27 C
Yangon

အကြမ်းဖက် စစ်အုပ်စုကို သက်ဆိုးရှည်စေမဲ့ ဒေါ်လာ ဘီလျံချီရှိတဲ့ ပြင်သစ်ရင်းနှီးမြှုပ်နှံမှုတွေကို ပြန်လည်ရုတ်သိမ်းပေးဖို့ တောင်းဆိုတဲ့ ကမ်ပိန်းမှာ ပြည်သူများ ပါဝင်နိုင်

Must read

အကြမ်းဖက် စစ်အုပ်စုကို သက်ဆိုးရှည်စေမဲ့ ဒေါ်လာ ဘီလျံချီရှိတဲ့ ပြင်သစ်ရင်းနှီးမြှုပ်နှံမှုတွေကို ပြန်လည်ရုတ်သိမ်းပေးဖို့ တောင်းဆိုတဲ့ ကမ်ပိန်းမှာ ပြည်သူများ ပါဝင်နိုင်

ရန်ကုန်၊ ဇူလိုင် ၂၃

မြန်မာစစ်အုပ်စုကို အကျိုးအမြတ်များစွာ ရနေတဲ့ ဒေါ်လာ ဘီလျံချီရှိတဲ့ ပြင်သစ်ရင်းနှီးမြှပ်နှံမှုတွေကို ပြန်လည်ရုတ်သိမ်းပေးဖို့ လုပ်ဆောင်တဲ့ လှုပ်ရှားမှုမှာ ပြည်သူတွေ ပါဝင်ပေးဖို့ အဆိုပါကမ်ပိန်းကို ဦးဆောင်သူများက ဆော်ဩလိုက်ပါတယ်၊

ပြင်သစ်ပုဂ္ဂလိကဘဏ် ငါးခုဖြစ်တဲ့ Crédit Agricole၊ Groupe BPCE၊ BNP Paribas၊ Banque Postale၊ Société Générale နဲ့ ပြည်သူ့ရံပုံငွေ အဖွဲ့အစည်းတခုဖြစ်တဲ့ Fonds de Réserve pour les Retraites တို့ဟာ မြန်မာစစ်ရာဇဝတ်ဂိုဏ်းနှင့် ဆက်နွယ်မှုရှိတဲ့ ကုမ္ပဏီတွေမှာ ဒေါ်လာဘီလျံ ချီတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်ထားတယ်လို့ ၄င်းတို့က ဆိုတာပါ။ ဒါကြောင့် အဆိုပါ ရင်းနှီးမြှပ်နှံမှုတွေကို ပြန်လည်ရုတ်သိမ်းဖို့အတွက် သက်ဆိုင်ရာ ကုမ္ပဏီမှ ဒါရိုက်တာတွေကို တောင်းဆိုတဲ့ ကမ်ပိန်းကို လုပ်ဆောင်ဆောင်ရခြင်း ဖြစ်တယ်လို့လည်း ဆိုပါတယ်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု စတင်ပြီးနောက်ပိုင်း မြန်မာစစ်တပ်ဟာ ပြည်သူ ၃,၀၀၀ ကျော်ကို သတ်ဖြတ်ခဲ့ပြီး၊ ပြည်သူ ၁၇,၀၀၀ ကျော်ကို အကြမ်းဖက် ဖမ်းဆီးထိမ်းသိမ်းထားတယ်လို့ ပြည်တွင်း ပြည်ပ စောင့်ကြည့်ရေး အဖွဲ့တွေက ဆိုပါတယ်။ ဒါ့အပြင် အကြမ်းဖက်စစ်တပ်ဟာ အရပ်သားပြည်သူများအပေါ် လေကြောင်းတိုက်ခိုက်မှု အကြိမ် ၆၀၀ ကျော်ကျူးလွန်ခဲ့ပြီး၊ လူပေါင်း ၁.၅ သန်းကျော်ကို မိမိတို့ရဲ့ နေအိမ်တွေဆီကနေ ထွက်ပြေးစေခဲ့တယ်လို့လည်း ဆိုပါတယ်။

Info Birmanie၊ BankTrack နဲ့ Justice For Myanmar အဖွဲ့တွေက ပြုလုပ်ခဲ့တဲ့ “မြန်မာစစ်ရာဇဝတ်ဂိုဏ်းအတွင်း ရင်းနှီးမြှုပ်နှံမှု – သင့်ဘဏ်တွေက ငွေကြေး ဘယ်လို ပံ့ပိုးနေလဲ” ဆိုတဲ့လေ့လာမှုတစ်ခုမှာ အဆိုပါ ပြင်သစ်ဘဏ်တွေနဲ့ ပြည်သူ့ရံပုံငွေအဖွဲ့တွေဟာ မြန်မာစစ်အုပ်စုကို တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း ပံ့ပိုးနေတဲ့ ကုမ္ပဏီ ၂၂ ခုမှာ အမေရိကန်ဒေါ်လာ ၆ ဘီလီယံ ရင်းနှီးမြှုပ်နှံထားကြောင်း ထုတ်ဖော်ခဲ့ကြပါတယ်။

အဆိုပါရင်းနှီးမြှုပ်နှံမှုတွေထဲက ၄ ဘီလီယံ တန်ဖိုးရှိတဲ့ ရင်းနှီးမြှပ်နှံမှုတွေကို Crédit Agricole ကုမ္ပဏီက ရင်းနှီးမြှုပ်နှံထားတယ် လို့ ဆိုပါတယ်။၊ အထူးသဖြင့် စစ်လက်နက်နှင့် စစ်ဘက်-အရပ်ဘက်နှစ်မျိုးသုံး နည်းပညာကုမ္ပဏီတွေမှာ ရင်းနှီးမြှပ်နှံထားတာ ဖြစ်ပြီး၊ ပြည်သူတွေအပေါ် ပြန်လည်စောင့်ကြည့် ထောက်လှမ်းမှုတွေမှာ ကြံရာပါ ပတ်သက်နေတဲ့ ဆက်သွယ်ရေး နည်းပညာကဏ္ဍမှာလည်း ရင်းနှီးမြှုပ်နှံထားတယ်လို့ ဆိုပါတယ်။

အမေရိကန်ပြည်ထောင်စု၊ အီးယူနှင့် ယူကေနိုင်ငံတို့က ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ထားပေမဲ့၊ ပြင်သစ်ဘဏ္ဍာရေး အဖွဲ့အစည်းတွေဟာ မြန်မာစစ်တပ်နဲ့ ပတ်သက်နေတဲ့ ကုမ္ပဏီ ၂၂ ခုမှာ ရင်းနှီးမြှပ်နှံမှုတွေ ဆက်လက်ထားရှိနေတာကြောင့် အဆိုပါ စီးပွားရေးအကျိုးအမြတ်တွေက မြန်မာစစ်တပ်ရဲ့ စစ်လက်နက်နဲ့ တိုက်လေယာဉ်ဆီတွေ ဝယ်ယူမှုတွေမှာ အထောက်အပဲ့တွေ ဖြစ်စေတယ်လို့ ဆိုပါတယ်။

စစ်အုပ်စုက ပြည်သူအပေါ် ပြန်လည်ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေကို ရပ်တန့်စေဖို့အတွက်၊ စစ်အုပ်စုကို သက်ဆိုးရှည်စေမဲ့ ဒေါ်လာ ဘီလျံချီရှိတဲ့ ပြင်သစ် ရင်းနှီးမြှုပ်နှံမှုတွေ ပြန်လည်ရုတ်သိမ်းပေးဖို့ တောင်းဆိုတဲ့ ကမ်ပိန်းမှာ ပါဝင်လိုပါက အောက်ပါလင့်ကို ဝင်ရောက်ပြီး လက်မှတ်ထိုး ပါဝင်နိုင်ကြောင်း သိရပါတယ်။

https://tinyurl.com/5ahn2ww8
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article