29 C
Yangon

ရေးမြို့နယ်ရှိ မလွဲတောင်တံတား လုံခြုံရေး စစ်တပ် စခန်းကုန်းကို KNLA၊ PDF တပ်များက တိုက်ခိုက်သိမ်းပိုက်မှု ခဲယမ်းအချို့ ရရှိခဲ့ ပြီး စစ်တပ်စခန်းကို မီးရှို့ ရှင်းလင်း၊ စစ်သားများ ထွက်ပြေးကြ

Must read

ရေးမြို့နယ်ရှိ မလွဲတောင်တံတား လုံခြုံရေး စစ်တပ် စခန်းကုန်းကို KNLA၊ PDF တပ်များက တိုက်ခိုက်သိမ်းပိုက်မှု ခဲယမ်းအချို့ ရရှိခဲ့ ပြီး စစ်တပ်စခန်းကို မီးရှို့ ရှင်းလင်း၊ စစ်သားများ ထွက်ပြေးကြ

ရန်ကုန်၊ ဇူလိုင် ၇

မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ စစ်ကောင်စီတပ်၏ မလွဲတောင်တံတား နှင့် ဆက် သွယ်ရေးတာဝါတိုင်လုံခြုံရေးယူထားသည့် စခန်းကုန်းကို KNLA၊ PDF ပူးပေါင်း တပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ရာ ခဲယမ်းအချို့သိမ်းပိုက်ရရှိခဲ့ပြီး စစ်တပ်စခန်း ကို မီးရှို့ ရှင်းလင်းလိုက်ကြောင်း ဒုစစ်ဒေသခွဲမှူးရုံး၊ အမှတ် ၃ စစ်ဒေသခွဲ၊ တောင်ပိုင်းတိုင်း၊ J.O.Cမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

ဇူလိုင်လ ၆ ရက်နေ့ ည ၁၀ နာရီ ၅၀ မိနစ်ခန့်အချိန် မလွဲတောင်တံတားနှင့် ဆက်သွယ်ရေးတာဝါတိုင် လုံခြုံရေးယူထားသည့် စစ်ကောင်စီ KNLA တပ်ရင်း ၂၇ တပ်ခွဲ ၂ နဲ့ PDF ပူးပေါင်းတပ်ဖွဲ့ဝင်များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ ကြောင်း သိရှိရသည်။

“ဒီစစ်စခန်းဟာ အမှတ် ၈ ပြည်ထောင်စုလမ်းမကြီး ရေး-ထားဝယ်လမ်းပိုင်း ၁၄ မိုင်အနီးတည်ရှိပြီး အကြမ်းဖက်စစ်တပ်လက်အောက်ခံ ခမရ ၅၉၁ က ဗိုလ်နေ လင်း ထွန်း ဦးစီးတဲ့ အဖွဲ့က အကြမ်းဖက်စစ်အုပ်စုရဲ့ ဆက်သွယ်ရေးတာဝါ တိုင်နဲ့ မလွဲတောင်တံတားကို လုံခြုံရေးရယူထားတဲ့ စခန်းကုန်းဖြစ်ပါတယ်။ ပူးပေါင်းတပ်ဖွဲ့ဝင်တွေ ဝင်ရောက်တိုက်ခိုက်ချိန် ရန်သူစစ်သားတွေ စခန်းကို စွန့်ခွာထွက်ပြေးခဲ့ကြတာကြောင့် စခန်းတွင်းဝင်ရောက်ရှင်းလင်းခဲ့ပြီး မီးရှို့ ဖျက်ဆီးနိုင်ခဲ့တာဖြစ်ပါတယ်” စစ်ဒေသခွဲမှူးရုံး၊ အမှတ် ၃ စစ်ဒေသခွဲ၊ တောင် ပိုင်းတိုင်း၊ J.O.Cမှ တာဝန်ရှိသူက ပြောသည်။

စစ်တပ်စခန်းမှ ရှေ့ထွက်မိုင်း ၃ လုံး၊ MA မဂ္ဂဇင်း ၁၀ ချပ်၊ ကက်သီး ၁၈ လုံး၊ ၅.၅၆ ကျည် ၂၁၈ ​တောင့်၊ ၄၀မမ ဗုံးသီးကျည် ၂၀ လုံး၊ လက်ပစ်ဗုံး ၂၀ လုံး နှင့် အီ​ကွေ့မန့် ၂ စုံတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း၊ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုနှင့်ပတ်သက်ပြီး ဆက်လက်စုံ စမ်းလျက် ရှိ ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article