30 C
Yangon

ပေါက်မြို့နယ်၊ ရွာသစ်ရွာနှင့်တပ်ကုန်းရွာရှိ ပျူစောထီးများကို ဝင်ရောက် တိုက်ခိုက်မှု ၁၀ ဦးသေဆုံးပြီး ပျူစောထီး နေအိမ်များကို မီးရှို့ရှင်းလင်း

Must read

ပေါက်မြို့နယ်၊ ရွာသစ်ရွာနှင့်တပ်ကုန်းရွာရှိ ပျူစောထီးများကို ဝင်ရောက် တိုက်ခိုက်မှု ၁၀ ဦးသေဆုံးပြီး ပျူစောထီး နေအိမ်များကို မီးရှို့ရှင်းလင်း

ရန်ကုန်၊ ဇူလိုင် ၁၂

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ရွာသစ်ရွာနှင့် တပ်ကုန်းရွာရှိ ပျူစောထီးများကို ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်သားနှင့် ပျူစောထီး ၁၀ ဦးသေဆုံးခဲ့ကြောင်း ဒေသ တော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇူလိုင်လ ၁၁ ရက်နေ့ နံနက် ၅ နာရီခန့်တွင် ရွာသစ်ရွာနှင့် တပ်ကုန်းရွာရှိ ပျူစောထီးများကို ပေါက်မြို့ တောင်ပိုင်း PDF တပ်ဖွဲ့များက ဝင်ရောက် တိုက်ခဲ့ပြီး စစ်သားနှင့် ပျူစောထီး ၁၀ ဦး သေဆုံးကာ ကျေးရွာအတွင်းရှိ ပျူစောထီးအဖွဲ့ဝင် နေအိမ်များကို မီးရှို့ရှင်းလင်းခဲ့ကြောင်း သိရသည်။

“တပ်ကုန်းနဲ့ ရွာသစ်ရွာက ပျူစောထီးတွေကို ပေါက်မြို့ တောင်ပိုင်း PDF တွေက ဝင်တိုက်ခဲ့တယ်။ ၁၁ ရက်နေ့ မနက် ၅ နာရီလောက်တည်းက တိုက်ပွဲစဖြစ်ခဲ့တာ ပျူစောထီး ၈ ကောင်နဲ့ စစ်ခွေး ၂ ကောင်သေတယ်။ ပျူစောထီး နေအိမ်တွေကိုလည်း မီးရှို့ရှင်းလင်းခဲ့တယ်။ သေနတ် ၇ လက်လည်း သိမ်းဆည်းရမိတယ်လို့ သိရတယ်” ဟု ဒေသ တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article