33 C
Yangon

ရွှေဘို-ခင်ဦး နယ်စပ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦးသေဆုံးပြီး ပြည်သူ ၁၀၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရ

Must read

ရွှေဘို-ခင်ဦး နယ်စပ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦးသေဆုံးပြီး ပြည်သူ ၁၀၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရ

ရန်ကုန်၊ ဇူလိုင် ၁၆

စစ်ကိုင်းတိုင်း၊ ရွှေဘို-ခင်ဦး မြို့နယ်စပ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၁ ဦးသေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ ဇူလိုင် ၁၆ ရက်နေ့၌ ရွာသစ်ကုန်း ပျူစောထီးရွာမှ ထွက်လာသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းက အင်းပတ်ကျေးရွာအတွင်း ၆၀ မမ လက်နက်ကြီး ၂ လုံး ပစ်ခတ်ခဲ့ပြီး အင်းပတ်ကျေးရွာ စာသင်ကျောင်းတွင် ကျရောက် ပေါက်ကွဲခဲ့ကာ အသက် ၅၀ နှစ်အရွယ် စစ်ရှောင်ပြည်သူ ဦးသန်းစိုး လက်နက်ကြီး ထိမှန်၍ ပွဲချင်းပြီး သေဆုံးခဲ့ရကြောင်း၊ ထို့ပြင် အသက် ၃၀ နှစ်အရွယ် အမျိုးသား ၁ ဦးလည်း ဒဏ်ရာရရှိခဲ့ပြီး ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။

ရွှေဘိုမြို့နယ် လေ့ကျင့်ရေး ၈ တပ်မှ ထွက်လာသော အကြမ်းဖက်စစ်တပ်၏ အင်အား ၁၀၀ ကျော် စစ်ကြောင်းသည် ဇူလိုင် ၁၅ ရက်နေ့နှင့် ၁၆ ရက်နေ့များတွင် စစ်ကြောင်းထိုးမှုကြောင့် ပြည်သူ သောင်းကျော် စစ်ဘေးရှောင်တမ်းနေရကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ရွှေဘိုမြို့နယ် ညောင်ပင်သာရွာမှ ခင်ဦးမြို့နယ် တယ်ဘိုပင်ကျေးရွာသို့ ဇူလိုင် ၁၅ ရက်နေ့တွင် စစ်ကြောင်းထိုးမှုကြောင့် ညောင်ပင်သာ၊ ကျားရွာ၊ ကံသာကုန်း၊ အင်ပင်လှ၊ တယ်ဘိုပင်၊ ကြာပင်အိုင်၊ တပင်ကောင်း စသည့်ကျေးရွာများမှ ပြည်သူများ မိုးရွာသွန်းထား၍ လမ်းမကောင်းသည့်ကြားမှ ထွက်ပြေးရခြင်းဖြစ်ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ထို့ပြင် အကြမ်းဖက် စစ်တပ်သည် ယနေ့ ဇူလိုင် ၁၆ ရက်နေ့တွင် တယ်ဘိုပင်ကျေးရွာမှ အနောက်မြောက် ရေဦးမြို့ဘက်သို့ လက်နက်ကြီးငယ်များနှင့် ပစ်ခတ်မှု ပြုလုပ်မှုကာ သိမ်တော်ကျေးရွာဘက်သို့ ဆက်လက်စစ်ကြောင်းထိုးမှုကြောင့် သိိမ်တော်၊ ညောင်ပင်ကြီးစု၊ ကျွန်းလည်၊ ကျွန်းစွယ်၊ မှန်သာ၊ မှန်တော စသည့် ကျေးရွာများပါ ဆက်လက် ထွက်ပြေး နေကြရကြောင်း သိရှိရသည်။

“ဇူလိုင် ၁၆ ရက်မှာ တယ်ဘိုပင်ကျေးရွာမှ သိမ်တော်ကျေးရွာဘက်သို့ ဆက်လက်စစ်ကြောင်းထိုးလာလို့ သိမ်တော်၊ ညောင်ပင်ကြီးစု၊ ကျွန်းလည်၊ ကျွန်းစွယ်၊ မှန်သာ၊မှန်တောစတဲ့ ကျေးရွာတွေပါ ဆက်လက် ထွက်ပြေးနေကြရတယ်” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article