36 C
Yangon

ခင်ဦးမြို့နယ်တွင် စစ်တပ်က ကျေးရွာများကို စစ်ကြောင်းထိုး ဝင်ရောက်နေပြီး ပြည်သူ ၂ ဦး ဖမ်းဆီးခံရကာ ပြည်သူ ၃၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင် နေရ

Must read

ခင်ဦးမြို့နယ်တွင် စစ်တပ်က ကျေးရွာများကို စစ်ကြောင်းထိုး ဝင်ရောက်နေပြီး ပြည်သူ ၂ ဦး ဖမ်းဆီးခံရကာ ပြည်သူ ၃၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင် နေရ

ရန်ကုန်၊ ဇူလိုင် ၂၆

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် စစ်တပ်က ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်ကာ စစ်ကြောင်းထိုး ဝင်ရောက်နေ​ပြီး ပြည်သူ ၂ ဦး ဖမ်းဆီးခံရကာ ပြည်သူ ၃၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင် နေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ရွှေဘိုမြို့နယ်၊ ကိုးပင်၊ ဖိုလ်ကုန်းမှ လာသော အကြမ်းဖက် စစ်တပ် အင်အား ၁၀၀ ကျော်ပါ စစ်ကြောင်းသည် ဇူလိုင် ၂၆ ရက်နေ့ နံနက်ပိုင်းတွင် ခင်ဦးမြို့နယ် သံဘိုရွာသို့ လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ကာ ဝင်ရောက်လာသောကြောင့် သံဘိုရွာ၊ ရေအေးကုန်းရွာ၊ ကျီးကန်ရွာ စသည့် ရွာများမှ ပြည်သူ ၁၀၀၀ ​ကျော်သည် ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။

ထို့ပြင် ခင်ဦးမြောက်ဘက်ခြမ်းရှိ မဒေါင်းလှ ပျူစောထီးရွာမှ အင်အား ၂၅ ဦးသည် ယနေ့ ဇူလိုင် ၂၆ ရက်နေ့တွင် ပေါက်တောရွာသို့ လက်နက်များနှင့် ပစ်ခတ်ဝင်ရောက်ပြီး ပြည်သူ ၂ ဦးကို ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း ဒေသပြည်သူများက ပြောကြားသည်။

“အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၁ ဦး ဖမ်းခံရတယ်။ ပေါက်တောရွာကပါ” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။

မဒေါင်းလှရွာမှ ပျူစောထီးများဝင်ရောက်မှုကြောင့် ပေါက်တော၊အင်ကြင်းပင်၊စောကြီး စသည့် ကျေးရွာများမှ ဒေသပြည်သူ ၂၀၀၀ ကျော်လည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article