30 C
Yangon

ချောက်မြို့ပေါ်တွင် မိုင်းလာရှင်းသည့် ရဲနှင့် စစ်သားများကို ဖောက်ခွဲ တိုက်ခိုက်မှု ၂ ဦး ဒဏ်ရာရ၊ ကျွန်းစုမြို့နယ်ရှိ ရဲစခန်းကို PDF တပ်ဖွဲ့က ပစ်ခတ် တိုက်ခိုက်

Must read

ချောက်မြို့ပေါ်တွင် မိုင်းလာရှင်းသည့် ရဲနှင့် စစ်သားများကို ဖောက်ခွဲ တိုက်ခိုက်မှု ၂ ဦး ဒဏ်ရာရ၊ ကျွန်းစုမြို့နယ်ရှိ ရဲစခန်းကို PDF တပ်ဖွဲ့က ပစ်ခတ် တိုက်ခိုက်

ရန်ကုန်၊ ဇူလိုင် ၂၆

မကွေးတိုင်း၊ ချောက်မြို့တွင် မိုင်းလာရှင်းသည့် ရဲနှင့် စစ်သားများကို ဖောက်ခွဲ တိုက်ခိုက်မှု ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း Chauk Guerilla Force- CGF တပ်ဖွဲ့မှ ဒုခေါင်းဆောင် ဗိုလ်ပေတ က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဇူလိုင်လ ၂၅ ရက် နံနက် ၇ နာရီ မိနစ် ၂၀ ခန့်တွင် မြို့တွင်းလျှပ်တပြက်စစ်ဆင်ရေးလှုပ်ရှားမှု အဖြစ် ချောက်မြို့တွင်းသို့ ဝင်ရောက်ကာ အမှတ် ၁ ရေနံကလပ်ထောင့် ကြံ့ဖွတ်ရုံးရှေ့၌ မိုင်းအတု တစ် လုံးဆင်ကာ လာရောက်ရှင်းလင်းသည့် အကြမ်းဖက်စစ်ကောင်စီတပ်သားများကို မိုင်းအစစ် ၂ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းကြောင်း၊ ထို့သို့ ဖောက်ခွဲတိုက်ခိုက်မှုကြောင့် စခန်းမှူးဝင်းဆန်းအပါအဝင် ၂ ဦး အပြင်းအထန်ဒဏ်ရာရရှိကာ သေဆုံးနိုင်ကြောင်း သိရသည်။

“မိုင်းအတုဆင်ပြီးတော့ စစ်ခွေးတွေ လာရှင်းတဲ့အချိန် နေရာယူမယ့်နေရာမှာ မိုင်းအစစ်ဆင်တိုက်ခိုက်ခဲ့ တာ၊ မိုင်းအတုကို စနိုက်ပါနဲ့ ၃ ချက်ပစ်ရှင်းတယ်၊ ချောက်မြို့မစခန်းမှူးနဲ့ စစ်ခွေးတွေ မိုင်းအစစ်ဆင် ထားတဲ့နေရာကို ရောက်တဲ့အချိန်မှာ ဖောက်ခွဲတိုက်ခိုက်ခဲ့တာ၊ ဖောက်ခွဲမယ့်အချိန် ပြည်သူ့ကားတစ်စီး ရောက်လာလို့ ရှောင်ပြီးခွဲခဲ့ရတာ၊ မဟုတ်ရင်အဲဒီစခန်းမှူးနဲ့ စစ်ခွေးကတော့ နေရာမှာတင်ပွဲချင်းပြီးပဲ၊ အခုလဲ သေနိုင်လောက်တဲ့ဒဏ်ရာတော့ ရတယ်လို့ သိရတယ်၊ သေမသေအတည်မပြုနိုင်သေးတာ၊ ရေနံ ဆေးရုံကနေ မနိုင်တော့ဘူးဆိုပြီးချောက်မြို့နယ်ပြည်သူ့ဆေးရုံကြီးကို လွှဲလိုက်တယ်ဆိုတော့ သေနိုင် လောက်တယ်” ဟု Chauk Guerilla Force- CGF တပ်ဖွဲ့မှ ဒုခေါင်းဆောင် ဗိုလ်ပေတ က ရန်ကုန်ခေတ် သစ် သတင်းဌာနထံသို့ ပြောကြားသည်။

မိုင်းခွဲတိုက်ခိုက်မှုကြောင့် အပြင်းအထန်ဒဏ်ရာရရှိသော စခန်းမှူးဝင်းဆန်းမှာ မကြာသေးမီက ချောက် မြို့မရဲစခန်းသို့ ပြောင်းရွှေ့လာသူဖြစ်ကြောင်း၊ အပြင်းအထန်ဒဏ်ရာရရှိသော စစ်သားမှာ ဗိုလ်အိမ်နံ ပါတ် ၆၀ မှ စစ်သားတစ်ဦးဖြစ်ကြောင်း၊ ထပ်မံဖောက်ခွဲရန် ကျန်ရှိနေသော မိုင်းတစ်လုံးကို ထပ်မံ ဖောက်ခွဲတိုက်ခိုက်သော်လည်း ပေါက်ကွဲခြင်းမရှိပဲ အကြမ်းဖက်စစ်သား၊ ရဲများမှာကြောက်လန့်ပြီး လမ်းများ ပိတ်ဆို့ကာ ည နေ ၅ နာရီ ၁၀ မိနစ်အချိန်တွင် စနိုက်ပါဖြင့် ပစ်ခတ်ကာ ဖောက်ခွဲဖျက်ဆီး လိုက်ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို ချောက်မြို့နယ်ပြောက်ကျားတပ်ဖွဲ့(Chauk Guerilla Force- CGF နှင့် ချောက် ပကဖတို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ ပြန် လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ မိဘပြည်သူများအနေဖြင့် အကြမ်းဖက်စစ်သား၊ ရဲများနှင့် ဝေးဝေးနေထိုင် ပေးကြပါရန်၊ မသင်္ကာဖွယ်ရာပစ္စည်းများတွေ့ရှိပါက ကိုင်တွယ်ခြင်းမပြုလုပ်ကြပါရန်နှင့် အကြမ်းဖက် စစ်ကောင်စီတပ်သားများကို အမြစ်ပြတ်တိုက်ထုတ်နိုင်ရန် လိုအပ်လျက်ရှိသော လက်နက်ခဲယမ်း၊ ရိက္ခာများကို ထောက်ပံ့ကူညီပေးကြပါရန် မေတ္တာရပ်ခံထားသည်။

ထို့ပြင် တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ ရှော်တောမော်ရွာ ရဲစခန်းကို PDF တပ်ဖွဲ့က ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ထံမှ သိရသည်။

ဇူလိုင်လ ၂၅ ရက်နေ့ ည ၆ နာရီ ၄၅ မိနစ်ခန့်တွင် ရှော်တောမော်ရွာ ရဲစခန်းရှိ စစ်သားနှင့် ရဲများကို မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်များက လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်မှ စစ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်သော်လည်း အတည်ပြုမပြုနိုင်သေးကြောင်း ကာကွယ်ရေးအဖွဲ့ဘက်မှ ထိခိုက်မှုမရှိပြန်ဆုတ်လာနိုင်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) ရဲဘော်များသည် ဇူလိုင်လ ၂၀ ရက်နေ့ကလည်း ဘဒ္ဒနဲကျေးရွာအုပ်စု၊ တဆားဂလက်ဝ အနီးရှိ ရေကြောင်းလမ်းမှာ စက်လှေငယ်ဖြင့်သွားလာနေသည့် စစ်သားနှင့် ပျူစောထီး တပ်သားများကို အသင့်စောင့်ကြို တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article