ကရင်နီပြည်နယ် အတွက် လိုအပ်နေသည့် ကိန္နရာ ခွဲစိတ် ဆေးရုံ တည်ဆောက်ရန် ကမ်ပိန်း ပြုလုပ်
ရန်ကုန်၊ ဇူလိုင် ၂
ကရင်နီပြည်နယ် အတွက် လိုအပ်နေသည့် ကိန္နရာ ခွဲစိတ် ဆေးရုံ တည်ဆောက်ရန် ကမ်ပိန်း ပြုလုပ်လျက်ရှိကြောင်း သိရသည်။
ခွဲစိတ်ဆေးရုံသည် စစ်တပ် စစ်ကြောင်းထိုးသော အများဆုံး နေရာများထဲမှ တစ်ခုတွင် ဗျုဟာကျကျ စီစစ်တည်ဆောက်မည် ဖြစ်ပြီး မည်သည့် အတွက်ကြောင့် တည်ဆောက်ရမည်ဆိုသည်မှာ တိုက်ပွဲ အတွင်း တော်လှန်ရေး တပ်ဖွဲ့မှလည်း ထိခိုက်မှုများ မလွဲမသေရှိနိုင်ပြီး ခွဲစိတ်ဆေးရုံ အလှမ်းဝေးသောကြောင့် မလိုလားအပ်သည့် ခရီးလမ်းဝေးခြင်း၊ အချိန်ကြာခြင်း၊ လမ်းကြမ်းခြင်း၊ တိုက်ပွဲ ပြင်းထန်နေသည့် နေရာများ ဖြတ်ရခြင်းကြောင့် တော်လှန်ရေး ရဲဘော်အချို့ ကျဆုံးမှု ရှိကြောင်း သိရသည်။
ယင်းသို့ မလိုလားအပ်သော ကျဆုံးမှုများ ထပ်မံမဖြစ်ပေါ်စေရန် အကောင်းဆုံးသော ဘက်ပေါင်းစုံမှ တွေးတောကြံဆပြီး လိုအပ်သလို အကြိမ်ကြိမ် ကွင်းဆင်းကာ ကယ်ဆယ်နိုင်ရန် ခွဲစိတ်ဆေးရုံတစ်ခုတည်ဆောက်ပေးခြင်းသည် အကောင်းဆုံး အဖြေဖြစ်ကြောင်း သိရှိရသည်။
Target Amount : ကျပ်သိန်း ၂၅၀၀
Duration : 1st, July ~ 15th July
www.wlmf.org ကနေတဆင့် ပါဝင်နိုင်ကြပါပြီ။
ဒီလင့်ခ်ကတဆင့် သက်ဆိုင်ရာ နိုင်ငံအလိုက် Fund Raiser ကြီးများကတဆင့် တိုက်ရိုက်ဆက်သွယ်ပြီး မိမိ တတ်နိုင်တဲ့ ပမာဏကို ထည့်ဝင်ရင်း ခွဲစိတ်ဆေးရုံတည်ဆောက်ပေးကြပါစို့နော်။
နိုင်ငံတကာ တာဝန်ခံများဆီ ငွေထည့်ဝင်ပြီးတာနဲ့ ဂုဏ်ပြုမှတ်တမ်းများကို ချက်ချင်းပြန်လည်ပေးပို့သွားမှာပဲဖြစ်ပါတယ်။ ဂုဏ်ပြုမှတ်တမ်းမှာပါတဲ့ “QR Code” ကို scan ဖတ်လိုက်တာနဲ့ မှတ်တမ်းနံပါတ် မှန်၊ မမှန်ကို တိုက်ဆိုင်စစ်ဆေးနိုင်ပါတယ်နော်..
အရေးကြီးပြီး အလျင်လိုနေတဲ့ ပ.ရော.ဂျက်တစ်ခုဖြစ်တာမို့ အားလုံးရဲ့အားတွေနဲ့ ပံ့ပိုးမှူတွေကို လျင်လျင်မြန်မြန် ပံ့ပိုးပေးကြရအောင်ပါလို့..
အထူးကြေညာချက်အဖြစ် “The PDF Game” ဖက်ကနေ က.လစ်ကာများကလဲ (၂) ပတ်အတွင်း အပြိုင် challenge လုပ်ပေးနိုင်ကြပါပြီ။