37 C
Yangon

ရွှေဘိုမြို့ပေါ်မှ စျေးဝယ်ပြီး ပြန်လာသည့် ပျူစေားထီးများ ပစ်ခတ်ခံရပြီး ၃ ဦးသေဆုံးကာ ရိက္ခာနှင့် လက်နက်များပါ သိမ်းဆည်း ရရှိ

Must read

ရွှေဘိုမြို့ပေါ်မှ စျေးဝယ်ပြီး ပြန်လာသည့် ပျူစေားထီးများ ပစ်ခတ်ခံရပြီး ၃ ဦးသေဆုံးကာ ရိက္ခာနှင့် လက်နက်များပါ သိမ်းဆည်း ရရှိ

ရန်ကုန်၊ ဇူလိုင် ၂

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ပေါ်မှ စျေးဝယ်ပြီး ပြန်လာသည့် ပျူစေားထီးများ ပစ်ခတ်ခံရပြီး ၃ ဦးသေဆုံးကာ ရိက္ခာနှင့် လက်နက်များပါ သိမ်းဆည်း ရရှိခဲ့ကြောင်း ဗိုလ်ကျားရိုင်း – ရွှေဘို LPDF အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇူလိုင်လ ၁ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်ခန့်တွင် ရွှေဘိုမြို့နယ်၊ တည်သီးတောရွာနှင့် မင်းဘေးရွာရှိ စစ်သားနှင့် ပျူစောထီးများ အတွက် ရွှေဘိုမြို့ပေါ်မှ ရိက္ခာဝယ်ပြီးပြန်လာသည့် မင်းဘေးရွာမှ လက်နတ်ကိုင် ပျူစောထီး ၃ ဦးဖြစ်သည့် ကောင်မင်းသက်ခိုင်၊ အေးချမ်းအောင်၊ နီတွတ်တို့ကို ဂျိုးမြေဇင်း အနီးတွင် တော်လှန်ရေး တပ်ဖွဲ့များက စောင့်ကြို ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ၃ ဦးလုံးသေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသွားသော ပျူစောထီးများထံမှ ၉ လုံး ပြောင်းချော သေနတ် ၂ လက်၊ နာနတ်သီး လက်ပစ်ဗုံး ၂ လုံးနှင့် ပျူစောထီးများ သယ်‌ဆောင်လာ‌သော အရက်ဖာ၊ ဘီယာဖာနှင့် ရိက္ခာများကို သိမ်းဆည်း ရမိခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ဗိုလ်ကျားရိုင်း – ရွှေဘို (LPDF) အဖွဲ့နှင့်အတူ၊ ကျားပျံလူငယ်အဖွဲ့ ၊ ဗိုလ်ဂျပန်ကြီး – SHWEBO LPDF၊Golden Eagle – ZBG (LPDF)၊ တောင်သူကြီးများအဖွဲ့- LDF၊ရွှေဘိုမြို့နယ် တိုက်နယ်-၂ မဟာမိတ်ညီနောင်များမှ ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း ဗိုလ်ကျားရိုင်း – ရွှေဘို (LPDF) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article