36 C
Yangon

ပဲခူးရိုးမအတွင်း စစ်တပ်၏ သစ်ခိုးထုတ်ခြင်းဟန့်တားရန် စစ်ရေးလှုပ်ရှားမှု လုပ်ဆောင်မည်၊ ဒေသပြည်သူများ စစ်သားများနှင့် ဝေးဝေးနေရန် သာယာဝတီခရိုင် PDF ပြောဆို

Must read

ပဲခူးရိုးမအတွင်း စစ်တပ်၏ သစ်ခိုးထုတ်ခြင်းဟန့်တားရန် စစ်ရေးလှုပ်ရှားမှု လုပ်ဆောင်မည်၊ ဒေသပြည်သူများ စစ်သားများနှင့် ဝေးဝေးနေရန် သာယာဝတီခရိုင် PDF ပြောဆို

ရန်ကုန်၊ ဇူလိုင် ၁၆

ပဲခူးတိုင်း မင်းလှမြို့နယ်ထဲရှိ မြို့ချောင်း – စိန်ကန့်လန့် ရိုးမဖြတ်ကျော်လမ်းတွင် အကြမ်းဖက်စစ်တပ်မှ သစ်ခိုးထုတ်ခြင်းများ လုပ်ဆောင်နေမှုကို ဟန့်တားရန်အတွက် အဆိုပါ လမ်းပိုင်းကို စစ်ရေးနယ်မြေအဖြစ် သတ်မှတ်လိုက်ကြောင်း၊ ပြည်သူများအနေနှင့် အကြမ်းဖက်စစ်တပ်၏ စစ်သားများနှင့် အတူ သွားလာခြင်း ၊ အနီးတွင် နေထိုင်ခြင်းများ မပြုလုပ်ရန် ကြိုတင် သတိပေးကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ မှ တာဝန်ရှိသူမှ ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

အကြမ်းဖက်စစ်တပ်သည် ရိုးမတောထဲရှိ သစ်များကို အလွန်အမင်း ခိုးထုတ်နေသည့်အတွက် ပထမအဆင့်အနေနှင့် သတိပေးခြင်းဖြစ်ပြီး လိုအပ်သလို အရေးယူသွားမည်ဖြစ်ကြောင်းလည်း သိရှိရသည်။

“လက်ရိက စကစဘက်က ရိုးမထဲက သစ်ခိုးထုတ်တာတွေ အလွန်များပြားလို့အခု ပထမအဆင့်အနေနဲ့ သတိပေးတာပါ။ လိုအပ်သလို အရေးယူမှာ။ ခွေးတွေအတွက် သစ်ခိုးထုတ်တာကနေ ဝင်ငွေရနေတယ်။ သစ်သူခိုးတွေနဲ့ပေါင်းလုပ်နေကြတယ်။ ရိုးမကို PDF အနေနဲ့ မကာကွယ်ရင် ကြာရင် မလွယ်ဘူး။ ခုက တောတွေလည်း ကတုံးဖြစ်ကုန်ပြီ” ဟု သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ မှ တာဝန်ရှိသူမှ ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

အကြမ်းဖက်စစ်တပ်နှင့် ဝေးဝေးနေရန် ပြည်သူများကို သတိပေးစာ ထုတ်ပြန်ထားသော်လည်း ပြည်သူများအနေနှင့် ထိခိုက်မှု များပြားမည်မဟုတ်ကြောင်း၊ အကြမ်းဖက်စစ်တပ်ဘက်မှ ရိုးမကို ပိတ်ထားသည်မှ ၂ လကျော်ပြီဖြစ်ပြီး စစ်တပ်ဘက်မှ ယခင်က စစ်ကြောင်းထိုးခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ အနေနှင့် အကြမ်းဖက်စစ်တပ်၏ ပဲခူးရိုးမမှ သစ်ခိုးထုတ်မှုများကို ဟန့်တားရန် စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်မည်ဖြစ်ကြောင်း၊ အကြမ်းဖက်စစ်တပ်အနေနှင့် သစ်ခိုးထုတ်ခြင်းအပြင် သစ်တောထွက်ပစ္စည်းများကို ရောင်းချခြင်းမှ ဝင်ငွေရလမ်းများပြားနေခြင်းများလည်း ရှိသည့်အတွက် စစ်တပ်၏ ဝင်ငွေ ရလမ်းကို ဖြတ်တောက်ရန် ရည်ရွယ်ချက်လည်း ပါဝင်ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ ထံမှ သိရှိရသည်။

“ သာမန်ပြည်သူတွေကိုတော့ မထိခိုက်အောင် အတတ်နိုင်ဆုံးဆောင်ရွက်သွားမှာပါ။ ပြည်သူကိုကာကွယ်ဖို့ ကျွန်တော်တို့ တာဝန်ရှိသလို ပဲခူးရိုးမကိုလည်း ထိန်းသိမ်းစောင့်ရှောက်ဖို့ လိုအပ်ပါတယ်” ဟု သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ မှ တာဝန်ရှိသူမှ ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article