28 C
Yangon

လောင်းလုံးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ Non-CDM ဒုဦးစီးမှူး သိန်းဦး ပစ်ခတ်ခံရပြီး သေဆုံး

Must read

လောင်းလုံးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ Non-CDM ဒုဦးစီးမှူး သိန်းဦး ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ ဇူလိုင် ၂၂

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ Non-CDM ဒုဦးစီးမှူး သိန်းဦးကို ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး သေဆုံးခဲ့​ကြောင်း လောင်းလုံးမြို့နယ် LLPDF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇူလိုင်လ ၂၁ ရက်နေ့ ည ၈ နာရီ ၃၀ မိနစ်တွင် စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန လောင်းလုံးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ Non-CDM ဒုဦးစီးမှူး သိန်းဦးကို လောင်းလုံးမြို့နယ် အောက်ပိုင်း လမ်းတစ်နေရာ၌ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-LLPDF မှ ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသွားသော သိန်းဦးသည် လောင်းလုံးမြို့နယ်အတွင်း စစ်ကောင်စီ ၊ ပျူစောထီးများနှင့်အတူ လမ်းမများပေါ်တွင် ခရီးသွား ပြည်သူများထံ စစ်ဆေး၊ ဆက်ကြေးတောင်းခံမှုများ၌ ပါဝင်နေခြင်း၊ ထားဝယ်-ရန်ကုန် ကားလမ်းရှိ မလွှဲတောင်ဂိတ်၌လည်း စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့်အတူ ဆက်ကြေးကောက်ခံ နေခြင်းတို့​အား ရပ်တန့်ရန် သတိပေးထားပြီးသော်လည်း ဆက်လက် လုပ်ဆောင်နေခြင်းကြောင့် ပစ်ခတ် ရှင်းလင်းခဲ့ခြင်း ဖြစ်ကြောင်း လောင်းလုံးမြို့နယ် LLPDF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article