38 C
Yangon

ရွှေဘိုမြို့နယ်၊ ညောင်ပင်လှ ပျူစောထီး စစ်စခန်းကို ဝင်ရောက်တိုက်ခိုက်မှု ၉ ဦးသေဆုံးပြီး သေနတ် ၃ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိ

Must read

ရွှေဘိုမြို့နယ်၊ ညောင်ပင်လှ ပျူစောထီး စစ်စခန်းကို ဝင်ရောက်တိုက်ခိုက်မှု ၉ ဦးသေဆုံးပြီး သေနတ် ၃ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိ

ရန်ကုန်၊ ဇူလိုင် ၂၃

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ညောင်ပင်လှပျူစောထီး စခန်းကို ဝင်ရောက်တိုက် ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သား၊ ပျူစောထီး ၉ ဦးသေဆုံးပြီး သေနတ် ၃ လက်အပါအဝင် ခဲယမ်းများသိမ်းဆည်းရရှိခဲ့ကြောင်း ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ဇူလိုင်လ ၂၃ ရက် နံနက် ၃ နာရီဝန်းကျင်တွင် အင်အား ၂၅ ဦး ဝန်းကျင်ဖြင့်တပ်စွဲထားသော ညောင်ပင်လှကျေးရွာ ပျူစောထီးစခန်းအား ဝင်ရောက်တိုက်ခိုက်ခဲ့ရာ မိနစ် ၂၀ ခန့်အကြာ မြင့်ခဲ့ပြီး အကြမ်းဖက်စစ်သား၊ ပျူစောထီး ၉ ဦးသေဆုံးကာ ကာဘိုင် ၂ လက်၊ ကိုးလုံး ၁ လက်၊ ကိုးလုံးကျည် ၂၅ တောင့်၊ ကာဘိုင်ကျည် ၂၀၉ တောင့်၊ ကျည်ဘောက် ၁ ခုနှင့် ချပ်ဝတ်တန်ဆာ ၇ ခုတို့ သိမ်းဆည်းရရှိခဲ့ ကြောင်း သိရသည်။

“စခန်းတော့မသိမ်းနိုင်ခဲ့ဘူးဗျ၊ ရွာမြောက်ဘက်ခြမ်းက ကင်းတကင်းတော့ကျန်ခဲ့တယ်၊ အဲဒီဘက်က ညောင်ကိုင်းပျူရွာနဲ့ ကပ်လျက်ဆိုတော့ စစ်ကူရောက် လာ ပြီး လက်နက်ကြီးပစ်ကူပေးတဲ့အတွက် ရွာ မြောက်ဘက်ခြမ်းကင်းတစ်ကင်းကျန်ခဲ့တာ၊ ဒဏ်ရာရတဲ့စစ်ခွေးတွေနဲ့ ကျန်တဲ့ခွေးတွေက ရွာမြောက် ဘက်ခြမ်းကို ထွက်ပြေးကြတာ၊ အဲဒီကင်းဘက်ကတော့ အင်းအားအတိအကျမသိရဘူး” ဟု ရွှေဘိုမြို့ နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

အဆိုပါတိုက်ခိုက်မှုကို ရွှေဘိုခရိုင် ရွှေဘိုမြို့နယ်ပကဖ(PDO)(Shwebo Justice Force အဖွဲ့၊ ရွှေတော သား အဖွဲ့၊ ကျားပျံအဖွဲ့)၊ ရွှေဘိုမြို့နယ်တိုက်နယ် ၃ ပကဖအဖွဲ့နှင့် ဒီပဲယင်းမြို့နယ်ပကဖ (ဂဠုန်မင်း အဖွဲ့၊ စံရှားအဖွဲ့၊ ဒေါင်းမင်းအဖွဲ့၊ သရဲကြီးအဖွဲ့၊ မတထောင်တ‌ကောင်ဘွားအဖွဲ့)တို့ ပူးပေါင်း ကာ တိုက် ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့ ရဲ‌‌ဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရ သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article