35 C
Yangon

ရေဖြူမြို့နယ်၊ ကံပေါက်ဒေသတွင် နှစ်ရက်အတွင်း ပြည်သူ ၉ ဦးထက်မနည်း စစ်တပ်က ဖမ်းဆီး

Must read

ရေဖြူမြို့နယ်၊ ကံပေါက်ဒေသတွင် နှစ်ရက်အတွင်း ပြည်သူ ၉ ဦးထက်မနည်း စစ်တပ်က ဖမ်းဆီး

ရန်ကုန်၊ ဇူလိုင် ၁၆

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေတွင် နှစ်ရက်အတွင်း ပြည်သူ ၉ ဦးထက်မနည်းကို အကြမ်း ဖက်စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ကြောင်း ဒေသသတင်းရင်းမြစ်ထံမှ သိရသည်။

ယနေ့ ဇူလိုင်လ ၁၆ ရက် မွန်းတည့် ၁၂ နာရီခန့်က ကံပေါက်ကျောက်တိုင်အနီးရှိ လျှပ်စစ်ပစ္စည်းဆိုင် တစ်ဆိုင်ကို မောရဝတီရေတပ်မှ အကြမ်းဖက်စစ်ကောင်စီကား ၂ စီးဖြင့် ရောက်ရှိလာကာ အသက် ၃၅ နှစ်ဝန်းကျင်အရွယ် ဆိုင်ပိုင်ရှင်၏ သမီးဖြစ်သူ မအေးအေးသူနှင့် ဆိုင်အကူ မသဇင်လွင်တို့ကို ဖမ်းဆီး သွားကြောင်း သိရသည်။

ထို့အပြင် အခြားဖမ်းဆီးခံရသူများလည်းရှိနိုင်ပြီး ကံပေါက်ကျောက်တိုင်အနီးတဝိုက်ရှိ နေအိမ်အချို့ကို လည်း စစ်ဆေးရှာဖွေမှုများပြုလုပ်သွားကြောင်း၊ ဖမ်းဆီးခံရသူများမှာ စီးပွာရေး အဆင်ပြေသူများဖြစ် ကြောင်း သိရသည်။

ယမန်နေ့ ဇူလိုင်လ ၁၅ ရက် နံနက် ၉ နာရီခန့်က ကလိန်အောင် – ကံပေါက်လမ်းမပေါ်ရှိ သစ်တောရုံး လမ်းဆုံ၌ မိုင်းတွေ့ပြီးနောက် အနီးတဝိုက်ရှိ နေအိမ်များကို အကြမ်းဖက်စစ်တပ်က တစ်အိမ်ဝင်တစ် အိမ်ထွက် ဝင်ရောက်ပြီး ဖုန်းများကို စစ်ဆေးခဲ့ကာ ပြည်သူ ၇ ဦးထက်မနည်းကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ဖမ်းဆီးခံရသူများမှာ ဆင်ရပ်တံတားအနီးရှိ ဆိုင်ကယ်ပြင်ဆိုင်မှ အမျိုးသားတစ်ဦးအပါအဝင် ၃ ဦး၊ ညနေ ၅ နာရီခွဲခန့်တွင် ကံပေါက်ဈေးနှင့် အထက်တန်းကျောင်းရှေ့ရှိ အသက် ၆၀ ဝန်းကျင်အရွယ် ဒေါ်စန်းမြင့်၊ဒေါ်မီး ချို၊ တူဖြစ်သူ ကိုကျော်ကျော်၊ ကိုကျော်ဦး၊ ဆိုင်အလုပ်သမား ကိုမင်းသူအောင်၊ ကိုအောင်ပိုင်စိုးတို့ဖြစ်သည်။

မောရဝတီရေတပ်မှ စစ်သားများသည် အင်အားအများပြားဖြင့် တစ်အိမ်ဝင် တစ်အိမ်ထွက် တနေကုန် စစ် ဆေး ဖမ်ဆီးနေသည့်အပြင် ညပိုင်းတွင်လည်း အင်အားအများအပြားဖြင့် ကင်းလှည့် ခြင်းတို့လုပ်ဆောင်ခဲ့ ကြောင်း၊ မိုင်းတွေ့သည့်နေရာနှင့် တစ်မိုင်ခန့်အလှမ်းဝေးသည့် ဗောဓိကုန်း ကျောင်းရှေ့ လမ်းကြားထဲမှ နေအိမ်များကိုလည်း တစ်အိမ်ဝင်တစ်အိမ်ထွက် ရှာဖွေခဲ့ကြောင်း သိရသည်။

ယခုကဲ့သို့ လုပ်ဆောင်နေမှုသည် တပ်သားများ ထွက်ပြေးသည်ဟု သတင်းထွက်ပေါ်နေချိန်နှင့်တိုက်ဆိုင်နေ ပြီး ရွှေ့လျားဈေးသည်များအပါအဝင် ပြည်သူအများစုမှာ အကြမ်းဖက်စစ်တပ်၏ ဖမ်းဆီးခံရမည်ကို စိုးရိမ် နေရကြောင်း သိရသည်။

ဓာတ်ပုံ – ဖမ်းဆီးခံရသူ မအေးအေးသူနဲ့ မသဇင်လွင်၊ ဒေါ်စန်းမြင့်၊ မမီးချို၊ ကိုကျော်ကျော်။

(The Tanintharyi Times သတင်းဌာနသည် ရန်ကုန်ခေတ်သစ်သတင်းဌာန၏ မိတ်ဖက်သတင်းဌာနဖြစ် သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article