32 C
Yangon

ပြင်သစ်ဘဏ် ၅ ခုနှင့် ပင်စင်ရန်ပုံငွေတစ်ခုက မြန်မာစစ်အုပ်စုလက်အောက်ရှိ လုပ်ငန်းများတွင် ဒေါ်လာ ၆ ဘီလီယံ ရင်းနှီးမြှုပ်နှံထား ပြီး ပြင်သစ်အစိုးရ အနေ ဖြင့် ချက်ချင်းအရေးယူဆောင်ရွက်ရန် တောင်းဆို

Must read

ပြင်သစ်ဘဏ် ၅ ခုနှင့် ပင်စင်ရန်ပုံငွေတစ်ခုက မြန်မာစစ်အုပ်စုလက်အောက်ရှိ လုပ်ငန်းများတွင် ဒေါ်လာ ၆ ဘီလီယံ ရင်းနှီးမြှုပ်နှံထား ပြီး ပြင်သစ်အစိုးရ အနေ ဖြင့် ချက်ချင်းအရေးယူဆောင်ရွက်ရန် တောင်းဆို

ရန်ကုန်၊ ဇူလိုင် ၇

ပြင်သစ်နိုင်ငံမှ ဘဏ် ၅ ခု နှင့် ပင်စင်ရံပုံငွေအဖွဲ့အစည်းတစ်ခုတို့သည် မြန်မာ စစ်အုပ်စုလက်အောက်ရှိ လုပ်ငန်းများတွင် ဒေါ်လာ ၆ ဘီလီယံ ရင်းနှီးမြှုပ်နှံထား သဖြင့် ရင်းနှီးမြှုပ်နှံထားသူများကို ပြင်သစ်အစိုးရက ချက်ချင်းအရေးယူဆောင်ရွက်ရန် Justice for Myanmar နှင့် မိတ်ဖက်အဖွဲ့ ၂ ခုတို့က အစီရင် ခံစာ ထုတ်ပြန်တိုက် တွန်းလိုက်သည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းရန် ကြိုးပမ်းထားသည့် ၂ နှစ်ကျော်ကာလ၊ စစ်ကောင်စီလက်အောက်ခံလုပ်ငန်းများတွင် ပြင်သစ်တို့၏ ရင်းနှီးမြှုပ်နှံမှု များအကြောင်း Justice For Myanmar နှင့် BankTrack တို့က ထုတ်ပြန် တောင်းဆိုလိုက်ခြင်းဖြစ်သည်။

အာဏာသိမ်းမှု ၂ နှစ်ကြာလာချိန်တွင် မြန်မာစစ်အုပ်စုနှင့် ဆက်နွှယ်သည့် ပြင်သစ် ကုမ္ပဏီ ၂၂ ခုတို့က မြန်မာနိုင်ငံအတွင်း ဆက်လက် ရင်းနှီးမြှုပ် နှံနေကြကြောင်း၊ စစ်အုပ်စုက စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူး လွန်သည့် ရာဇဝတ်မှုများကို ကျူးလွန်နေကြောင်း JFM က ထောက်ပြသည်။

ပြင်သစ်ဘဏ် ၅ ခုဖြစ်သည့် Crédit Agricole၊ La Banque Postale၊ BPCE Group၊ BNP Paribas၊ Société Générale နှင့် Fonds de Réserve တို့၏ ရင်းနှီးမြှုပ်နှံမှုသည် အမေရိကန်ဒေါ်လာ ၆ ဘီလီယံ ပမာဏာရှိပြီး ထိုပမာဏ ၏ ၇၅ ရာခိုင်နှုန်းသည် ရုပ်ကြွင်းလောင်စာ ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံ ထား ကြောင်း ဖော်ထုတ်ထားသည်။

ထို့ပြင် စစ်အုပ်စု၏ စောင့်ကြည့်ထောက်လှမ်းရေးစွမ်းရည်ကို မြှင့်တင် ပေး သည့် ဆက်သွယ်ရေးနည်းပညာကဏ္ဍတွင် Credit Agricole ဘဏ်က အမေရိ ကန် ဒေါ်လာ ၄ ဘီလီယံ ရင်းနှီးမြှုပ်နှံပြီး ရင်းနှီးမြှုပ်နှံမှုအများစုကို ပိုင်ဆိုင် ထားကြောင်း သိရှိရသည်။

ပြင်သစ် Crédit Agricole ဘဏ် သည် ၂၀၂၁ ခုနှစ် အာဏာသိမ်းကြိုးပမ်းမှု စချိန်က တည်းက မြန်မာစစ်အုပ်စုဆီ စစ်လက်နက်ပစ္စည်းများရောင်းချမှုတွင် ပါဝင် ပတ်သက်နေသည့် အိန္ဒိယနိုင်ငံ၏ နိုင်ငံပိုင် Bharat Electronics Limited (BEL) တွင် ရင်းနှီးမြှုပ်နှံထားကြောင်း၊ BEL သည် Thalès Group ၏ ဦးဆောင်မိတ်ဖက်ကုမ္ပဏီလည်းဖြစ်ကြောင်း သိရှိရသည်။

ယခုတွေ့ရှိချက်များကို ပြင်သစ်-အိန္ဒိယ မိတ်ဖက်ဆက်ဆံရေး ၂၅ နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနား၏ အစိတ်အပိုင်းအနေဖြင့် ပါရီမြို့တွင် ကျင်းပမည့် ဇူလိုင် ၁၄ ရက် Bastille Day စစ်ရေးပြအခမ်းအနား တွင် အိန္ဒိယ၀န်ကြီးချုပ် Narendra Modi ကို ဂုဏ်ပြုဧည့်သည် အဖြစ် ကြိုဆို ရန် ပြင်ဆင်နေချိန်တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

စစ်အုပ်စုထံ စစ်လက်နက်နှင့် နည်းပညာရောက်ရှိစေရေး ပြင်သစ်အဖွဲ့ အစည်း များ က ငွေကြေးကူညီ နေခြင်းကို ကာကွယ်တားဆီးရန် ယခုတွေ့ရှိ ချက် များ အရ ပြင်သစ်ရင်းနှီးမြုပ်နှံမှုများနှင့် အိန္ဒိယကာကွယ်ရေးဆိုင်ရာ ပစ္စည်းများ ထုတ်လုပ်သူများအကြား မိတ်ဖက်ဆောင်ရွက်မှုများကို အသေးစိတ် စစ်ဆေး စုံစမ်းသင့်ကြောင်း JFM က ပြောသည်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူး ကိုယ်စားလှယ် Tom Andrews မကြာသေးမီက ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတွင် ပါရှိသည့် စစ်တပ်၏ မိတ်ဖက် Sinotruk Hong Kong Ltd တွင် လည်း ပြင်သစ် Crédit Agricole က ရင်းနှီးမြှုပ်နှံထားကြောင်း၊ Crédit Agricole၊ Groupe BPCE၊ BNP Paribas၊ Banque Postale နှင့် Fonds de Réserve pour les retraites တို့က ဂျပန်ကုမ္ပဏီ KDDI နှင့် ၎င်း၏ မိတ်ဖက် Sumitomo ကော်ပိုရေးရှင်းတို့ တွင်လည်း ရှယ်ယာများ ပိုင်ဆိုင်ထားကြောင်း၊ ဆက်သွယ်ရေးကဏ္ဍမှ အဆိုပါ ကုမ္ပဏီများသည် မြန်မာ့စာတိုက်နှင့် ဆက်သွယ်ရေးလုပ်ငန်း (MPT) နှင့် ၎င်းတို့ ၏ ဖက်စပ်လုပ်ငန်းများမှ တဆင့် စစ်အုပ်စုနှင့် စီးပွားရေး ဆက်လက် လုပ်ဆောင်နေပြီး၊ စစ်အုပ်စု၏ စောင့်ကြည့်ထောက်လှမ်းရေး စွမ်းရည်ကို ပံ့ပိုးကူညီနေပါသည်။

အစီရင်ခံစာတွင် အဆိုပါဘဏ် ၅ ခုနှင့် ပင်စင်ရံပုံငွေအဖွဲ့အစည်းတစ်ခုတို့ အနေ ဖြင့် ပြင်သစ်နိုင်ငံ၏ 2017 Duty of Care Law နှင့် စီးပွားရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ နိုင်ငံတကာစံနှုန်းများအရ ၎င်းတို့၏တာဝန်ဝတ္တရားများ ကို လိုက်နာလုပ်ဆောင်ကြရန် တောင်းဆိုကြောင်း၊ ပြင်သစ်အစိုးရ အနေဖြင့် မြန်မာစစ်တပ်နှင့် ဆက်နွှယ်သည့် ကုမ္ပဏီများတွင် ပင်စင်ရံပုံငွေအဖွဲ့စည်းက ရင်းနှီးမြှပ်နှံမှု မရှိစေရန် ဆောင်ရွက်ရန် တိုက်တွန်းထားကြောင်း သိရှိရသည်။

Info Birmanie ၏ ညှိနှိုင်းရေးမှူးက “အထူးသဖြင့် Crédit Agricole အနေနဲ့ စစ်အုပ်စုဆီ လက်နက်ရောင်းချမှုတွေကြောင့် နော်ဝေအချုပ်အခြာရံပုံငွေ အဖွဲ့ အစည်းတစ်ရပ်ဖြစ်တဲ့ Norges Bank Investment Management က ရင်းနှီး မြှုပ်နှံမှုတွေ နုတ်ထွက်ထားတဲ့ အိန္ဒိယစစ်လက်နက် ထုတ်လုပ်ရေးကုမ္ပဏီ Bharat Electronics Limited က ရင်းနှီးမြှုပ်နှံမှုတွေကို ရုပ်သိမ်း နုတ်ထွက်တာ မြန်မြန်တွေ့ချင်ပါတယ်။“ ဟု သုံးသပ်ပြောဆိုသည်။

JFM မှ ပြောခွင့်ရပုဂ္ဂိုလ် မရတနာမောင်က ပြင်သစ်ဘဏ်များနှင့် ငွေရေး ကြေးရေးအဖွဲ့များအနေဖြင့် မြန်မာစစ်အုပ်စုထံသို့ လက်နက်များ စီးဝင်နေမှုကို တားဆီးရန် သုံးသပ်ပြောဆိုသည်။

Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “ပြင်သစ် ဘဏ် တွေနဲ့ ပင်စင်ရန်ပုံငွေ အဖွဲ့အစည်းတစ်ခုအနေနဲ့ မြန်မာပြည်သူ တွေ အပေါ် ရက်စက်ကြမ်းကြုတ်တဲ့ ရာဇ၀တ်မှုတွေကို အပြစ်ပေး အရေးယူခံရခြင်း ကင်းလွတ်စွာနဲ့ ကျူးလွန်နေတဲ့ မြန်မာစစ်အုပ်စုနဲ့ စီးပွားရေးဆက်နွှယ်မှုရှိတဲ့ ကုမ္ပဏီတွေမှာ ရင်းနှီးမြှုပ်နှံမှုတွေ ဆက်လုပ်ဆောင်နေတာက လက်ခံ နိုင်ဖွယ် မရှိပါဘူး။ အဲ့ဒီဘဏ်တွေအနေနဲ့ စစ်အုပ်စုကို ပံ့ပိုးကူညီနေတာမျိုးမဖြစ်အောင် အခုချက်ချင်း အရေးယူဆောင်ရွက်ရပါမယ်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံ ဖြစ်တဲ့ ပြင်သစ်နိုင်ငံအနေနဲ့ အိန္ဒိယနိုင်ငံက အပါအဝင် မြန်မာစစ်အုပ်စုဆီ လက်နက်စီးဝင် ရောက်ရှိမှုကို တားဆီးဖို့ ခိုင်ခိုင်မာမာ ရပ်တည် ဖို့၊ စစ်အုပ်စုထံ ကမ္ဘာလုံးဆိုင်ရာစစ်လက်နက်ရောင်းချမှုပိတ်ပင်ရေး ပြဌာန်းနိုင်ရေး တွန်းအားပေးလုပ်ဆောင်ဖို့ တောင်းဆိုပါတယ်” ဟု ပြောကြားသည်။

အစီရင်ခံစာ ထုတ်ပြန်သော BankTrack မှ Henrieke Butijn ကမူ “လွန်ခဲ့တဲ့ နှစ်နှစ်လောက်က သူတို့ရဲ့ ရင်းနှီးမြုပ်နှံမှုတွေအကြောင်း ဖော်ထုတ်ပြီး နောက် မှာ တောင် ဒီဘဏ်တွေ ဟာ မြန်မာစစ်အုပ်စုနဲ့ ဆက်နွှယ်နေတဲ့ ကုမ္ပဏီ တွေနဲ့ အဆက်အသွယ်ဖြတ်ဖို့ လုံလောက်တဲ့ အရေးယူမှု မလုပ်သေးတာ ဒေါသထွက် စရာပါပဲ။ ဒီနှစ်နှစ်တာအတွင်းမှာ စစ်အုပ်စုက ပြည်သူတွေ အပေါ် အကြမ်း ဖက် ဖို့အတွက် ရုပ်ကြွင်းလောင်စာတွေက ရရှိတဲ့ အခွန်ဝင်ငွေတွေနဲ့ Bharat Electronics တို့လို ကုမ္ပဏီတွေထံက ထုတ်ကုန်တွေကို အသုံးပြုခွင့် ရရှိခဲ့တာ ဖြစ်ပါတယ်။ ပြင်သစ်ဘဏ္ဍာရေးအဖွဲ့အစည်း ၅ ခုအနေနဲ့ ၎င်းတို့ရဲ့ ရင်းနှီးမြှပ်နှံ မှု တွေနဲ့ပတ်သက်ပြီး အရေးယူ ဆောင်ရွက်ဖွယ်တွေကို လုပ်ဆောင်ဖို့ ပျက် ကွက်ခြင်းဟာ OECD နဲ့ UNGPs လမ်းညွှန်ချက်တွေကို ချိုးဖောက်ရုံသာမက၊ မြန်မာပြည်သူတွေအပေါ်သစ္စာဖောက်နေကြတာ ဖြစ်ပါတယ်”ဟု ပြောကြား ခဲ့ပါသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article