33 C
Yangon

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်သို့ ပြောင်း သည့် ကောလာဟလ သတင်းများ စစ်အုပ်စုဘက်က ထုတ်လွှင့်နေဟု NUG ပြောခွင့်ရ ပုဂ္ဂိုလ် ဦးနေဘုန်းလတ်ပြောဆို

Must read

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်သို့ ပြောင်း သည့် ကောလာဟလ သတင်းများ စစ်အုပ်စုဘက်က ထုတ်လွှင့်နေဟု NUG ပြောခွင့်ရ ပုဂ္ဂိုလ် ဦးနေဘုန်းလတ်ပြောဆို

■ ငွေစက္ကူသစ် နှစ်သောင်းတန် ဂယက်ကြီးမားနေချိန် ဒေါ်အောင်ဆန်း စုကြည် ကို အကျယ်ချုပ်ပြောင်းရွှေ့ဆိုသော သတင်းများ စစ်အုပ်စုဘက်က ဖြန့်ဝေလာ

ရန်ကုန်၊ ဇူလိုင် ၂၅

နေပြည်တော်အချုပ်ထောင်တွင် မတရား ဖမ်းဆီးခံထားရသော လူထုခေါင်း ဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်သို့ ပို့ဆောင်သည့် ကောလာဟလ သတင်းများ စစ်အုပ်စုဘက်က ထုတ်လွှင့်နေကြောင်း အမျိုး သားညီညွတ်ရေးအစိုးရ NUG ပြောခွင့်ရ ပုဂ္ဂိုလ် ဦးနေဘုန်းလတ်က ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇူလိုင်လ ၂၃ ရက်နေ့မှစတင်၍ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ် ချုပ်သို့ ပြောင်းရွှေ့သည်ဆိုသော သတင်းများကို စစ်တပ်သတင်းရင်းမြစ် များက တစ်ဆင့် ပုံစံမျိုးစုံဖြင့် ထုတ်လွှင့်နေပြီး ရန်ကုန်ခေတ်သစ် အနေဖြင့် လည်း ယင်းသတင်းကို အတည်ပြုနိုင်ခြင်းမရှိသည့်အပြင် ဒေါ်အောင်ဆန်း စုကြည်သည် မူရင်းအကျဉ်းထောင်နေရာတွင်ပင် ဆက်လက်တည်ရှိနေ ကြောင်း သတင်းများ ရရှိထားသည်။

“နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ပတ်သက်လို့ ထွက်ပေါ်နေတဲ့ သတင်းတွေကို ကျနော်တို့အနေနဲ့ သီးခြားအတည်ပြုလို့မရပါဘူးခင်ဗျ။ အဲဒီတော့ လက်ရှိ ကြားနေရတဲ့ အချက်အလက်တွေအရလည်း အကျဉ်းထောင်နီးစပ်သူတွေက ပြောတယ်ဆိုတာတွေကလည်း သတင်းသဘောတရားအရ ခိုင်လုံတဲ့ သတင်း ရင်းမြစ်မဟုတ်ဘူးလို့ သုံးသပ်တယ်။ အကြမ်းဖက်စစ်အုပ်စုဘက်ကလည်း ဒါကို အတည်ပြု ပြောဆိုထားခြင်းမရှိဘူး။ တကယ်လို့ အကြမ်းဖက် စစ်အုပ်စု ဘက်က ပြောရေးဆိုခွင့်ရှိသူကိုယ်တိုင် ထွက်ပြောတယ်ဆိုရင်တောင်မှ ကျနော် တို့က ဒီကိစ္စကို အများကြီး စဉ်းစားရမှာ ဖြစ်ပါတယ်။ ကျနော်တို့မြင်တာတော့ အကြမ်းဖက်စစ်အုပ်စုက သက်တမ်းတိုးထားတဲ့ ၆ လလည်း ပြည့်တော့မယ့် ကာလဖြစ်တော့ ဒီအပေါ်မှာ တစ်စုံတစ်ရာတော့ ခြေလှမ်းတစ်ခုတော့ လှမ်းရ မယ့် သဘောရှိပါတယ်။ အဲဒီတော့ ခြေလှမ်းတစ်ခု မလှမ်းခင်ကာလတစ်ခုမှာ ကျနော်တို့ ဖြစ်နိုင်ခြေရှိတာတွေ မျိုးစုံကို ကောလာဟလတွေ လွှင့်ပြီးတော့ သတင်းထောက်ကြည့်တဲ့ပုံစံမျိုးဖြစ်နိုင်သလို လက်ရှိအချိန်မှာလည်း တော်လှန် ရေးက တော်တော်လေး အားသာနေပြီးတော့ အဘက်ဘက်က အားသာနေ တဲ့အခြေအနေကို ဖုံးလွှမ်းချင်လို့ အခုလိုမျိုး သတင်းတုသတင်းယောင်တွေ လွှင့်တာမျိုးဖြစ်နိုင်ပါတယ်” ဟု အမျိုးသားညီညွတ်ရေးအစိုးရ၏ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးနေဘုန်းလတ်က ပြောဆိုသည်။

စစ်တပ်ဘက်က ရည်ရွယ်ချက်ရှိရှိ ထုတ်လွှင့်နေသော သတင်းများတွင် ဒေါ်အောင် ဆန်း စုကြည်ကို နေအိမ်အကျယ် ချုပ်သို့ ပြောင်းရွှေ့ပြီး ဟုလည်းကောင်း၊ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကို နေအိမ် အကျယ်ချုပ်ရွှေ့ရန် မိသားစုနှင့် အတူပြန်နေထိုင်ရန် မိသားစုကို စစ်ကောင်စီက မေးမြန်းသည်ဟုလည်းကောင်း အတည်မပြု နိုင်သော သတင်းများ တောက်လျှောက်ဆိုသလို ထုတ်လွှင့်နေခြင်းဖြစ်သည်။

စစ်တပ်ဘက်က ကောလာဟလ သတင်းများ ထုတ်လွှင့်နေချိန်သည် နှစ်သောင်း တန်ငွေစက္ကူသစ်ကြောင့် ပြည်တွင်း စီးပွားရေးစျေးကွက်တွင် ကသောင်းကနင်းများဖြစ်ပေါ်နေချိန်နှင့်လည်း တိုက်ဆိုင်နေသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article