35 C
Yangon

ရန်ကုန်-မော်လမြိုင်လမ်းပေါ်တွင် စစ်ယာဉ်တန်းကို ပစ်ခတ်တိုက်ခိုက်မှု စစ်ကားများ မောင်းပြေး

Must read

ရန်ကုန်-မော်လမြိုင်လမ်းပေါ်တွင် စစ်ယာဉ်တန်းကို ပစ်ခတ်တိုက်ခိုက်မှု စစ်ကားများ မောင်းပြေး

ရန်ကုန် ၊ ဇူလိုင် ၁၂

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ရန်ကုန်-မော်လမြိုင်အဝေးပြေးလမ်းမ ကြီးပေါ်တွင် အကြမ်းဖက် စစ်ယာဉ်တန်းကို တိုက်ခိုက်ခဲ့ရာ ယာဉ်များ ထိမှန်ခဲ့ပြီး လမ်းဘေးဝဲယာနေအိမ်များကို လက်ပစ်ဗုံး၊ လက် နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစု – KRF ထံမှ သိရသည်။

ယမန်နေ့ ဇူလိုင်လ ၁၁ ရက်နေ့လည် ၁၁ နာရီ မိနစ် ၂၀ ခန့်တွင် ကျိုက်ထိုမြို့ နယ်၊ မရမ်းချောင်းကျေးရွာ အုပ်စု နှင့် မုပ္ပလင်ကျေးရွာအုပ် စု အကြား ဖြတ် သန်း သွား လာနေသော ယာဉ် ၇ စီးပါ အကြမ်းဖက်စစ် ကောင်စီယာဉ် တန်းကို စစ်ရေး ပစ်မှတ်အဖြစ်သတ်မှတ်၍ လက်နက်ငယ်များ၊ ၄၀ မမ များ ဖြင့် ပစ်ခတ် တိုက်ခိုက် ခဲ့ရာ ကားများကို ထိမှန်ခဲ့ပြီး ဆက်လက် မောင်းနှင် ထွက်ပြေး သွားကြောင်း သိရသည်။

ထိုသို့ ဆက်လက်မောင်းနှင်ထွက်ပြေးသွားစဉ် ယာဉ်ပေါ်ပါ အကြမ်းဖက်စစ် သားများမှ လမ်းလေး ဝဲ၊ ယာရှိ ပြည်သူ့နေအိမ်များကို လက်ပစ်ဗုံးများ၊ လက် နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ရာ အပြစ်မဲ့ ပြည်သူတစ်ဦး လက်ပစ်ဗုံး ထိမှန်ခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို ကျိုက်ထိုတော်လှန်ရေးအင်အားစု – KRF ၊ KNU/KNLA ၊ ABSDF နှင့် တောကျီး ကန်း အဖွဲ့တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည် သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာ နိုင်ခဲ့ ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article