33 C
Yangon

အကြမ်းဖက် သတင်းရဲတပ်ဖွဲ့ မှ အမျိုးသားရေးအစွန်းရောက်နှင့်မဘသ ထောက်ခံသူအားပေးသူ ရဲမှူးကြီး နိုင်ရဲသူ နှလုံးရောဂါဖြင့်သေဆုံး

Must read

အကြမ်းဖက် သတင်းရဲတပ်ဖွဲ့ မှ အမျိုးသားရေးအစွန်းရောက်နှင့်မဘသ ထောက်ခံသူအားပေးသူ ရဲမှူးကြီး နိုင်ရဲသူ နှလုံးရောဂါဖြင့်သေဆုံး

ရန်ကုန်၊ ဇူလိုင် ၂၆

အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ သတင်းရဲတပ်ဖွဲ့မှ အမျိုးသားရေး အစွန်းရောက်နှင့်မဘသ ထောက်ခံသူအားပေးသူ ရဲမှူးကြီး နိုင်ရဲသူ သည် နှလုံးရောဂါဖြင့် ရုတ်တရက် သေဆုံးသွားကြောင်း စုံစမ်းသိရှိရသည်။

ပြည်ထဲရေးဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်နေသော စစ်ဘက်အရာရှိ ဟောင်း ရဲမှူးကြီး နိုင်ရဲသူသည် ဇူလိုင်လ ၂၃ ရက်နေ့ နှလုံးဖောက်ဝေဒနာဖြင့် စစ်တပ်ပိုင် ကန်သာယာဆေးရုံသို့ တင်ပို့စဉ် သေဆုံးသွားခဲ့ကြောင်း၊ သေဆုံး ချိန်တွင် သားတစ်ဦးနှင့် ဇနီးကျန်ရစ်ကြောင်း သိရှိရသည်။

နှလုံးရောဂါဖြင့် ရုတ်တရက်သေဆုံးသော အသက် ၅၆ နှစ်အရွယ်ရှိ ရဲမှူးကြီး နိုင်ရဲသူကို ဇူလိုင်လ ၂၅ ရက်နေ့ မင်္ဂလာဒုံစစ်သင်္ချိုင်းတွင် သဂြိုလ်ခဲ့ကြောင်း ၊ ရဲမှူးကြီး နိုင်ရဲသူသည် စစ်တပ်တွင် ဘွဲ့ရ ဗိုလ်လောင်းသင်တန်း OTS ကျောင်းဆင်းဖြစ်ပြီး အရာရှိဘ၀မှ ပြည်ထဲရေးဝန်ကြီးဌာန၊ ရဲတပ်ဖွဲ့တွင် ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ကြောင်း သိရှိရသည်။

“သူက မဘသ ထောက်ခံ အားပေးသူ စစ်စစ်ပါပဲ။ စစ်တပ်ကနေ ရဲဘက် ပြောင်း လာပြီး ရဲတပ်ဖွဲ့မှာတော့ ဌာနပေါင်းစုံပဲ ရွှေ့ပြီး တာဝန်ယူတယ်။ နောက်ဆုံးသူပြောင်းခဲ့တာက နိုင်ငံဖြတ်ကျော်မှုခင်းဌာနကနေ သတင်း တပ်ဖွဲ့ကိုပဲ” ဟု ရဲတပ်ဖွဲ့နှင့်နီးစပ်သော သတင်းရင်းမြစ်ထံမှ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article