အတူ လက်တွဲကာ ကျေပွန်စွာထမ်းဆောင် ခဲ့ကြောင်း၊ ၁၉၈၈ ခုနှစ် ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံကြီးကနေ မွေးဖွားလာသော မြန်မာနိုင်ငံ လုံးဆိုင်ရာကျောင်းသား များဒီမိုကရက် တစ် တပ်ဦး(ABSDF)၊ လူ့ဘောင်သစ်ဒီမိုကရက် တစ်ပါတီ (DPNS)၊ ဒီမိုကရေစီ ပြည်ချစ်တပ်မတော်(DPA)၊ ဒီမိုကရက် တစ်အမျိုးသားတပ်မတော် (DNA)၊ ပြည်သူ့ လွတ်မြောက်ရေးတပ်ဦး(PLF)အစရှိသည့် အဖွဲ့အစည်းများနှင့်လည်း အပြန်အလှန်ကူညီမှု၊ သွေးစည်းမှု၊ တိုက်ပွဲဝင်ချစ်ကြည် ရင်းနှီးမှုများ အခိုင် အမာ တည်ဆောက်နိုင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် လူမျိုးစုလက်နက်ကိုင်တော်လှန်ရေး ဝါရင့်အဖွဲ့အစည်းကြီး တစ်ရပ် ဖြစ်သည့် ကရင်အမျိုးသား အစည်းအရုံး (KNU) နှင့် ၁၉၉၁ ခုနှစ်၊ မတ်လ ၁၆ ရက်နေ့တွင် စစ်ရေးမဟာမိတ်ဖွဲ့စည်းပြီး ထွီးဖား ဝီး ကျိုး (ခွေးအိပ်တောင်) တိုက်ပွဲ၊ ထီးမိုးခီးတိုက်ပွဲ၊ စောထာ၊ ရာထာ စသည့် တိုက်ပွဲကြီးများတွင် KNU/ KNLA တပ်များနှင့် အတူ ဆင်နွှဲခဲ့ကြောင်း သိရသည်။

ယင်းတိုက်ပွဲများအတွင်း ကျဆုံးခဲ့သော ကလလတမှ ကျဆုံးရဲဘော် အာဇာနည် သူရဲကောင်းများကို ကရင်အမျိုးသား အစည်းအရုံး(KNU)ကို ဦးဆောင်သူ ဗိုလ်ချုပ်ကြီးစောဘိုမြက KNU/KNLA က သူရဲ ကောင်းအာဇာနည်များသဖွယ် အလေးထား အသိအမှတ်ပြု သင်္ဂြိုဟ်ပေးခဲ့သဖြင့် စစ်ရေးမဟာမိတ် ဖွဲ့စည်းခဲ့မှု များကို ယနေ့အချိန်အထိ တန်ဖိုးထားပြီး စွဲမြဲစွာမှတ်တမ်းတင်ထားပါကြောင်း ကလလတ ထုတ်ပြန်ချက်တွင်ဖော်ပြာထားသည်။

ဘုံရန်သူ (နဝတ-နအဖ) စစ်အုပ်စုကို ခုခံတိုက်ခိုက်နေဆဲမှာပင် မဟာမိတ် များ၏ အထွေထွေ အခြေ အနေများ၊ မိမိအဖွဲ့အစည်းရင်ဆိုင်ရသည့် စစ်ရေး ဆိုင်ရာစိန်ခေါ်မှုများစသည့် အကြောင်းအချက် အ မျိုးမျိုးကြောင့် မလွှဲသာ မရှောင်သာ ၁၉၉၄ ခုနှစ်၊ မေလ ၉ ရက်နေ့တွင် (နအဖ) စစ်အစိုးရနှင့် အပစ်အ ခတ်ရပ်စဲခဲ့ရကြောင်း၊ ၁၉၉၄ ခုနှစ်မှ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၃ ရက်နေ့အထိ နှစ် ပေါင်း ၃၀ နီးပါး အပစ်ရပ် ကာလ အတွင်းမှာ တပ်ဖွဲ့ဝင် အင်အားတချို့ နယ်ခြား စောင့်တပ်ဖွဲ့(BGF)အဖြစ် အသွင်ပြောင်းပေးရ သည့် အခြေအနေအထိ သက်ဆင်းကျရောက်သွားခဲ့ရကြောင်း ဆက်လက်ဖော်ပြထားသည်။

ယခုအခါ အကြမ်းဖက်စစ်တပ်လက်အောက်ခံ နယ်ခြားစောင့် တပ်ဖွဲ့ (BGF) ဘဝမှ စစ်အုပ်စုကို ပြန်လည် ခုခံတော်လှန်သည့် တပ်အဖြစ် အောင်မြင်စွာ ပြန်လည်ရုန်းထွက်နိုင်ခဲ့ပြီး ကလလတ အဖွဲ့အစည်း၏ သ မိုင်းစာမျက်နှာ သစ် ကို တော်လှန်သော တိုက်ပွဲနှင့် ပြန်လည် ဖွင့်လှစ်လိုက်ခြင်းဖြစ်ကြောင်း၊ ယခု ဆောင် ရွက်ချက်များသည် ၁၉၇၈ ခုနှစ်မှ ၁၉၉၄ ခုနှစ်အထိ သမိုင်းဂုဏ် သိက္ခာရှိသော (ကလလတ) အဖွဲ့အ စည်း၏ နဂို မူလရပ်တည်ချက်နှင့် လမ်းစဉ်ပေါ်လစီများပေါ်သို့ပြန်လည်တည့်မတ်ဦးတည်ကာ လျှောက် လှမ်း လိုက်သည့် အရေးကြီးသော အလှည့် အပြောင်းတစ်ခုလည်းဖြစ်သည် ယုံကြည် ကြောင်း ပြောကြား သည်။

အပစ်အခတ်ရပ်စဲထားစဉ် ကာလအတွင်း “ညောင်နှစ်ပင်ညီလာခံ” သို့ လေ့လာ သူ အဖြစ် တက်ရောက် ခဲ့ပြီး တိုင်းပြည်နှင့် လူမျိုးပေါင်းစုံ ပြည်သူများ အကျိုးရှေ့ရှုကာ စဉ်းစားသင့်စဉ်းစားထိုက်သော အချက် အလက်များကို တင်ပြခဲ့သော်လည်း (နအဖ) စစ်အုပ်စု၏ ခါးပိုက်ဆောင် အတု အယောင် ညီလာခံက ပယ်ချခြင်းခံခဲ့ရကြောင်း သိရသည်။

ထိုအပြင် ၁၉၉၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ ရွေးချယ်ခံခဲ့ရသော ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်များက ဖွဲ့စည်းခဲ့သည့် ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ(CRPP) ဖွဲ့စည်းသော ကိစ္စရပ်များ၊ နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းနှင့် ဖြေရှင်းရန် တိုက်တွန်းသည့် ကြေညာချက်များကိုလည်း အချိန်အခါ အခြေအနေပေးမှု အပေါ်မူတည်ပြီး အဖွဲ့အစည်း၏ သဘော ထားရပ်တည်ချက်ကို ထုတ်ပြန်တင်ပြခဲ့သည်ဟု ဆိုသည်။

အပစ်အခတ်ရပ်စဲထားစဉ်ကာလအတွင်း ကလလတ အဖွဲ့အစည်းအနေဖြင့် ကရင်နီပြည် (ကယားပြည် နယ်)အတွင်း၌ ကျန်းမာရေး၊ ပညာရေး ဆိုင်ရာ ကိစ္စများကို တတ်နိုင်သည့်အတိုင်းအတာတစ်ခုအထိ ကူညီဖြေရှင်း ပေးခဲ့ ကြောင်း၊ ပြည်သူလူထုက မနှစ်သက်၊ မလိုလားသည့် အပြု အမူတချို့၊ ဖြစ်ရပ် တချို့ ဖြစ်ပွားခဲ့မှုများရှိခဲ့သည်ကို ပွင့်လင်းစွာဝန်ခံပြီး ထိုသို့သော တိမ်းစောင်း မှားယွင်းမှုများအတွက် ပြည်သူ လူထုကို အလေးအနက် ဝန်ချ တောင်းပန် ပါကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ကလလတ အဖွဲ့အစည်းအနေဖြင့် ၂၀၀၈အခြေခံဥပဒေကို တစ်ဖက်မှာ ပြတ်ပြတ် သားသားလက်မခံ ဆန့်ကျင်ပြီး အခြားတစ်ဖက်တွင်လည်း တိုင်းပြည်တဝန်းရှိ ပြည်သူများကလိုလားသော ဒေါ်အောင် ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD)အတွက် တတ်နိုင်သည့်နည်းလမ်း များ ဖြင့် ဝန်းရံခြင်းကို ပျက်ကွက်မှုမရှိခဲ့ကြောင်း၊ ၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁ ရက်နေ့တွင် အကြမ်းဖက် (စကစ) စစ်အုပ်စုက အာဏာလောဘကို ဟန်မ ဆောင် နိုင်တော့ပဲ ပြောင်ပြောင်းတင်းတင်းပဲ အာဏာ သိမ်းပိုက်လိုက်သည့် အခါ၌လည်း နေရာမျိုးစုံ၊ အနေအထားမျိုးစုံမှ (အတိအလင်းနဲ့သိုသိုသိပ်သိပ်) တတ်နိုင်သည့် နည်းလမ်းဖြင့် ပါဝင်ကူညီ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article