30 C
Yangon

လားရှိုးမြို့နယ်၊ အီနိုင်းရွာအနီးရှိ TNLA တပ်စခန်းကို စစ်တပ်က လေ​ကြောင်းဖြင့် တိုက်ခိုက်မှု TNLA ရဲဘော် ၅ ဦး ဒဏ်ရာရ

Must read

လားရှိုးမြို့နယ်၊ အီနိုင်းရွာအနီးရှိ TNLA တပ်စခန်းကို စစ်တပ်က လေ​ကြောင်းဖြင့် တိုက်ခိုက်မှု TNLA ရဲဘော် ၅ ဦး ဒဏ်ရာရ

ရန်ကုန်၊ ဇူလိုင် ၂၈

ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ်၊ အီနိုင်းရွာအနီးရှိ TNLA တပ်စခန်းကို စစ်တပ်က လေ​ကြောင်းဖြင့် တိုက်ခိုက်ရာ TNLA ရဲဘော် ၅ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း TNLA က ထုတ်ပြန်ထားသည်။

ဇူလိုင်လ ၂၇ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် လားရှိုးမြို့နယ်၊ အီနိုင်းရွာအနီးရှိ TNLA တပ်စခန်းကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ Mi-35 ရဟက်ယာဥ် ၂ စီးဖြင့် TNLA တပ်မဟာ ၄ ရှိရာ အီနိုင်း (နတ်စင်ကုန်း) အနီးတစ်ဝိုက်ကို ဗုံး ၁၅ လုံးထက်မနည်း ပစ်ခတ်ခဲ့ကြောင်း၊ ထို့ပြင် အကြမ်းဖက် စစ်တပ်၏ တိုက်ခိုက်ရေး လေယာဥ်က လားရှိုးမြို့ပေါ်တွင် မိနစ်အနည်းငယ် ပျံဝဲပြီး ၅ မိနစ်အကြာတွင် လာရောက် ဗုံးကျဲခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှုကြောင့် TNLA ရဲဘော် ၅ ဦး ထိခိုက် ဒဏ်ရာ ရရှိကာ နေအိမ် ၁ လုံးထိခိုက်ပျက်စီးခဲ့ကြောင်း PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article