36 C
Yangon

ခင်ဦးမြို့နယ်တွင် စစ်တပ်က ၁၂၀ မမ လက်နက်ကြီးများဖြင့် ၅ ရက်ဆက်တိုက် ပစ်ခတ်မှု ပြည်သူ ၅ ဦးသေဆုံးပြီး ၇ ဦး ဒဏ်ရာရ

Must read

ခင်ဦးမြို့နယ်တွင် စစ်တပ်က ၁၂၀ မမ လက်နက်ကြီးများဖြင့် ၅ ရက်ဆက်တိုက် ပစ်ခတ်မှု ပြည်သူ ၅ ဦးသေဆုံးပြီး ၇ ဦး ဒဏ်ရာရ

ရန်ကုန်၊ ဇူလိုင် ၂၁

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ၁၂၀ မမ လက်နက်ကြီးများဖြင့် ၅ ရက်ဆက်တိုက် ပစ်ခတ်ခဲ့သောကြောင့် ပြည်သူ ၅ ဦးသေဆုံးပြီး ၇ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇူလိုင်လ ၁၆ ရက်နေ့မှ ၂၀ ရက်နေ့ထိ ရေဦးမြို့တိုင်းရင်းဆေးရုံ၌ အခြေချ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်က ခင်ဦးမြို့နယ်ရှိ ကျေးရွာများကို ၁၂၀ မမ လက်နက်ကြီးများဖြင့် နေ့စဥ် ပစ်ခတ်ခဲ့ပြီး ပြည်သူ ၅ ဦးသေဆုံးကာ ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဇူလိုင်လ ၁၆ ရက်နေ့တွင် အင်းပတ်ကျေးရွာမှ စစ်ရှောင်အမျိုးသား ၂ ဦး လက်နက်ကြီး ကျည်စထိမှန်၍ ၁ ဦးသေဆုံးကာ ၁ ဦး ဒဏ်ရာရပြီး နွား ၃ ကောင် သေဆုံးခဲ့ကြောင်း၊ ဇူလိုင်လ ၁၇ ရက်နေ့ ညပိုင်းတွင် အင်းပတ်ကျေးရွာနှင့် ရွာသစ်ကုန်းကျေးရွာ အကြား ၈၁ မမ လက်နက်ကြီး ၄ လုံး ကျရောက် ပေါက်ကွဲခဲ့ကြောင်း သိရသည်။

ဇူလိုင်လ ၁၈ ရက်နေ့တွင် ရေဦးမြို့အနီးတစ်ဝိုက် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း၊ ဇူလိုင်လ ၁၉ ရက်နေ့ တွင် ခင်ဦးနယ် အနောက်ခြမ်း သက်ပေးကျေးရွာအတွင်း လက်နက်ကြီး ကျည်စ ကျရောက် ပေါက်ကွဲခဲ့ပြီး ၆ နှစ်အရွယ် KG ကျောင်းသား အပါအဝင် ၂ ဦး သေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ဇူလိုင်လ ၂၀ ရက်နေ့တွင်လည်း မူးသာကျေးရွာအတွင်း ၁၂၀ မမ လက်နက်ကြီး ၂ လုံးကျရောက် ပေါက်ကွဲခဲ့ပြီး ဒေသပြည်သူ ၂ ဦး သေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ရေဦးတိုင်းရင်းဆေးရုံ၌ အခြေကျ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်က ဇူလိုင်လ ၁၆ ရက်နေ့မှ စတင်ပြီး ဇူလိုင်လ ၂၀ ရက်နေ့အထိ လက်နက်ကြီးများ ဆက်တိုက် ရမ်းသမ်း ပစ်ခတ်ခြင်းကြောင့် ရေဦးမြို့ အနီးဝန်းကျင်နှင့် ခင်ဦး အနောက်တောင်ခြမ်း အပါအဝင် ဒေသပြည်သူ ထောင်နှင့်ချီပြီး ထွက်ပြေးတိမ်းရှောင် နေရကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article