30 C
Yangon

ဖြူးမြို့နယ်၊ အင်ပင်သာရွာတွင် စစ်တပ် ထောင်ထားသော မိုင်းပေါက်ကွဲပြီး ကလေးငယ် ၄ ဦးသေဆုံးကာ ၂ ဦးဒဏ်ရာရ

Must read

ဖြူးမြို့နယ်၊ အင်ပင်သာရွာတွင် စစ်တပ် ထောင်ထားသော မိုင်းပေါက်ကွဲပြီး ကလေးငယ် ၄ ဦးသေဆုံးကာ ၂ ဦးဒဏ်ရာရ

ရန်ကုန်၊ ဇူလိုင် ၂၅

ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ အင်ပင်သာရွာတွင် အကြမ်းဖက် စစ်တပ် ထောင်ထားသော မိုင်းပေါက်ကွဲပြီး ကလေးငယ် ၄ ဦးသေဆုံးကာ ၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇူလိုင်လ ၂၅ ရက်နေ့ ညနေ ၄ နာရီကျော်ခန့်တွင်

ဖြူးမြို့နယ်၊ အင်ပင်သာရွာထိပ်ရှိ စာကြည့်တိုက်တွင် ကလေးငယ် ၈ ဦးဆော့ကစားနေစဥ် အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ထောင်ထားခဲ့သည့် မိုင်းပေါက်ကွဲပြီး ကလေးငယ် ၄ ဦးသေဆုံးကာ ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“အင်ပင်သာရွာမှာ စစ်ခွေးထောင်ထားတဲ့ ဗုံးပေါက်ပြီး ကလေးငယ် ၈ ဦး ထိသွားတယ်။ ၄ ဦးကတော့ ပွဲချင်းပြီးသေတယ်။ ၂ ဦးထိခိုက် ဒဏ်ရာရတယ်။ စစ်ခွေးတွေ စစ်ကြောင်းထိုးပြီး ထောင်ထားခဲ့တာ အင်ပင်သာ ရွာထိပ် စာကြည့်တိုက်ဘက်ကို စစ်ခွေးတွေ စစ်ကြောင်းထိုးတာ မကြာသေးဘူး” ဟု ဒေသပြည်သူ တစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article