29 C
Yangon

ဆားလင်းကြီးမြို့နယ်ရှိ Non-CDM ဝန်ထမ်းများ ဇူလိုင်လကုန်၌ နောက်ဆုံးထား၍ CDM ပြုလုပ်ရန် ပအဖ အမိန့် ထုတ်ပြန်

Must read

ဆားလင်းကြီးမြို့နယ်ရှိ Non-CDM ဝန်ထမ်းများ ဇူလိုင်လကုန်၌ နောက်ဆုံးထား၍ CDM ပြုလုပ်ရန် ပအဖ အမိန့် ထုတ်ပြန်

ရန်ကုန်၊ ဇူလိုင် ၂၆

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ရှိ Non-CDM ဝန်ထမ်းများ ဇူလိုင်လကုန်၌ နောက်ဆုံးထား၍ CDM ပြုလုပ်ရန် မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အမိန့် ထုတ်ပြန်ထားကြောင်း သိရသည်။

ဇူလိုင်လ ၂၅ ရက်နေ့တွင် ဆားလင်းကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က မြို့နယ်အတွင်းရှိ Non-CDM ဝန်ထမ်းများ အနေဖြင့် ဇူလိုင်လ ၃၁ ရက်နေ့ နောက်ဆုံးထား၍ နီးစပ်ရာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ၊ ပြည်သူ့လုံခြုံရေးအဖွဲ့များ ပြည်သူ့ကာကွယ်ရေးအဖွဲ့များထံ ဆက်သွယ်၍ အလင်းဝင်ရောက်ကြရန် နှင့် လိုက်နာဆောင်ရွက်ခြင်း မရှိပါက ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း အမိန့်ထုတ်ပြန်ထားသည်ဟု သိရသည်။

ဆားလင်းကြီးမြို့နယ် အတွင်းရှိ Non-CDM ဝန်ထမ်းများသည် အလင်းဝင်ရောက်ခြင်း မရှိဘဲ ပြည်သူလူထုအား မျက်နှာမမူဘဲ အကြမ်းဖက်စစ်တပ်၏ ထောက်တိုင်အဖြစ် တာဝန်များ ဆက်လက်ဆောင်ရွက်နေကြကြောင်း၊ ဆားလင်းကြီးမြို့နယ်အတွင်း စိုးမိုးဒေသများတွင် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များဖွဲ့စည်းထားပြီး ဖြစ်၍ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့အနေဖြင့် မိမိတို့ရပ်ရွာအတွင်း Non-CDM ဝန်ထမ်းလုံးဝ မရှိစေရန်ဆောင် ရွက်ကြရန် ပအဖ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ Non-CDM ဝန်ထမ်းများကို ၂၀၂၂ ခုနှစ်ဖေဖော်ဝါရီလ ၁၀ ရက်နေ့၊ ၂ဝ၂၂ ခုနှစ် ဇွန်လ ၁ ရက်နေ့နှင့် ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၁၂ ရက်နေ့ တို့တွင်လည်း CDM ပြုလုပ်ရန် ရှင်းလင်းစွာ အသိပေးထားခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article