35 C
Yangon

ကြာအင်းဆိပ်ကြီးတွင် တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်တပ်က ပြည်သူ ၂ ဦးကို ပစ်သတ်သွား

Must read

ကြာအင်းဆိပ်ကြီးတွင် တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်တပ်က ပြည်သူ ၂ ဦးကို ပစ်သတ်သွား

ရန်ကုန်၊ ဇူလိုင် ၁၇

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် အကြမ်းဖက် စစ်တပ်နှင့် ဒေသကာကွယ်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်တပ်က ပြည်သူ ၂ ဦးကို ပစ်သတ်သွားကြောင်း Lion Battalion Commando – ဗျူဟာ စစ်ကြောင်းမှ ရဲဘော် အညာသားက ပြောဆိုသည်။

ဇူလိုင်လ ၁၄ ရက်နေ့တွင် ဝင်းရေးမြို့ ပုလိန်ကျေးရွာနှင့် ခလယ်ကျေးရွာ အကြား မီးသွေးကုန်း ဝန်းကျင်တွင် စစ်ကြောင်းထိုး ဝင်ရောက်လာသည့် အကြမ်းဖက် စစ်တပ်၏ စကခ ၁၃ (ဘုတ်ပြင်း) လက်​အောက်ခံရှိ တပ်မ ၂၂၊ ခမရ ၂၀၉၊ ခမရ ၂၁၀ တပ်ရင်းများနှင့် ဒေကာကွယ်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ထိတွေ့ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၅ ဦးသေဆုံးခဲ့ပြီး ၆ ဦး ထိခိုက် ဒဏ်ရာရှိခဲ့ကြောင်း၊ အဆိုပါ အကြမ်း ဖက် စစ်တပ် စစ်ကြောင်းကို Lion Battalion Commando – ဗျူဟာစစ် ကြောင်း နှင့် KNU/KNLA အမှတ်(၁၆)တပ်ရင်း တောင်ညိုစစ်ကြောင်း၊ နဂါးနီ စစ်ကြောင်း တို့က ပူး​ပေါင်း တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်တပ်က ခရီးသွား ပြည်သူ ကား ၁ စီးကို ဖမ်းဆီးကာ ပြည်သူ အမျိုးသား ၂ ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း၊ ထို့ပြင်ငြိမ်းချမ်း မြိုင်ဘုရားကုန်းမှနေ၍ အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သောကြောင့် နေအိမ်များထိခိုက် ပျက်စီးခဲ့ကြောင်း သိရှိရသည်။

“စစ်တပ်က အထိနာလို့ လမ်းမှာတွေ့တဲ့ ပြည်သူ့ကားကို ဖမ်းဆီးပြီး ပြည်သူ ၂ ဦးကို ပစ်သတ်သွားတာပါ။ ရမ်းကား ပစ်ခတ်သတ်ဖြတ်သွားတာပါ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article