35 C
Yangon

ကနီနှင့် ယင်းမာပင် မြို့နယ်ရှိ စစ်တပ် တပ်စွဲထားသော အစိုးရဘဏ်ရုံး၊ ယင်းမာပင်တပ်ရင်း ၂၈ နှင့် အောင်ဇေယျာကုန်းတို့ကို ရှော့တိုက်ဒုံး၊ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်

Must read

ကနီနှင့် ယင်းမာပင် မြို့နယ်ရှိ စစ်တပ် တပ်စွဲထားသော အစိုးရဘဏ်ရုံး၊ ယင်းမာပင်တပ်ရင်း ၂၈ နှင့် အောင်ဇေယျာကုန်းတို့ကို ရှော့တိုက်ဒုံး၊ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်

ရန်ကုန်၊ ဇူလိုင် ၂၁

စစ်ကိုင်းတိုင်း၊ ကနီနှင့် ယင်းမာပင် မြို့နယ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော အစိုးရဘဏ်ရုံး၊ ယင်းမာပင်တပ်ရင်း ၂၈ နှင့် အောင်ဇေယျာကုန်းတို့ကို ရှော့တိုက်ဒုံး၊ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း Fighter Brotherhood Guerrilla Army တပ်ဖွဲ့ထံမှ သိ ရသည်။

ယမန်နေ့ ဇူလိုင်လ ၂၀ ရက် ည ၁၁ နာရီ ၄၅ မိနစ်ခန့်တွင် အကြမ်းဖက်စစ်သားအင်အား ၁၀၀ ခန့် ဖြင့် တပ်စွဲထား အစိုးရဘဏ်ရုံးကို တာတွေးပစ်လက်နက်ကြီးများဖြင့် တိုက်ခိုက်ခဲ့ပြီးနောက် ဘဏ်ရာရုံး ရှေ့ ၌ စောင့်နေသော အကြမ်းဖက်စစ်သား၊ ရဲများနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ကြား အပြန်အလှန် ပစ် ခတ်တိုက်ခိုက်ခဲ့ရာ စစ်သားများ ထိခိုက်ဒဏ်ရာရရှိပြီး ဘဏ်ရုံးအတွင်းသို့ ဆုတ်ခွာသွားကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို ယင်းမာပင်-ဆားလင်းကြီး လက်နက်ကြီး မဟာမိတ်တပ်ပေါင်းစု အဖွဲ့ဝင်များ ဖြစ်ကြသောFighter Brotherhood Guerrilla Army နှင့် Salingyi Border Task Force (SBTF)၊ Eagle Defense Force(EDF) နှင့် အခြားမဟာမိတ်များ ဖြစ်ကြသော ခရိုင်ရင်း ၃၀ DRPA ၊ Black Shadow (ရင်း ၃၀ ခွဲ ၄) တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက် မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အလားတူ ဇူလိုင်လ ၁၉ ရက် နေ့လည် ၁၂ နာရီ ၅ မိနစ်ခန့်က ယင်းမာပင်မြို့နယ်၊ အောင်ဇေယျကုန်း၌ တပ်စွဲထားသော အကြမ်းဖက်စစ်သားများကို ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား၊ ရဲ များနေထိုင်ရာ အဆောက်အအုံများကို ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

ထို့အတူ နေ့လည် ၁၂ နာရီ ၁၀ မိနစ်မှ ၁ နာရီ ၃၅ မိနစ်အထိ အမှတ် ၂၈ ရဲတပ်ရင်းကို တာဝေးပစ် လက် နက်ကြီးဖြင့် ဗုံးသီး ၂ ကြိမ်တိတိ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား၊ရဲများ နေထိုင်ရာ အိမ်ထောင်သည် လိုင်းခန်းပေါ်သို့ တည့်တည့်ကျရောက်ပေါက်ကွဲခဲ့ပြီး ထိခိုက်ပျက်စီးဒဏ်ရာရရှိမှုများရှိခဲ့ သော် လည်း စုံ စမ်းနေဆဲဖြစ်သည်ဟု ဆိုသည်။

အဆိုပါတိုက်ခိုက်မှုကို Fighter Brotherhood Guerrilla Army နှင့် Regional Friend Fighters ၊ တော ကျီးကန်း၊ တောသားကြီးပြည်သူ့ကာကွယ်ရေးတပ် ၊ မိုးသောက်ကြယ် ၊ စွန်ရဲ (MRDA ရင်း ၆ ခွဲ ၁ )တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိခဲ့ကြောင်း သိရ သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article