33 C
Yangon

ကောလင်းမြို့ပေါ်တွင် လက်လုပ်သေနတ်ဖြင့် ဓားပြတိုက်နေသည့် စစ်သား ၂ ဦးကို PDF တပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး ၁ ဦး သေဆုံးကာ ၁ ဦးအရှင်ဖမ်းမိ

Must read

ကောလင်းမြို့ပေါ်တွင် လက်လုပ်သေနတ်ဖြင့် ဓားပြတိုက်နေသည့် စစ်သား ၂ ဦးကို PDF တပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး ၁ ဦး သေဆုံးကာ ၁ ဦးအရှင်ဖမ်းမိ

ရန်ကုန်၊ ဇူလိုင် ၁၇

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ပေါ်တွင် လက်လုပ်သေနတ်ဖြင့် ဓားပြတိုက်နေသည့် စစ်သား ၂ ဦးကို ကောလင်း PDF တပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး ၁ ဦးသေဆုံးကာ ၁ ဦးအရှင်ဖမ်းမိခဲ့ကြောင်း Kawlin Info မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇူလိုင်လ ၁၄ ရက်နေ့တွင် ကောလင်းမြို့ပေါ် မင်းတဲကြီးရပ်ကွက် အနောက်ဘက် လက်ခုပ်ပင်အနီးတွင် လက်လုပ်သေနတ်များဖြင့် ပြည်သူများကို ဓားပြတိုက်နေသည်ဟု သတင်းရ၍ ကောလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့များမှ ပိတ်ဆို့ ဖမ်းဆီးခဲ့ပြီး ဓားပြတိုက်သူ ၂ ဦးမှာ အကြမ်းဖက် စစ်တပ်၏ ဝန်းသို ခမရ ၁၁၁ တပ်မှ တပ်သား ရွှေလျှံထွန်းဆိုသူနှင့် ဝန်းသို ခမရ ၁၂၀ တပ်မှ တပ်သား ဟန်ဝင်းအောင်တို့ ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဓားပြတိုက်သူ ၂ ဦးသည် လမ်းသွားလမ်းလာ ပြည်သူများကို လက်လုပ်သေနတ်ဖြင့် ဓားပြတိုက်နေသူများဖြစ်ပြီး PDF တပ်ဖွဲ့များ ဖမ်းဆီးစဥ်တွင် ဝန်းသို ခမရ ၁၁၁ တပ် မှ တပ်သား ရွှေလျှံထွန်းဆိုသူသည် လက်လုပ်သေနတ်ဖြင့် ပြန်လည် ပစ်ခတ် ခုခံသောကြောင့် ပစ်ခတ်ဖမ်းဆီးရမှ သေဆုံးခဲ့ကြောင်း သိရှိရသည်။

ဓားပြတိုက်နေသည့် စစ်သားများကို ဝန်းသို ခမရ ၁၁၁ တပ်ရင်းမှ လက်ရှိတွင် ကောလင်း ဆေးရုံ၌ လုံခြုံရေးတာဝန်ကျနေသည့် ဗိုလ်ဝင်းထွန်းဆိုသူမှ လက်လုပ်သေနတ်များ ပေး၍ ကောလင်းမြို့ပေါ်နေရာအနှံ့တွင် ဓားပြတိုက်ခိုင်းခြင်းဖြစ်ကြောင်း၊ ဆီတင်ကားများ၊ လောင်းကစားဝိုင်းများကို ငွေကောက်ခံခြင်းတို့ လုပ်ဆောင်၍ တော်လှန်ရေးအဖွဲ့များမှ ပြုလုပ်သယောင် ထင်ယောင်ထင်မှား ‌ဖြစ်စေရန် စေခိုင်းခဲ့သည်ဟု စစ်ဆေးသိရှိရကြောင်း Kawlin Info ထံမှ သိရှိရသည်။

” ည ၁၂ လောက် ဓါးပြတိုက်နေတယ်လို့ ပြည်သူတွေသတင်းပေးလို့ PDF၊ ပကဖ တွေသွားပြီးဝိုင်းဖမ်းတာပါ” ဟု Kawlin Info မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ဓားပြအဖြစ်လုပ်ဆောင်နေသည့်အကြမ်းဖက်စစ်သားများထံမှ လက်လုပ်သေနတ်တစ်လက်၊ ဖုန်း၂ လုံး၊ ဆိုင်ကယ် ၁ စီး သိမ်းဆည်းရမိခဲ့ပြီး သက်ဆိုင်ရာနယ်မြေခံ PDF တပ်ရင်းသို့ စနစ်တကျအပ်နှံခဲ့ကြောင်း ၊ အဆိုပါ စစ်ဆင်ရေးကို ကောလင်းမြို့နယ် ပကဖနှင့် The Secretwarrier Kawlin တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article