28 C
Yangon

တောင်ပိုင်းတိုင်း စစ်ဒေသတွင် ၆ လအတွင်း စစ်တပ်၏ စခန်းကြီး ၅ ခု၊ စခန်းငယ် ၈ ခု ကို သိမ်းပိုက်နိုင်ခဲ့ပြီး တိုက်ပွဲအတွင်း စစ်သား ၁၈၀ နှင့် ၂၅၀ ကြားသေဆုံး

Must read

တောင်ပိုင်းတိုင်း စစ်ဒေသတွင် ၆ လအတွင်း စစ်တပ်၏ စခန်းကြီး ၅ ခု၊ စခန်းငယ် ၈ ခု ကို သိမ်းပိုက်နိုင်ခဲ့ပြီး တိုက်ပွဲအတွင်း စစ်သား ၁၈၀ နှင့် ၂၅၀ ကြားသေဆုံး

ရန်ကုန်၊ ဇူလိုင် ၂၉

တောင်ပိုင်းတိုင်း စစ်ဒေသ၊ စစ်ဒေသခွဲ ၂ Force for Federal Democracy (F.F.D) တပ်ဖွဲ့အနေဖြင့် ညီနောင်မဟာမိတ်အဖွဲ့အစည်းများနှင့်အတူ လက်တွဲပြီး ၆ လအတွင်း စစ်တပ်စခန်းကြီး ၅ ခု၊ စခန်း ငယ် ၈ ခုကို သိမ်းပိုက်နိုင်ခဲ့ကြောင်း Force for Federal Democracy (FFD) က ထုတ်ပြန်သည်။

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ ဇွန်လ ၃၀ ရက်နေ့အထိ ၆ လအတွင်း အကြမ်းဖက်စစ်ကောင်စီ၏ တပ်စခန်းအကြီး ၉ ခုကို တိုက်ခိုက်ခဲ့ပြီး ညာတခိုကျိုးစခန်း၊ မဲဝိုင်စခန်း၊ မယ်ဃထစခန်း၊ မယ်စဲ့စခန်း၊ တောင်လှ စခန်းတို့ကို သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ စခန်းငယ်၊ လမ်းကင်းစခန်း၊ BGF စခန်းတို့ဖြစ်သည့် ၈ ခု ကို သိမ်းပိုက်နိုင်ခဲ့ပြီး တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၁၈၀ မှ ၂၅၀ ကြား သေဆုံးကာ FFD တပ်ဖွဲ့ဝင်တစ်ဦး တိုင်းပြည်နှင့်ဒီမိုကရေ စီ ဖက်ဒရယ်ပြည်ထောင်စုအတွက် အသက်ပေးလှူခဲ့ရကြောင်း သိရသည်။

အလားတူ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ဖြတ်တောက်တိုက်ခိုက်မှု ၅ ကြိမ်အပြင် ဗုံးကျဲတိုက်ခိုက် မှုအတွင်း မီးလောင်ဗုံးနှင့် ဗုံးသီး ၁၉၁၀ လုံး အသုံးပြုခဲ့သည့်အပြင် FFD မှ ထုတ်လုပ်သော တာဝေးပစ် ဒုံး ၁၆၀ ကိုလည်း ပစ်လွှတ်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

အဆိုပါစစ်ဆင်ရေးများကို KNLA ၏ စစ်ရေးဦးဆောင်မှု၊ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေး ဝန်ကြီးဌာန(MOD) ၏ စီမံခန့်ခွဲမှုတို့ဖြင့် မဟာမိတ် ပူးပေါင်းတပ်များနှင့်အတူ FFD တိုက်ခိုက်ရေး Squad များမှ ဆင်နွှဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပူးပေါင်းတိုက်ခိုက်ခဲ့သော မဟာမိတ်တပ်များမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)၊ ကရင်နီလူမျိုး ပေါင်းစုံလွတ်မြောက်ရေးတပ်ဦး(ကလလတ- KNPLF)နှင့် ကရင်နီတပ်မတော်(KA)တို့အပြင် အခြား တော်လှန်ရေးအင်အားစုများလည်း ပါဝင်ခဲ့ပြီး Drone ဖြင့် ဝေဟင်မှတိုက်ခိုက်ခြင်း၊ ဝေဟင်နှင့် မြေပြင် ပူးတွဲ ချေမှုန်းခြင်းနှင့် တာဝေးပစ်ဒုံးများဖြင့် လျှပ်တပြတ် တိုက်ခိုက်ခြင်း စသည့်စစ်ဆင်ရေးပေါင်းများ စွာကို အောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့ခြင်းဖြစ်ကြောင်း Force for Federal Democracy (FFD)တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article