32 C
Yangon

မင်းတပ်၊ ဝုမ်းခုန်ရွာကို စစ်တပ်က အကြောင်းမဲ့ တိုက်လေယာဥ်ဖြင့် ဗုံးကျဲပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်မှု ကလေးငယ် ၁ ဦးအပါအဝင် ပြည်သူ ၃ ဦးသေဆုံး၊ နေအိမ် ၁၀ လုံးပျက်စီး

Must read

မင်းတပ်၊ ဝုမ်းခုန်ရွာကို စစ်တပ်က အကြောင်းမဲ့ တိုက်လေယာဥ်ဖြင့် ဗုံးကျဲပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်မှု ကလေးငယ် ၁ ဦးအပါအဝင် ပြည်သူ ၃ ဦးသေဆုံး၊ နေအိမ် ၁၀ လုံးပျက်စီး

ရန်ကုန်၊ ဇူလိုင် ၈

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ ဝုမ်းခုန်ရွာကို အကြမ်းဖက် စစ်တပ်က အကြောင်းမဲ့ တိုက်လေယာဥ်ဖြင့် ဗုံးကျဲပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် ကလေးငယ် ၁ ဦးအပါအဝင် ပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ထံမှ သိရသည်။

ယနေ့ ဇူလိုင်လ ၈ ရက်နေ့ နံနက် ၁၁ နာရီ ၂၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်မှ မင်းတပ်မြို့နယ်၊ မရှိန်းလှော်အုပ်စု၊ ဝုမ်းခုန်ကျေးရွာကို ဂျက်တိုက်လေယာဥ်ဖြင့် အကြောင်းမဲ့ ဗုံးကျဲခြင်း၊ လေယာဥ်ဖြင့် ပစ်ခတ်ခြင်း၊ မင်းတပ်မြို့ပေါ်ရှိ ခလရ ၂၇၄ မှ တာဝေးပစ် အမြှောက်များဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသူ ၃ ဦးမှာ အသက် ၆၅ နှစ် အရွယ် အမျိုးသမီး ၁ ဦး၊ အသက် ၂၈ နှစ်အရွယ် အမျိုးသမီး ၁ ဦး၊ အသက် ၉ နှစ်အရွယ် အမျိုးသမီးကလေးငယ် ၁ ဦးတို့ဖြစ်ပြီး အသက် ၅၀ နှစ်အရွယ် အမျိုးသား ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ အကြောင်းမဲ့ တိုက်လေယာဥ်ဖြင့် ဗုံးကျဲပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် ကျေးရွာစာသင်ကျောင်းနှင့် နေအိမ် ၁၀ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့က ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article