29 C
Yangon

ချောက်မြို့ပေါ်ရှိ မြန်မာ့စီးပွားရေးဘဏ်၌ ကင်းစောင့်နေသော စစ်သားများကို လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်မှု ၁ ဦးသေဆုံး၊ မြစ်ခြေမြို့ပေါ်တွင်လည်း ကင်းစောင့်နေသော စစ်သားများကို ပစ်ခတ်မှု ၂ ဦးသေဆုံး

Must read

ချောက်မြို့ပေါ်ရှိ မြန်မာ့စီးပွားရေးဘဏ်၌ ကင်းစောင့်နေသော စစ်သားများကို လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်မှု ၁ ဦးသေဆုံး၊ မြစ်ခြေမြို့ပေါ်တွင်လည်း ကင်းစောင့်နေသော စစ်သားများကို ပစ်ခတ်မှု ၂ ဦးသေဆုံး

ရန်ကုန်၊ ဇူလိုင် ၂၈

မကွေးတိုင်း၊ ချောက်မြို့ပေါ်ရှိ မြန်မာ့စီးပွားရေးဘဏ်စောင့် အကြမ်းဖက်စစ်သားများကို လက်ပစ်ဗုံး နှစ် လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ တစ်လုံးပေါက်ကွဲပြီး စစ်သား ၁ ဦးသေဆုံးကာ ၈ ဦးအပြင်းအထန် ဒဏ် ရာ ရှိခဲ့ကြောင်း Chauk Guerilla Force-CGF ဒုခေါင်းဆောင်ဗိုလ်ပေတ က ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

ဇူလိုင်လ ၂၆ ရက် ည ၈ နာရီခန့် ၁၅ မိနစ်ခန့်က ချောက်မြို့၊ မြန်မာ့စီးပွားရေးဘဏ်ရှိ အကြမ်းဖက် စစ် သားများ နေထိုင်ရာ ဘန်ကာအတွင်းသို့ မြို့ပြပြောက်ကျား လျှပ်တပြက်စစ်ဆင်ရေး အဖြစ် လက် ပစ်ဗုံး ၂ လုံးဖြင့် တိုက်ခိုက်ခဲ့ရာ ပထမ တစ်လုံးမှာ Error တက်ပြီးပေါက်ကွဲခြင်း မရှိခဲ့ ကြောင်း၊ ဒုတိယ တစ် လုံး ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ နေထိုင်ရာ ဘန်ကာ အတွင်းသို့ တည့် တည့် ကျရောက်ပေါက်ကွဲကာ စစ်သားတစ်ဦး သေဆုံးပြီး ၈ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

“စီးပွားရေးဘဏ်ကို လက်ပစ်ဗုံးနဲ့ တိုက်ခိုက်မှုမှာ ဝါဇီတပ်က စစ်ခွေး တစ်ကောင်သေတယ်၊ ရာထူး တွေ၊ နာမည်တွေတော့ မသိရဘူး၊ ဒဏ်ရာအပြင်းအထန်ရတဲ့ ၈ ကောင်ကိုတော့ ချောက်မြို့ဆေးရုံက မနိုင်တော့ဘူးဆိုပြီး ဒီနေ့ ၁၁ နာရီ ၅၂ မိနစ်မှာ ပွိုင့်ကား၊ အရေးပေါ်လူနာတင်ကားတွေနဲ့ နေပြည် တော်ဆေးရုံကို ပို့လိုက်တယ်လို့ သိရပါတယ်၊ ၂၅ ရက်နေ့က ကလပ်ထောင့်မှာ မစ်ရှင်တစ်လုပ်ထား တော့ ဒီကောင်တွေက ထပ်မလုပ်လောက်ပါဘူးဆိုပြီး လုံခြုံရေးပေါ့ရော့နေတာနဲ့၊ ဒီ ၂ သောင်းတန် ထုတ်တဲ့အပေါ် မကျေနပ်တာနဲ့ လျှပ်တစ်ပြက်သွားထုခဲ့တာ”ဟု Chauk Guerilla Force-CGF ဒုခေါင်း ဆောင်ဗိုလ်ပေတ က ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုကို ချောက်မြို့နယ် ပြောက်ကျားတပ်ဖွဲ့(Chauk Guerilla Force-CGF) ချောက် ပကဖ နှင့် Burma Revolution Rangers တပ်ဖွဲ့တို့ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့သို့ မြန်မာ့စီးပွားရေးဘဏ်ကို တိုက်ခိုက်ရခြင်းမှာ တရားမဝင် အကြမ်းဖက်စစ်ကောင်စီက လုပ်ပိုင်ခွင့် မရှိသော ငွေစက္ကူ(နှစ်သောင်းတန်) ထုတ်ဝေမှုကြောင့် ဒုက္ခရောက်နေကြသည့် ပြည်သူလူထုမှာ ပိုမို ဒုက္ခရောက်ကြရပြီး ငွေကြေးဖောင်းပွမှုဖြစ်စေသော ငွေစက္ကူ ထုတ်ဝေမှုကို မတရားအာဏာ အသုံးပြု ကာ ထုတ်ဝေမည်ဟု ကြေညာခဲ့သဖြင့် ပစ်ခတ်တိုက်ခိုက်ရခြင်းဖြစ်ကြောင်း၊ ဆက်လက်၍လည်း ရရာ နည်းလမ်းပေါင်းစုံဖြင့် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

ဇူလိုင်လ ၂၅ ရက်နေ့ကလည်း မကွေးတိုင်း၊ ချောက်မြို့၊ အမှတ် ၁ ရေနံကလပ်ထောင့်ရှိ ကြံ့ ခိုင်ရေးရုံးရှေ့တွင် မိုင်းအတုဆင်ကာ လာရောက်ရှင်းလင်းသည့် အကြမ်းဖက်စစ်ကောင်စီတပ်သား၊ ရဲများကို မိုင်းအစစ်ဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စခန်းမှူးဝင်းဆန်းမှာ လည်ပင်းကျည်စထိမှန်ဒဏ်ရာနှင့် ဗိုလ်အိမ်အမှတ် ၆၀ မှ စစ်သားတစ်ဦး နားရွက်တစ်ဖက်ဖြတ်လိုက်ရကာ ခန္ဓာကိုယ်တခြမ်း မိုင်းစ ထိမှန် ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

အလားတူ မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့ပေါ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်သား ၂ ဦးကို ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များမှ ပစ်ခတ်ခဲ့ရာ သေဆုံးသွားကြောင်း ဒေသနေပြည်သူများက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ဇူလိုင် ၂၈ ရက် မွန်းလွဲ ၂ နာရီခွဲခန့်က မြစ်ခြေမြို့၊ ကံမလမ်းဆုံ၌ ပြည်သူများထံမှ ဖုန်း၊ ပိုက်ဆံ များကို အတင်းအဓမ္မလုယူနေသော မြစ်ခြေမြို့အခြေစိုက် အမှတ် ၁ BPI တပ်မှ စစ်သား ၂ ဦးကို မြစ်ခြေ PDF တပ်ဖွဲ့မှ ဝင်ရောက်ပစ်ခတ်ရာ နေရာမှာပင်သေဆုံးသွားပြီး အနည်ငယ်ခန့်အကြာ အကြမ်းဖက် စစ် သား၊ ရဲများရောက်ရှိလာပြီး သေနတ်များ ပစ်ဖောက်ကာ ခြိမ်းခြောက်ခဲ့ကြောင်း သိရသည်။

“ဒီနေ့ နေ့လည် ၂ နာရီခွဲလောက်က မြစ်ခြေမြို့ပေါ် ကံမလမ်းဆုံမှာ စစ်ခွေး ၂ ကောင်ကို မြစ်ခြေ PDF တွေက အသေပစ်လိုက်ကြောင်းသိရပါတယ်၊ ခွေးတွေ ပစ်ခတ်ခံရပြီး အနည်ငယ်ကြာမှ စစ်ခွေး၊ ရဲခွေး တွေ ရောက်လာပြီး သေနတ်ပစ်ဖောက် ခြိမ်းခြောက်တာတွေရှိပါတယ်၊ ပစ်သတ်ခံရတဲ့ ခွေး ၂ ကောင်က မြစ်ခြေမြို့အခြေစိုက် အမှတ် ၁ BPI တပ်ကလို့ သိရပါတယ်၊ သူတို့က မြို့ခံပြည်သူတွေဆီကနေ ပိုက်ဆံ တွေ၊ ဖုန်းတွေကို အတင်းအဓမ္မလုယူနေတဲ့ကောင်တွေပါ” ဟု ဒေသနေပြည်သူတစ်ဦးက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article