29 C
Yangon

ဖားဆောင်းမြို့နယ်တွင် တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က နေအိမ်ကို မီးရှို့နေ၊ ဖြူးမြို့နယ်ရှိ အုတ်ဖြတ်ရဲကင်းကို စနိုက်ပါဖြင့် ပစ်ခတ်မှု ရဲ ၁ ဦးသေဆုံး

Must read

ဖားဆောင်းမြို့နယ်တွင် တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က နေအိမ်ကို မီးရှို့နေ၊ ဖြူးမြို့နယ်ရှိ အုတ်ဖြတ်ရဲကင်းကို စနိုက်ပါဖြင့် ပစ်ခတ်မှု ရဲ ၁ ဦးသေဆုံး

ရန်ကုန်၊ ဇူလိုင် ၂၂

ကရင်နီ(ကယား)ပြည်နယ်၊ ဖားဆောင်းမြို့နယ်၊ သံလွင်မြစ်အရှေ့ဘက်ကမ်းရှိ ကျောက်ပန်းညိုကျေးရွာ နှင့် ဝမ်အောင်း(ရှမ်း)ရွာအနီးတို့တွင် တိုက်ပွဲပြင်းထန်နေပြီး အကြမ်းဖက်စစ်တပ်က ပြည်သူ့နေအိမ်များ ကို မီးရှို့ဖျက်ဆီးနေကြောင်း ဖားဆောင်း PDF တပ်ဖွဲ့ထံမှ သိရသည်။

ယမန်နေ့ ဇူလိုင်လ ၂၁ ရက်နံနက် ၆ နာရီခန့်က ဖားဆောင်းမြို့နယ်၊ သံလွင်မြစ်အရှေ့ဘက်လမ်းရှိ ကျောက်ပန်းညို ကျေးရွာနှင့်ဝမ်အောင်း(ရှမ်း)ကျေးရွာများဘက်သို့ အင်အား အများအပြားဖြင့် စစ် ကြောင်းဝင်ရောက်လာ သောအကြမ်းဖက်စစ်သားများကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့မှ ခုခံ တိုက်ခိုက်ခဲ့ရာ ယနေ့ ဇူလိုင် လ ၂၂ ရက် ‌နေ့အထိ တိုက်ပွဲပြင်းထန်နေခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါတိုက်ပွဲအတွင်း အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးဒဏ်ရာရရှိသူများ ရှိနိုင်သော်လည်း အတိအကျမသိရသေးကြောင်း၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့ ကြောင်း၊ အကြမ်းဖက်စစ်သားများမှ ကျောက်ပန်းညိုကျေးရွာနှင့် ဝမ်အောင်း(ရှမ်း)ရွာအတွင်းသို့ ဝင် ရောက်ကာ နေအိမ်များကို မီးရှို့ဖျက်ဆီးလျက်ရှိကြောင်း သိရသည်။

အဆိုပါအကြမ်းဖက်စစ်သားများကို ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ် (အမှတ်- ၁၁၀၈)၊ ဘောလခဲ ပြည်သူ့ကာကွယ်ရေးတပ် (အမှတ်- ၁၁၀၅)၊ က လ လ တ၊ KNDF တပ်ရင်း ၂၀ ၊ KRU တပ်ပေါင်းစုများ ပူးပေါင်းကာ ခုခံတိုက်ခိုက်လျက်ရှိပြီး တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်သဖြင့် ဘေးကင်းရာ၌ သတိဖြင့် သွားလာနေထိုင်ပေးကြပါရန် ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ် (PPDF)က ထုတ်ပြန်ထားသည်။

ထို့ပြင် ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ အုတ်ဖြတ်တံတားရဲကင်း၌ တာဝန်ကျနေသော ရဲတစ်ဦးကို စနိုက်ပါဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ သေဆုံးသွားကြောင်း ဖြူးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဇူလိုင်လ ၁၉ ရက် ဖြူးမြို့မရဲစခန်းမှ အုတ်ဖြတ်ရဲကင်းစခန်းသို့ တာဝန်ကျပြီး ကင်းပုန်းဝပ်နေသော ရဲတပ်သား ထွန်းလင်း(ခ)ပြောင်ကြီးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များမှ စနိုက်ပါဖြင့် ချောင်း မြောင်းပစ်ခတ်တိုက်ခိုက်ခဲ့ရာ မေးရိုးပွင့်ထွက်သေဆုံးသွားပြီး ဖြူးမြို့မရဲစခန်းမှူးနှင့်မြို့နယ်မှူးတို့မှ သတင်းကို ဖုံးဖိထားကြောင်း သိရသည်။

“ဇူလိုင် ၁၉ ရက်နေ့ နံနက်ပိုင်းက ဖြူးရဲစခန်းကနေ အုတ်ဖြတ်ရဲကင်းမှာ တာဝန်ကျကင်းပုန်းဝပ် နေတဲ့ ရဲတပ်သား ထွန်းလင်း(ခ)ပြောင်ကြီး စနိုက်ဘာထိပြီး မေးရိုးပွင့်ပြီး သေတယ်၊ အဲဒီသတင်းကို ဖုံးထား တယ်၊ ဖြူးစခန်းမှူးနဲ့မြို့နယ်မှူးတွေက၊ အခုဆိုရင် ဖြူးရဲတွေ အုတ်ဖြတ်မှာ ကင်းတာဝန်စေလွှတ်ခံရ မှာ ကြောက်လန့်နေကြပြီ” ဟု ဖြူးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ရန်ကုန်ခေတ် သစ် သတင်းဌာနထံသို့ ပြောကြားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article