29 C
Yangon

ရွှေဘိုမြို့ပေါ်တွင် ရေချိုးနေသော စစ်သားများနှင့် ယာဥ်တန်းကို ပါဆယ်မိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူ များပြား

Must read

ရွှေဘိုမြို့ပေါ်တွင် ရေချိုးနေသော စစ်သားများနှင့် ယာဥ်တန်းကို ပါဆယ်မိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူ များပြား

ရန်ကုန်၊ ဇူလိုင် ၂၅

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ပေါ်တွင် ရေချိုးနေသော စစ်သားများနှင့် ယာဥ်တန်းကို ပါဆယ်မိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သား ၂၂ ဦးသေဆုံးခဲ့ကြောင်း နယ်စည်းမခြားရွှေဘိုသား LPDF တပ်ဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဇူလိုင်လ ၂၃ ရက် ညနေ ၆ နာရီ ၁၅ မိနစ်ခန့်က ရွှေဘိုမြို့၊ သီတဂူကျောင်းပေါက်ဝနား၌ ရေချိုးနေသော အကြမ်းဖက် စစ်သားများကို ပါဆယ်မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သား ၇ ဦးသေဆုံး ပြီး ဒဏ်ရာရရှိသူများလည်းရှိကြောင်း သိရသည်။

အလားတူ ဇူလိုင်လ ၂၃ ရက် ညနေ ၆ နာရီ မိနစ် ၂၀ ခန့်တွင် ရွှေဘိုမြို့၊ ဆုတောင်းပြည့်ကွေ့၌ အကြမ်း ဖက် စစ်တပ် ယာဥ်တန်းကို ပါဆယ် ချိန်ကိုက်မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ အကြမ်း ဖက်စစ်သား ၁၅ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို နယ်စည်းမခြားရွှေဘိုသားအဖွဲ့၊ ရွှေဘိုအားမာန်UG အဖွဲ့တို့က အဓိက ဦးဆောင်ပြီး ရွှေဘို သခင်ကြီး တိုက်နယ် ၄ ၊ (ပကဖ) နောင်ရိုး Army) တပ်ခွဲ ၁ တို့ပူးပေါင်း ကာတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီတပ်သား ၂၂ ဦးသေဆုံးပြီး ၁၂ ဦး ဒဏ်ရာရရှိခဲ့သည်ကို ရွှေဘိုမြို့ ဆေးရုံကြီးမှ အတည်ပြုနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article