37 C
Yangon

မုံရွာရှိ လင်းပိုးကျေးရွာကို စစ်တပ်က ဝင်ရောက် စီးနင်းပြီး ဈေးဆိုင်များမှ ငွေကျပ် သိန်း ၁၆၀ ကျော်ရှိ ပြည်သူပိုင်ပစ္စည်းများ ခိုးယူသွားကာ ခြိမ်းခြောက်စာများ ရေးသားခဲ့

Must read

မုံရွာရှိ လင်းပိုးကျေးရွာကို စစ်တပ်က ဝင်ရောက် စီးနင်းပြီး ဈေးဆိုင်များမှ ငွေကျပ် သိန်း ၁၆၀ ကျော်ရှိ ပြည်သူပိုင်ပစ္စည်းများ ခိုးယူသွားကာ ခြိမ်းခြောက်စာများ ရေးသားခဲ့

ရန်ကုန်၊ ဇူလိုင် ၂

စစ်ကိုင်းတိုင်း၊ မုံရွာရှိ လင်းပိုးကျေးရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် စီးနင်းပြီး ဈေးဆိုင်များမှ ငွေကျပ် သိန်း ၁၆၀ ကျော်ရှိ ပြည်သူပိုင်ပစ္စည်းများ ခိုးယူသွားကာ ခြိမ်းခြောက်စာများ ရေးသားခဲ့ကြောင်း မုံရွာ-အမြင့်လမ်း သတင်းမှန်ပြန်ကြားရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ ဇူလိုင်လ ၂ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်က လင်းပိုးကျေးရွာကို ဝင်ရောက် စီးနင်းပြီး စျေးဆိုင်များမှ သိန်း ၁၆၀ ကျော် တန်ဖိုးရှိ ပြည်သူပိုင် ပစ္စည်းများကို ခိုးယူသွားကြောင်းသိရသည်။

အကြမ်းဖက် စစ်တပ်သည် ကျပ် သိန်း ၆၀ ခန့်တန် ဓာတ်ဆီ ပေပါ ၁၂ လုံး၊ တန်ဖိုး သိန်း ၁၀၀ ခန့်ရှိ စားသုံးဆီပုံးများ၊ တီဗွီတစ်လုံး၊ ဘတ္ထရီအိုးကြီးတစ်လုံး၊ ဖိနပ်များ၊ Aircooler တစ်လုံးနှင့် စျေးဆိုင်များရှိ မုန့်၊အအေးဗူး၊ ဘီယာဘူးများ၊ ကျောင်သားသုံးကျောပိုးအိတ်ပါမကျန် အကုန် ခိုးယူသွားခြင်းဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် အကြမ်းဖက် စစ်တပ်သည် လင်းပိုးကျေးရွာ၏ လက်ဖက်ရည်ဆိုင်တစ်ဆိုင်တွင်လည်း ပြည်သူများကို ခြိမ်းခြောက်သည့်စာများ ၊ တော်လှန်ရေးရဲဘော်များနှင့် ပြည်သူများကို သွေးခွဲသည့် စာများကိုလည်း ရေးသားခဲ့သေးကြောင်း၊ အကြမ်းဖက်စစ်တပ်၏ စစ်ကြောင်းထိုး ဝင်ရောက်မှုကြောင့် ညောင်ပင်သာ၊ လင်းပိုး၊ လင်းပင်ဝ ၊ မအူ၊ ရွှေစုံ စသည့် ရွာများမှ ပြည်သူများ ထွက်ပြေးခဲ့ရကြောင်း ဒေသပြည်သူများက ပြောကြားသည်။

“ညောင်ပင်သာ၊ လင်းပိုး ၊ လင်းပင်ဝ၊ မအူ၊ ရွှေစုံ ၅ ရွာလောက် ပြေးရတယ်။ နေ့လယ် ၁၁ ခွဲလောက်က ပြေးကြတာ။ ညနေ ရွာပြန်ဝင်ကြပါတယ်။ ဖမ်းခံရတဲ့ လူတော့ မရှိဘူးဗျ” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောကြားသည်။

အကြမ်းဖက် စစ်တပ်သည် အင်အား ၆၀ ခန့်ဖြင့် မုံရွာမြို့အဝင်မုခ်ပေါက် မအူဂိတ်မှ အနောက်သို့ တောလမ်းအတိုင်းဆင်းလာပြီး လင်းပိုးကျေးရွာအတွင်း ဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး Faw ကားကြီး နှစ်စီးနှင့် ပြည်သူများ၏ ပစ္စည်းများကို တင်ဆောင်၍ မအူဂိတ်သို့ ညနေ ၃ နာရီ ၄၀ မိနစ်တွင် ပြန်ဝင်သွားကြောင်း မုံရွာ-အမြင့်လမ်း သတင်းမှန်ပြန်ကြားရေးအဖွဲ့ထံမှ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article