33 C
Yangon

မြင်းမူမြို့နယ်၊ မဲနောကျေးရွာကို စစ်တပ်က ပစ်ခတ်ဝင်ရောက်စီးနင်းပြီး ပစ္စည်းများလုယက်ကာ ရွာလုံးကျွတ် မီးရှို့ဖျက်ဆီး

Must read

မြင်းမူမြို့နယ်၊ မဲနောကျေးရွာကို စစ်တပ်က ပစ်ခတ်ဝင်ရောက်စီးနင်းပြီး ပစ္စည်းများလုယက်ကာ ရွာလုံးကျွတ် မီးရှို့ဖျက်ဆီး

ရန်ကုန်၊ ဇူလိုင် ၁၇

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ မဲနောကျေးရွာကို စစ်တပ်က ပစ်ခတ်ဝင်ရောက်စီးနင်းပြီး ပစ္စည်းများလုယက်ကာ ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

ဇူလိုင် ၁၆ ရက်နေ့ နံနက် ၄ နာရီခွဲအချိန်စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ မဲနောကျေးရွာကို လက်နက်များ ပစ်ခတ်ဝင်ရောက်လာကြောင်း၊ ပြည်သူများမှာ ရုတ်တရက် စစ်တပ် ဝင်ရောက်လာသဖြင့်ထွက်ပြေးကြရကြောင်း၊ တစ်နေကုန် စစ်တပ်က တပ်စွဲခဲ့ပြီး ညအချိန်တွင် ကျေးရွာရှိ ပြည်သူများ၏ နေအိမ်များကို ဖောက်ထွင်း ယူဆောင်ကာ ရွာကို မီးရှို့ကြောင်း၊ ယင်းနောက် ယနေ့ နံနက် ၂ နာရီတွင်ပါ ကျန်ရှိနေသော နေအိမ်များကို ထပ်မံမီးရှို့ခဲ့ကြောင်း သိရှိရသည်။

“မနေ့ မနက် ၄ နာရီခွဲလောက်မှာ ရွာထဲကို သေနတ်တွေဖောက်ပြီး ရွာထဲသို့ ဝင်ရောက်လာတယ်။ ပြည်သူတွေကို ဖမ်းဆီးတယ်။ ရွာသူ၊ရွာသားတွေက အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်ရတယ်။ ညရောက်တော့မှ ပြည်သူတွေရဲ့ နေအိမ်တွေမှာရှိတဲ့ တန်ဖိုးကြီးပစ္စည်းများကို ဖောက်ထွင်းယူဆောင်ပြီး တစ်ရွာလုံးမီးလောင်တိုက်သွင်းတယ်။ ပြည်သူတွေမှာ အသက်အန္တရယ်စိုးရိမ်ပြီး အဝတ်တစ်ထည်ကိုယ်တစ်ခုဖြစ် ထွက်ပြေးနေရပါတယ်။ ရွာကို မနေ့ ‌ည ၉ နာရီမှာ မီးရှို့တယ်။ ကျန်တဲ့အိမ်တွေကို ဒီနေ့မနက် ၂ နာရီမှာ ထပ်မီးရှို့တယ်။ တစ်ရွာလုံး မီးလောင်သွားတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

စစ်တပ်က မြင်းမူမြို့နယ်၊ မဲနောကျေးရွာကို ဝင်ရောက် ဖျက်ဆီးမီးရှို့ရာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့ မီးဝင်ရှို့ ပစ္စည်းများလုယက် ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article