33 C
Yangon

မြ၀တီ၊ မတ္တရာနှင့် နွားထိုးကြီးတို့တွင် တိုက်ပွဲများဖြစ်ပြီး စစ်တပ် စစ် ကြောင်းကို တိုက်ခိုက်မှု စစ်ကောင်စီဘက်မှ ၂ ဦးသေဆုံး

Must read

မြ၀တီ၊ မတ္တရာနှင့် နွားထိုးကြီးတို့တွင် တိုက်ပွဲများဖြစ်ပြီး စစ်တပ် စစ် ကြောင်းကို တိုက်ခိုက်မှု စစ်ကောင်စီဘက်မှ ၂ ဦးသေဆုံး

ရန်ကုန်၊ ဇူလိုင် ၉

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ မန္တလေးတိုင်း မတ္တရာမြို့နယ်နှင့် နွားထိုးကြီး မြို့နယ်တို့တွင် တိုက်ပွဲများဖြစ်ပြီး စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်ကောင် စီ ဘက်မှ ၂ ဦးသေဆုံးကြောင်း သက်ဆိုင်ရာ ဒေသကာ ကွယ်ရေး တပ်ဖွဲ့များက သတင်းထုတ်ပြန်သည်။

ဇူလိုင်လ ၉ ရက်နေ့ နံနက် ၁၀ နာရီအချိန် ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်တွင် တပ်မဟာ(၆) KNU/KNLA၊ ကော်ဘရာစစ်ကြောင်း(၁)၊ ကျားသစ်နက်၊ Federal Wingsနှင့် အကြမ်းဖက်စစ်ကောင်စီတပ်တို့က မြဝတီမြို့အနီး လက်ခတ်တောင်ဒေသတွင် ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ အဆိုပါတိုက် ပွဲတွင် အကြမ်းဖက်စစ်ကောင်စီဘက်မှ ၂ ဦး သေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ် ရာရရှိခဲ့ကြောင်း ၊တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ဘက်မှ ထိခိုက်မှု တစုံတရာ မရှိခဲ့ကြောင်း ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်သည်။

အလားတူ မန္တလေးတိုင်း၊ မတ္တရာမြို့နယ်နှင့် နွားထိုးကြီးတွင် စစ်တပ်စစ် ကြောင်းကို မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ယနေ့ဇူလိုင်လ ၉ ရက် နံနက် ၃ နာရီခန့်က အင်အား ၅၀ ခန့်ဖြင့် မတ္တရာမြို့နယ်၊ မြောင်းသစ်ကျေးရွာ ဘက်သို့ စစ်ကြောင်းထိုးဝင်ရောက်လာသော အကြမ်း ဖက် စစ်သားများကို မြောင်းသစ်တံတားအနီးတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်း ဖက်စစ်တပ်က ၄၀ မမများ၊ လက်နက်ငယ်များဖြင့် ပြန်လည် ပစ်ခတ် တိုက် ခိုက်ခဲ့ကြောင်း သိရသည်။

အလားတူ ယနေ့ မွန်းလွဲ ၁ နာရီခွဲခန့်တွင် မတ္တရာမြို့နယ်၊ ငါးလုံးပြွန်ရွာသို့ စစ်ကြောင်းထိုးဝင်ရောက်လာ သော အကြမ်ဖးက်စစ်သားများကိုလည်း မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပြင်ဦးလွင်ခရိုင် တပ်ရင်း ၁ နှင့် မတ္တရာမြို့နယ် ပကဖ တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ဇူလိုင် ၈ ရက်နေ့က နွားထိုးကြီးမြို့နယ်၊ ပဲခင်းကြီးရွာ အရှေ့ဘက်သို့ အင်အား ၅၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်သားများကို မြင်းခြံခရိုင် တပ်ရင်း ၄ တပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ရာ မိနစ် ၂၀ ခန့်ကြာ မြင့်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ- ကော်ဘရာစစ်ကြောင်းမှ တော်လှန်ရေးရဲဘော်များ။

Photo – ကော်ဘရာစစ်ကြောင်း။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article