28 C
Yangon

သရက်ချောင်းမြို့နယ်၊ ရငဲကျေးရွာအနီး တိုက်ပွဲတွင် စစ်သား ၂ ဦးသေဆုံး

Must read

သရက်ချောင်းမြို့နယ်၊ ရငဲကျေးရွာအနီး တိုက်ပွဲတွင် စစ်သား ၂ ဦးသေဆုံး

ရန်ကုန်၊ ဇူလိုင် ၂၃

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ရငဲကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီ တပ်သား ၂ ဦးသေဆုံးခဲ့ကြောင်း ဒေါင်းမင်းစစ်ဆင်ရေးအဖွဲ့ထံမှ သိရသည်။

ဇူလိုင်လ ၁၆ ရက်နေ့လည် ၂ နာရီခန့်က မြိတ်-ထားဝယ်လမ်းမကြီးပေါ်တွင် ပြည်သူ့ကာကွယ်ရေး တပ် ဖွဲ့ များမှ အကြမ်းဖက်စစ်ကောင်စီတပ်သားများ၊ ၎င်းတို့နှင့်ပတ်သက်ဆက်နွှယ်သူများနှင့်မူးယစ်ဆေးဝါး များ သယ် ဆောင်ခြင်းရှိ၊ မရှိစစ်ဆေးနေစဉ် မြွေတောင်၌ တပ်စွဲထားသော အကြမ်းဖက်စစ်သားများမှ မြိတ်-ထားဝယ်လမ်းမကြီးပေါ်ရှိ ရငဲရွာ၊ ရာဘာခြံသို့ ထိုးစစ်ဆင်လာပြီး လက်နက်ကြီးအများအပြားပစ် ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို့သို့ ထိုးစစ်ဆင်တိုက်ခိုက်လာသော အကြမ်းဖက်စစ်သားများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ကင်း ပုန်းများများ လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၂ ဦးသေဆုံး ပြီး ၃ ဦးဒဏ်ရာရရှိကာ ညနေ ၃ နာရီ ၁၅ မိနစ်တွင် အကြမ်းဖက်စစ်သားများမှ ပြန်လည်ဆုတ်ခွာသွား ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို ဗိုလ်တွေ့မရှောင်ဦးဆောင်သော ဒေါင်းညီနောင်စစ်ကြောင်းနှင့် သရက်ချောင်းမြို့ နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်များဖြစ်ကြသော ဂဠုန်မင်းပြောက်ကျားတပ်ဖွဲ့၊ ကျားရိုင်းပြောက် ကျား တပ်ဖွဲ့၊ ဝါးရိန်ခွန်အား ပြောက်ကျားတပ်ဖွဲ့၊ ထားဝယ်တောင်ပိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့၊ သရက်ချောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေး ပြောက်ကျားတပ်ဖွဲ့၊ ထားဝယ်နဂါးတပ်ခွဲ ၂ ၊ ထားဝယ် လူငယ်လက်ရုံးတပ်ဖွဲ့နှင့် ဒေါင်းမင်းစစ်ဆင်ရေးအဖွဲ့တို့ ပူးပေါင်းကာတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ အောင်မြင်ခဲ့ကြောင်း သိရသည်။

အလားတူ ဇူလိုင်လ ၁၇ ရက် ညနေ ၃ နာရီခွဲခန့်တွင်လည်း ထားဝယ်မြို့ဘက်မှ ဝင်းဝကျေးရွာဘက်သို့ ဆင်းလာသော အကြမ်းဖက်စစ်ကား ၅ စီးကို ပီတိုင်ကျေးရွာအနီးတွင်မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရ သည်။

အဆိုပါတိုက်ခိုက်မှုကို ဒေါင်းမင်းစစ်ဆင်ရေးမြို့ပြပြောက်ကျားတပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်း ဖက်စစ်သား ထိခိုက်သေဆုံးမှုကို စုံစမ်းနေဆဲဖြစ်ကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအ ခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

မြိတ်-ထားဝယ်လမ်းမကြီးပေါ်တွင် စစ်ရေးအခြေအနေတင်းမာနေသဖြင့် မိဘပြည်သူများအနေဖြင့် ဖြတ်သန်းသွားလာခြင်းများ မပြုလုပ်ကြရန် ဒေါင်းမင်းစစ်ဆင်ရေးအဖွဲ့မှ ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article