ရန်ကုန်တွင် တော်လှန်လူငယ်များက အာဇာနည်နေ့ အထိမ်းအမှတ် အဖြစ် “အာဇာနည်မျိုး သေရိုးမရှိ” စာတန်း ချိတ်ဆွဲ
ရန်ကုန်၊ ဇူလိုင် ၁၉
ရန်ကုန်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ရန်ကုန်အင်အားစုမှ တော်လှန်လူငယ်များ ဦးဆောင်ကာ အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် ယနေ့ ဇူလိုင်လ ၁၉ ရက်နေ့၌ “အာဇာနည်မျိုး သေရိုးမရှိ” စာတန်း ချိတ်ဆွဲခဲ့ကြောင်း သိရသည်။
ယင်းသို့ စာတန်းချိတ်ဆွဲခြင်းသည် နွေဦးအာဇာနည်များ၊ ဒီမိုကရေစီ အာဇာနည်များကို မမေ့ရန် သတိတရ ဖြစ်စေရန် ရန်ကုန် တော်လှန် လူငယ်များက ပြည်သူများကို သတိပေး တိုက်တွန်းကြောင်း ပြသခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။