36 C
Yangon

လောင်းလုံး၊ ခမောင်းတောင်ရွာရှိ နေအိမ် ၁ လုံးကို စစ်တပ်က မီးရှို့ဖျက်ဆီးပြီး ပြည်သူပိုင် ပစ္စည်းများကို ခိုးယူသွား၊ ကျေးရွာ ၈ ရွာမှ ပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေရ

Must read

လောင်းလုံး၊ ခမောင်းတောင်ရွာရှိ နေအိမ် ၁ လုံးကို စစ်တပ်က မီးရှို့ဖျက်ဆီးပြီး ပြည်သူပိုင် ပစ္စည်းများကို ခိုးယူသွား၊ ကျေးရွာ ၈ ရွာမှ ပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေရ

ရန်ကုန်၊ ဇူလိုင် ၁၅

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ခမောင်းတောင်ရွာရှိ နေအိမ် ၁ လုံးကို စစ်တပ်က မီးရှို့ဖျက်ဆီးပြီး ပြည်သူပိုင် ပစ္စည်းများကို ခိုးယူသွား​ကြောင်း Dawei Information Center မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇူလိုင်လ ၁၂ ရက်နေ့ မွန်းလွဲပိုင်းတွင် နခံတောရွာဘက်သို့ရောက်ရှိနေသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ခမောင်းတောင်ရွာကို ခြေလျင် ဝင်ရောက် စီးနင်းပြီး နေအိမ် ၁ လုံးကို မီးရှို့ဖျက်ဆီးကာ ပြည်သူပိုင် ပစ္စည်းများကို ခိုးယူသွားကြောင်း သိရသည်။

” စစ်ခွေးတွေ ဝင်လာတုန်း ရွာထဲက လူငယ်တစ်ဦးက ကြောက်လန့်ပြီး ထပြေးလို့ စစ်သားတွေ သေနတ်နဲ့ လှမ်းပစ်တာ လူတော့ လွတ်သွားခဲ့တယ်။ နောက်တော့ အဖိုးကြီး တစ်ဦးကို စစ်သားတွေထပ် ဖမ်းမိသွားပါတယ်။အဖိုးကြီးရဲ့ အိမ်မှာ သမျှ ပစ္စည်းတွေကို စစ်သားတွေ ခိုးယူပြီး အိမ်ကို အကြောင်းပြချက်မရှိ မီးရှို့သွားတယ်” ဟု Dawei Information Center မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် နခံတောရွာ တောင်ပေါ်၌ ယာယီတပ်စွဲထားပြီး လက်နက်ကြီး လက်နက်ငယ်များဖြင့် အဆက်မပြတ်ပစ်ခတ်နေသောကြောင့် နခံတော ၊ခမောင်းတောင်‌၊ တောင်မင်းပြောင်ပန်းစိပ်၊စခန်းကြီး၊မဲအုံနောက် ၊ဘူချိုင်း၊ကွမ်းအုံဘုံ စသည့် ကျေးရွာ ၈ ရွာမှ ပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင် နေရကြောင်း သိရသည်။

ယင်း အကြမ်းဖက် စစ်တပ် စစ်ကြောင်း၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဇူလိုင်လ ၁၂ ရက်နေ့တွင် ခမောင်းတောင်ရွာမှ စစ်ဘေးရှောင်နေသည့် အသက် ၁၇ နှစ်ရွယ် မယဥ်မာဌေး လက်နက်ကြီး ကျည်စထိမှန် သေဆုံးခဲ့သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article