30 C
Yangon

ဂျပန်နိုင်ငံက မြန်မာစစ်အာဏာသိမ်းအုပ်စုကို အာဆီယံနှင့် G7 တရားရေး ဝန်ကြီးများ အစည်းအဝေးမှ ဖယ်ချန်ထားမှု လမ်းကြောင်းမှန် အစဉ် အလာ အဖြစ် အရပ်ဘက်အဖွဲ့များက ကြိုဆို

Must read

ဂျပန်နိုင်ငံက မြန်မာစစ်အာဏာသိမ်းအုပ်စုကို အာဆီယံနှင့် G7 တရားရေး ဝန်ကြီးများ အစည်းအဝေးမှ ဖယ်ချန်ထားမှု လမ်းကြောင်းမှန် အစဉ် အလာ အဖြစ် အရပ်ဘက်အဖွဲ့များက ကြိုဆို

ရန်ကုန်၊ ဇူလိုင် ၂၈

ဂျပန်နိုင်ငံက မြန်မာစစ်အာဏာသိမ်းအုပ်စုကို အာဆီယံနှင့် G7 တရားရေး ဝန်ကြီးများအစည်းအဝေးမှ ဖယ်ချန်ထားမှု လမ်းကြောင်းမှန် ခြေလှမ်း အစဉ် အလာအဖြစ် အရပ်ဘက်အဖွဲ့ Defend Myanmar Democracy နှင့် Progressive Voice တို့က ကြိုဆိုလိုက်ကြသည်။

ဇူလိုင် ၆ ရက်နှင့် ၇ ရက်၌ အာဆီယံနှင့် G7 တရားရေးဝန်ကြီးများ အစည်း အဝေး များကို ဂျပန်နိုင်ငံက ဦးဆောင်ကျင်းပချိန်တွင် မြန်မာစစ်အုပ်စုကို မထည့် သွင်းခဲ့ဘဲ ဤသည်မှာ လမ်းကြောင်းမှန်သို့ သွားသော ခြေလှမ်း တစ်ခု ဖြစ်ပြီး အနာဂတ်တွင် ထိတွေ့ဆက်ဆံမှုများအတွက် စံနမူနာ၊ အစဉ်အလာ အဖြစ် ယူရမည်ဖြစ်ကြောင်း၊ ဂျပန်နိုင်ငံက ထုတ်ပြန်သော အစည်းအဝေး များ၏ တရားဝင် အနှစ်ချုပ် မှတ်တမ်းတွင် မြန်မာနိုင်ငံကို ဖယ်ထုတ်ထား ကြောင်း သိရှိရသည်။

ဂျပန် သတင်းမီဒီယာများ တွင်ပါသော အစည်းအဝေး ဓာတ်ပုံများတွင်လည်း မြန်မာနိုင်ငံအတွက် ထိုင်ခုံလွတ်ကို သိသာထင်ရှားစွာ ပြသခဲ့ပြီး စစ်အုပ်စု သည် မြန်မာနိုင်ငံတွင် အစိုးရယန္တရား ကို သိမ်းပိုက်ထားသည့် ဥပဒေနှင့် မညီသော၊ တရားမ၀င် အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း ၊ စစ်အုပ်စုက ခန့် အပ်ထားသော “ဥပဒေရေးရာဝန်ကြီးနှင့် ပြည်ထောင်စု ရှေ့နေချုပ်” ဒေါ်သီတာ ဦးအား ဒီမိုကရေစီနှင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက်စေသည့်အတွက် အမေရိကန်၊ ဗြိတိန်နှင့် ကနေဒါနိုင်ငံတို့က ပိတ်ဆို့ ဒဏ်ခတ်၊ အရေးယူ ထား ကြောင်း၊ စစ်အစိုးရ၏ “တရားလွှတ်တော် တရားသူကြီးချုပ်” ဦးထွန်းထွန်းဦး ကိုလည်း ဒီမိုကရေစီနှင့် တရားဥပဒေစိုးမိုးရေးကို ပျက်ပြားစေသည့်အတွက် အမေရိကန်နှင့် ကနေဒါတို့မှ ပိတ်ဆို့ ဒဏ်ခတ်အရေးယူထားကြောင်း သိရှိရ သည်။

အရပ်ဘက်လူမှုအဖွဲ့အစည်း ၄၁၁ ဖွဲ့က ဂျပန် တရားရေးဝန်ကြီး Ken Saitō ထံသို့ အစည်းအဝေးများမှ စစ်အာဏာသိမ်းအုပ်စုကို ဖယ်ချန်ထားရန်၊ ၎င်းတို့ အစား မြန်မာပြည်သူလူထုအား တရားဝင်အစိုးရဖြစ်သော အမျိုးသား ညီညွတ် ရေးအစိုးရမှ ကိုယ်စားပြုမည်ဖြစ်ကြောင်း အတည်ပြုပေးရန် တောင်းဆိုသော အိတ်ဖွင့်ပေးစာ တစောင်ကို ပေးပို့ခဲ့ပြီးနောက် စစ်အုပ်စု ကိုယ်စားလှယ် များ ကို ချန်လှပ်ခဲ့ခြင်းဖြစ်သည်။

မြန်မာ့ဒီမိုကရေစီကာကွယ်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုရဲ က “ဒီအစည်း အဝေး တွေမှာ ဂျပန်နိုင်ငံက မြန်မာစစ်အာဏာသိမ်းအုပ်စုရဲ့ ကိုယ်စား လှယ် တွေကို ချန်လှပ်ထားလိုက်ခြင်းက လမ်းကြောင်းမှန်ဘက် သွားတဲ့ ခြေလှမ်း တစ်ခုဖြစ်တယ်၊ ဒါကို မြန်မာပြည်သူတွေက ကြိုဆိုမှာပါ။ ဒီလုပ်ရပ်က စစ် အုပ်စု အနေနဲ့ မြန်မာနိုင်ငံရဲ့အစိုးရအဖြစ် ကြိုးစားအားထုတ်မှုတွေက တရား မဝင်ဘူးလို့ အသိအမှတ်ပြုလိုက်တာ ဖြစ်ပါတယ်။နောင်အစည်း အဝေး တွေနဲ့ ဖိုရမ်တွေမှာလည်း စစ်အုပ်စုရဲ့ ကိုယ်စားလှယ်တွေကို ဖိတ်ကြားတာ၊ ပါဝင် ခွင့်ပြုတာ ဒါမှမဟုတ် တိုင်ပင်ဆွေးနွေးတာမျိုး မဖြစ်စေဖို့အတွက် ဒီဆုံးဖြတ် ချက်ကို စံနမူနာ ယူသင့်တယ်။ အရေးကြီးတာက အာဆီယံအတွင်းနဲ့ ဘယ်နေ ရာ မှာမဆို၊ ဒေသတွင်းနဲ့ နိုင်ငံတကာ အစည်းအဝေးတွေ၊ ဖိုရမ်တွေအားလုံးမှာ ကျွန်တော်တို့ကို ကိုယ်စားပြုဖို့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီနည်းကျ ရွေးကောက် တင်မြှောက်ထားတဲ့ အစိုးရကို ဖိတ်ခေါ်ပေးဖို့ပါ။ ဒီအဆင့်ကို တက်လှန်းဖို့ ဂျပန် နိုင်ငံနဲ့ အခြားအစိုးရတွေကို ကျွန်တော်တို့ အလေးအနက် တိုက်တွန်း ပါတယ်” ဟု ပြောကြားသည်။

ရှေ့ပြေးအသံအဖွဲ့ Progressive Voice ဥက္ကဋ္ဌ ဒေါ်ခင်ဥမ္မာက ဂျပန်အစိုးရ၏ ဆုံးဖြတ်ချက်ကို စံနမူနာအဖြစ် အစဉ်အလာအဖြစ် မှတ်ယူ၍ မြန်မာစစ် အုပ်စု ကို ဖယ်ကျဉ်ကြရန် တိုက်တွန်းပြောဆိုသည်။

ရှေ့ပြေးအသံအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်ဥမ္မာ က “မြန်မာပြည်သူလူထုက လုံးလုံး လျား လျား ငြင်းဆန်၊ လက်မခံတဲ့ စစ်အာဏာသိမ်းအုပ်စုက တရားဝင်ခိုင်မာမှုရဖို့ နောင်လုပ်မယ့် ကြိုးပမ်းမှုအားလုံးကို ပယ်ချရာမှာ ဂျပန်နိုင်ငံရဲ့ ဆုံးဖြတ် ချက်ကို စံနမူနာ၊ အစဉ်အလာတစ်ခုအဖြစ် ချမှတ်ရပါမယ်၊ နောက်ပြီး မြန်မာ ဘက်က တရားဝင် သက်ဆိုင်သူတွေနဲ့ တရားဝင် လူသိရှင်ကြား ထိတွေ့ ဆက်ဆံမှု ရှိလာဖို့ ဆောင်ရွက်ရမှာ ဖြစ်ပါတယ် ။ အရေးကြီးတဲ့ အာဆီယံ ဆွေးနွေးမှု မိတ်ဖက်နိုင်ငံဖြစ်သလို မြန်မာနိုင်ငံအတွက် အဓိကအလှူရှင် တစ်ဦးဖြစ်တဲ့ ဂျပန်နိုင်ငံအနေနဲ့ သူ့လုပ်ရပ်တွေမှာ တရားမျှတမှုနဲ့ တာဝန်ခံ မှုရှိဖို့ မြန်မာပြည်သူတွေရဲ့ဆန္ဒနဲ့ မျှော်မှန်းချက်ကို အဓိပ္ပာယ်ပြည့်ဝစွာ လေးစားလိုက်နာဖို့ သူ့တာဝန်ကို ဆက်ရှောင်လွှဲလို့ မရတော့ပါဘူး။ မြန်မာ့ စစ်ဗိုလ်ချုပ်တွေကို လူမျိုးတုံးသတ်ဖြတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေနဲ့ စစ်ရာဇ၀တ်မှုတွေအတွက် ဝာာဝန်ခံစေဖို့ မြန်မာနိုင်ငံ အခြေ အနေကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (အိုင်စီစီ)ကို လွှဲပြောင်းပေးဖို့ ကုလ သမဂ္ဂ ပဋိညာဉ်စာတမ်း အခန်း ၇ အရ ဆုံးဖြတ်ချက်အသစ်တရပ်ကို ညှိနှိုင်း ရာမှာ ဂျပန်နိုင်ငံက ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ပိုမိုကြီးမားတဲ့ ဦး ဆောင်မှုအခန်းကဏ္ဍကို ရယူ ထမ်းဆောင်ရမှာ ဖြစ်ပါတယ်။”ဟု ပြောဆိုသည်။

ဓာတ်ပုံ- အာဆီယံနှင့် G7 တရားရေး ဝန်ကြီးများအစည်းအဝေးတွင် မြန်မာ နိုင်ငံကို ဖယ်ချန်ထားခဲ့စဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article