26 C
Yangon

စစ်ရာဇဝတ်မှု ကျူးလွန်နေသည့် စစ်ကောင်စီကို တိုက်ခိုက်ချေမှုန်းနေသော တော်လှန်ရေး အဖွဲ့များအား ပြည်သူတစ်ရပ်လုံးက တက်ကြွစွာ ပူးပေါင်းပေးကြရန် မြောက်ပိုင်းညီနောင် မဟာမိတ် ၃ ဖွဲ့ ပူးတွဲ ထုတ်ပြန်

Must read

စစ်ရာဇဝတ်မှု ကျူးလွန်နေသည့် စစ်ကောင်စီကို တိုက်ခိုက်ချေမှုန်းနေသော တော်လှန်ရေး အဖွဲ့များအား ပြည်သူတစ်ရပ်လုံးက တက်ကြွစွာ ပူးပေါင်းပေးကြရန် မြောက်ပိုင်းညီနောင် မဟာမိတ် ၃ ဖွဲ့ ပူးတွဲ ထုတ်ပြန်

ရန်ကုန်၊ ဇူလိုင် ၂

စစ်ရာဇဝတ်မှု ကျူးလွန်နေသော အကြမ်းဖက် စစ်ကောင်စီကို တိုက်ခိုက် ချေမှုန်းနေသည့် တော်လှန်ရေးအဖွဲ့ အစည်းများအား ပြည်သူလူထု တစ်ရပ်လုံးက အတူတကွတက်ကြွစွာ ပူးပေါင်းဆောင်ရွက်ကြရန် မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့က ပူးတွဲ သဘောထား ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

ဒေသတည်ငြိမ်အေးချမ်းရေးနှင့် ပြည်သူလူထုတစ်ရပ်လုံး၏ အသက်အိုးအိမ်စည်းစိမ်များကို ကာကွယ် စောင့်ရှောက်ရေးဟူသည့် မွန်မြတ်သော တာဝန်ဝတ္တရားကို ကျေပွန်စွာထမ်းဆောင်ရန်အတွက် ညီနောင် မဟာမိတ် ၃ ဖွဲ့အနေဖြင့် မိမိတို့ထိန်းချုပ်နယ်မြေများနှင့် လှုပ်ရှားနယ်မြေများအတွင်း၌ အကြမ်းဖက် တိုက်ဖျက်ရေးနှင့် ရာဇဝတ်မှုကျူးလွန်သည့် လုပ်ရပ်များအား ချေမှုန်းရေးလုပ်ငန်းများကို ပိုမိုတိုးတက် ကောင်းမွန်ရန်အတွက် တက်တက်ကြွကြွပူးပေါင်းဆောင်ရွက်နိုင်ရန် သဘောထားထုတ်ပြန်ခြင်းဖြစ် ကြောင်း သိရှိရသည်။

ဒေသတွင်းတည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေးနှင့် သူတစ်ပါး၏ အသက်အိုးအိမ်စည်းစိမ်များကို ထိခိုက်စေ နိုင်သော မည်သည့်အကြမ်းဖက်လုပ်များနှင့် ကျူးလွန်များကို မည်သည့်အခါတွင်မျှ အားမပေးပဲတားဆီး ကာ တိုက်ဖျက်ချေမှုန်းသွားမည်ဖြစ်ကြောင်း၊ ရာဇဝတ်မှုကျူးလွန်သည့် လုပ်ရပ်များနှင့် ပတ်သက်သော ပစ္စည်းဥစ္စာများကို ဥပဒေနှင်အညီ ထိန်းသိမ်းပြီးစစ်ဆေးကာ နည်းမှန်လမ်းမှန်အရေးယူသွားမည်ဖြစ် ကြောင်း သိရသည်။

နိုင်ငံတကာမှ လာရောက်ရင်းနှီးမြှုပ်နှံသော စီမံကိန်းများအား နှောက်ယှက်ဖျက်ဆီးသူများ၊ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ သို့မဟုတ် ပုဂ္ဂိုလ်များအပေါ် အနှောက်အယှက်ပေးခြင်း၊ ဆက်ကြေးတောင်းခြင်း စသည့် ပြစ်မှုကျူးလွန်သူ မည်သူမဆို ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန် ချက်တွင်ဖော်ပြထားသည်။

ထို့အပြင် အကြမ်းဖက်လုပ်ရပ်များအား ကျူးလွန်သူများ၊ ရာဇဝတ်မှုကျူးလွန်သူများအား အကာအ ကွယ် ပေးသူများ၊ လူကုန်ကူးခြင်းနှင့်အတင်းအဓမ္မလုပ်အားခိုင်းစေခြင်းများကို ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားမည်ဟု ဆိုသည်။

အကြမ်းဖက်လုပ်ရပ်များအား ကျူးလွန်သူများကို တွေ့ရှိပါက အျိန်မီ သတင်းပေးပို့ကြပါရန်နှင့် မြန်မာ ပြည်သူလူထုတစ်ရပ်လုံးနှင့် မိမိတို့တော်လှန်ရေးအဖွဲ့အစည်းများအပေါ် အားပေးထောက်ခံ ကြသူ များ အနေဖြင့် ကမ္ဘာ့ငြိမ်းချမ်းရေး ၊ အကြမ်းဖက်တိုက်ဖျက်ရေးနှင့် ရာဇဝတ်မှုကျူးလွန်သည့်လုပ် ရပ်များ အားချေမှုန်းရေးလုပ်ငန်းတွင် အတူတကွတက်ကြွစွာ ပူးပေါင်းဆောင်ရွက်ပေးကြပါရန် မြောက်ပိုင်း ညီနောင်မဟာ မိတ် ၃ ဖွဲ့က ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article