35 C
Yangon

ယင်းမာပင်ရှိ စုန်းချောင်းရွာကို စစ်တပ်က စီးနင်းပြီး ပြည်သူ ၃ ဦးကို သတ်ဖြတ်ကာ ၇ ဦးကို ဖမ်းဆီးထား၊ ဆားလင်းကြီးတွင်လည်း စစ်တပ်က စစ်ကြောင်းထိုး မီးရှို့နေ

Must read

ယင်းမာပင်ရှိ စုန်းချောင်းရွာကို စစ်တပ်က စီးနင်းပြီး ပြည်သူ ၃ ဦးကို သတ်ဖြတ်ကာ ၇ ဦးကို ဖမ်းဆီးထား၊ ဆားလင်းကြီးတွင်လည်း စစ်တပ်က စစ်ကြောင်းထိုး မီးရှို့နေ

ရန်ကုန်၊ ဇူလိုင် ၂၁

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ စုန်းချောင်းကျေးရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် စီးနင်းပြီး ပြည်သူ ၃ ဦးကို သတ်ဖြတ်ကာ ၇ ဦးကို ဖမ်းဆီးထားကြောင်း စစ်ကိုင်းပြည်သူ ဖေးမကူကွန်ရက်မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇူလိုင် ၂၁ ရက်နေ့ နံနက် ၂ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်က ယင်းမာပင်မြို့နယ်၊ စုန်းချောင်းကျေးရွာကို ဝင်ရောက် စီးနင်းပြီး ပြည်သူ ၃ ဦးကို သတ်ဖြတ်ကာ ပြည်သူ ၇ ဦးကို ဖမ်းဆီးထားကြောင်း သိရသည်။

လက်ရှိချိန်တွင် စုန်းချောင်းကျေးရွာအတွင်း ပြည်သူများ ဝင်ရောက်နိုင်ခြင်း​ မရှိသောကြောင့် အကြမ်းဖက် စစ်တပ်က သတ်ဖြတ်ထားသည့် ပြည်သူ ၃ ဦးနှင့် အထက် ရှိမရှိကို အတည်မပြုနိုင်သေးကြောင်း၊ အကြမ်းဖက်စစ်သားများ ရွာအတွင်းမှ ထွက်ခွာသွားပြီဟု ကြားသော်လည်း အတည်မပြုနိုင်သည့်အတွက် ပြည်သူများမှာ ကျေးရွာအတွင်း ပြန်လည်မဝင်ရောက်နိုင်သေးကြောင်း သိရှိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွင်လည်း အကြမ်းဖက် စစ်တပ်က ကျေးရွာများကို စစ်ကြောင်းထိုး မီးရှို့ ဖျက်ဆီးနေကြောင်း စစ်ကိုင်းပြည်သူ ဖေးမကူကွန်ရက်မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇူလိုင် ၂၁ ရက်နေ့တွင် ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းရွာအနီးရှိ တဲ ၁ လုံးကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ပြီး ရွာသစ်ကုန်းရွာကို ဖြတ်ကာ နံနက် ၁၁ နာရီ ၄၄ မိနစ်ခန့်တွင် ဝဲကွဲရွာကို ဝင်ရောက် စီးနင်းလျက်ရှိကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article