30 C
Yangon

စစ်ရေးတင်းမာနေသည့် ခမ်းပတ်မြို့ကို စစ်တပ်က လေကြောင်းမှတဆင့် ဗုံးကျဲပစ်ခတ်တိုက်ခိုက်မှုကြောင့် တစ်မြို့လုံး ထွက်ပြေးတိမ်းရှောင်နေရ

Must read

စစ်ရေးတင်းမာနေသည့် ခမ်းပတ်မြို့ကို စစ်တပ်က လေကြောင်းမှတဆင့် ဗုံးကျဲပစ်ခတ်တိုက်ခိုက်မှုကြောင့် တစ်မြို့လုံး ထွက်ပြေးတိမ်းရှောင်နေရ

ရန်ကုန်၊ ဇူလိုင် ၂၅

စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ ခမ်းပတ်မြို့ကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းမှ တိုက်ခိုက်မှု ပြုလုပ်နေသဖြင့် မြို့နေပြည်သူလူထုအားလုံး ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသနေပြည်သူများ က ရန်ကုန် ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဇူလိုင်လ ၂၂ ရက်နေ့ကတင်ပြီး ခမ်းပတ်မြို့ရဲစခန်းနှင့် စစ်တပ်စခန်းကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ များမှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား၊ ရဲများ အထိနာပြီး ရဟတ်ယာဉ်ဖြင့် စစ်ကူပို့ခြင်း၊ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ခြင်းတို့ကြောင့် ပြည်သူတစ်ဦး သေဆုံးခဲ့ပြီး ယနေ့အချိန်တွင် တမြို့ လုံးနီးပါး ထွက်ပြေးတိမ်းရှောင်နေရကြောင်း၊ ရဟတ်ယာဉ်ဖြင့် စစ်ကူပို့ထားသော စစ်သားများလည်း တိုက်ခိုက်ခံရပြီး သေဆုံးမှုများပြားကြောင်း သိရသည်။

“ခမ်းပတ်မြို့တစ်မြို့လုံးပြေးနေကြရတာ၊ ကနန်ရွာလည်းပြေးကြရတာ၊ ကနန်နဲ့ခမ်းပတ်ကြားမှာက တံတားခြားတော့ တစ်ချို့ဆိုပြေးမရတော့ဘူး၊ အဲဒီမှာက စစ်တပ်ကြီးလည်းရှိနေတော့၊ ကလေးမြို့က နေစစ်လေယာဉ် အစီးကြီးတွေနဲ့ ဗုံးကျဲနေတာ၊နာရီဝက်လောက်ကပဲ ဗုံးလာချသွားသေးတယ်၊အရမ်း ယုတ်မာတာ၊ နေအိမ်တွေလည်းပျက်စီးတာရှိတယ်၊ ဗုံကျဲတာဆို တော့ ပြန်ရင် အိမ်တွေမရှိလောက် တော့ ဘူးဆိုပြီး ငိုနေကြတယ်” ဟု ဒေသနေပြည်သူတစ်ဦးကရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မြို့တွင်းနှင့်ကျေးရွာများတွင် အသက်အရွယ်ကြီးသော ပြည်သူများမှာ ပိတ်မိနေသေးကြောင်း၊ ကလေး မြို့အပါအဝင် ဘေးလွတ်ရာနေရာများကို ကား၊ ဆိုင်ကယ်တို့အပါအဝင်အဆင်ပြေသလို ပြေးလွှားနေကြ ရကြောင်း၊ ခမ်းပတ်မြို့အပါအဝင် အနီးအနားကျေးရွာနေပြည်သူများအားလုံးထွက်ပြေးနေကြရခြင်းဖြစ် ကြောင်း သိရသည်။

“၂၂ ရက်နေ့က စပြီး ပြေးနေကြရတာ၊ PDF တွေက ဒီနေ့နောက်ဆုံးလမ်းဖွင့်ပေးတယ်၊ လူတွေ ပြေးနေ ကြရတာ ၃ ရက်လောက်ရှိပြီ၊ ၂၃ ရက်နေ့က စစ်လေယာဉ်နဲ့ ၃ ခေါက်လောက်လာသွားတယ်၊ စစ်အကူ တွေလာချတာ၊ စစ်သား ၃၀ လောက်လာချသွားတယ်တဲ့၊ PDF တစ်ယောက်ပြောတာတော့ စစ်ကူလာတဲ့ သူတွေသေကုန်ကြတယ်လို့ပြောတယ်၊ စစ်ပွဲက ၂၂ ရက်နေ့ကနေ အခုထိဆိုတော့ သတင်းအတိအကျ မသိရသေးဘူး၊” ဒေသနေပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

လက်ရှိ ခမ်းပတ်မြို့တွင် စစ်တပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်များ စစ်ရေး အလွန်တင်းမာနေပြီး တိုက်ပွဲများ အချိန် မရွေးဖြစ်ပွားနိုင်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article