38 C
Yangon

တန့်ဆည်မြို့ပေါ်တွင် ကင်းလှည့်နေသော စစ်ကား ၃ စီးကို တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံးပြီး ကား ၁ စီးသိမ်းဆည်း ရရှိ

Must read

တန့်ဆည်မြို့ပေါ်တွင် ကင်းလှည့်နေသော စစ်ကား ၃ စီးကို တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံးပြီး ကား ၁ စီးသိမ်းဆည်း ရရှိ

ရန်ကုန်၊ ဇူလိုင် ၂၄

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့ပေါ်၌ ကင်းလှည့်နေသော ကား ၃ စီးကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား၊ ပျူစောထီး ၂ ဦးသေဆုံးပြီး ကား ၁ စီး သိမ်းဆည်းရရှိခဲ့ကြောင်း တန့်ဆည်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံ သို့ ပြောကြားသည်။

ယနေ့ဇူလိုင် ၂၄ ရက် မွန်းတည့် ၁၂ နာရီခန့်က တန့်ဆည်မြို့အတွင်းမှ အနောက်ဘက်အထွက်ဂိတ် ဘက်သို့ ကင်းလှည့်ရန်ထွက်ခွာလာသော အကြမ်းဖက်စစ်သား၊ ပျူစောထီးများလိုက်ပါလာသည့် ကား ၃ စီးကို တန့်ဆည်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့- ပကဖ ရဲဘော်များမှ ဝင်ရောက်ပစ်ခတ်တိုက်ခိုက် ခဲ့ရာ ပျူစောထီး ၂ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရရှိကာ ကင်းလှည့်ရာ၌ အသုံးပြုသော မတ်တူးကား တစ် စီး ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

“ဒီနေ့နေလည့် ၁၂ နာရီလောက်က အနောက်ဘက်အထွက်အထိ စစ်ဆေးရေးဂိတ်ပုံစံမျိုးလုပ်နေတဲ့အ ချိန်မှာ ပြောက်ကျားဝင်တိုက်ခိုက်ခဲ့တာ၊ နာရီဝက်လောက်ကြာခဲ့တယ်၊ ကျနော်တို့ဘက်က ဖိပစ်တာ ဆို တော့ စစ်ခွေးတွေဘက်ကတော့ သိပ်မပစ်နိုင်ဘူး၊ ခြောက်လှန့်ဖောက်တဲ့ပုံစံမျိုးပဲ ဖောက်ပြီးတော့ ပြန် ဆုတ်သွားတာ၊သေတာက ၂ ကောင်သေတယ်၊ ၂ ကောင်လောက်တော့ ဒဏ်ရာရတယ်၊သေတဲ့ ၂ ကောင် ကိုလည်း ကောက်ပြီးတော့ ကားပေါ်ပြန်တင်သွားတယ်၊” တန့်ဆ ည်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံ သို့ ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုအတွင်း တန့်ဆည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ ပြန် လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article