29 C
Yangon

ရေဖြူမြို့ ခေါင်ပြန်ရွာမှ ပြည်သူ ရွာသား ၃၀ ကျော်ကို စစ်ကောင်စီက လူသားဒိုင်းကာအဖြစ် ဖမ်းဆီး

Must read

ရေဖြူမြို့ ခေါင်ပြန်ရွာမှ ပြည်သူ ရွာသား ၃၀ ကျော်ကို စစ်ကောင်စီက လူသားဒိုင်းကာအဖြစ် ဖမ်းဆီး

ရန်ကုန်| ဇူလိုင် ၂၈

တနင်္သာရီတိုင်း ထားဝယ်ခရိုင် ရေဖြူမြို့နယ် ကံပေါက်ဒေသ ဇာဒီကျေးရွာ အုပ်စုရှိ ခေါင်ပြန်နှင့် ဒိုက်တဂေါ်ကျေးရွာ အရပ်သား ၃၀ ကျော်ကို လူသားဒိုင်း ကာ အဖြစ် စစ်ကောင်စီတပ်သားများက ဖမ်းဆီးခေါ်ဆောင် သွားကြောင်း ဒေသခံများက ပြောသည်။

အင်အား ၁၅၀ နီးပါး ပါရှိသည့် စစ်ကောင်စီ တပ်ဖွဲ့ သည် ယနေ့ ဇူလိုင်လ ၂၇ ရက် နံနက် ၅ နာရီခန့် အချိန်တွင် မြေတင်ကား ၅စီးဖြင့် စစ်ကောင်စီတပ်က ထိုးစစ်ဆင် ကျေး ရွာသို့ ဝင်ရောက်လာကြောင်း၊ ယင်းနောက် ဒေသပြည်သူ များကို ဖမ်းဆီးပြီး ကျေးရွာအတွင်းလည်း တပ်ဖြန့်၍ နေရာချထားသည်ဟု ဒေသခံများ က ပြောသည်။

ကံပေါက်ဒေသခံ တစ်ဦးက “စစ်ကောင်စီတပ်က အခုစစ်ကြောင်း ထိုးနေ တာကတော့ ခရမ်းချောင်း တရုတ်ကျောက် ဆိုဒ်ဘက်ကို ထိုးနေတာပါ။ ရွာထဲက ဒေသခံတွေကို တွေ့ရာ လူကို ဖမ်းဆီး ခေါ်ဆောင် သွားတာပါ။ ဘာမှ မဆိုင်တဲ့ ဒေသခံ ရွာသားတွေက လူသားဒိုင်း အနေနဲ့ အသုံးချခံ နေရတယ်”ဟု ပြောသည်။

အင်အား ၁၅၀ ပါ စစ်ကောင်စီ တပ်ဖွဲ့တွင် ကံပေါက် အခြေစိုက် မောရဝတီ ရေတပ်ဌာန ချုပ်၊ ခလရ ၂၇၃ နှင့် အခြား တပ်ရင်းများမှ တပ်သားများ ပါဝင်နိုင်ခြေများကြောင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များထံမှ သိရသည်။

PDF ရဲဘော် တစ်ဦးက “အခု စစ်တပ်က စစ်ကြောင်းထိုး တောနင်းရှာနေတော့ နှစ်ဖက် တိုက်ပွဲဖြစ်တာ မရှိသေးပါဘူး။ ဒါပေမယ့် ဒေသခံတွေကတော့ ထွက်ပြေး နေရပြီး ဖြစ်တယ်”ဟု ပြောသည်။

စစ်ကောင်စီ တပ်များသည် ခေါင်ပြန်ရွာမှ တစ်ဆင့် ခွေးမဖောရွာ၏ အရှေ့ တောင်တန်း တစ်လျှောက် (အရပ်ခေါ်) မိုးလုံးတောင် အနီးတွင် PDF များ ရှိသည်ဟုဆိုကာ တောနင်း စစ်ကြောင်းထိုး ဝင်ရောက်နေကြောင်း ဒေသခံများနှင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ က ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်က ကံပေါက်ဒေသရှိ ဇာဒီကျေးရွာ၊ ခေါင်ပြန် ကျေးရွာနှင့် ဒိုက်တဂေါ်ကျေးရွာ အစရှိသည့် ရွာများကို PDF အဖွဲ့စည်းကို ထောက်ပံ့သည်ဟု စွပ်စွဲချက်ဖြင့် ဆန်သယ်ယူခွင့်ကို ကန့်သန့် ထားသည့် ကျေးရွာများလည်း ဖြစ်သည်။

ပုံစာ- မြိတ်မြို့တွင် ၂၀၂၁ ခုနှစ်တွင် ဆန္ဒပြစဉ် ကျောင်းသားနှင့် ဒေသခံများ ၅၀ နီပါး ဖမ်းဆီးခံခဲ့ရစဉ်။

(Western News-WN သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article