28 C
Yangon

ခင်ဦးတွင် စစ်တပ်က ပြည်သူ ၄ ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးသွားပြီး နေအိမ်များကို မီးရှို့ဖျက်ဆီး၊ ရေဦးရှိ ရှော်ဖြူရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ကလေးငယ် ၁ ဦးဒဏ်ရာရ

Must read

ခင်ဦးတွင် စစ်တပ်က ပြည်သူ ၄ ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးသွားပြီး နေအိမ်များကို မီးရှို့ဖျက်ဆီး၊ ရေဦးရှိ ရှော်ဖြူရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ကလေးငယ် ၁ ဦးဒဏ်ရာရ

ရန်ကုန်၊ ဇူလိုင် ၃၁

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ပြည်သူ ၄ ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးသွားပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ရန်ကုန်ခေတ်သစ် မီဒီယာသို့ပြောဆိုသည်။

ယနေ့ ဇူလိုင် ၃၁ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်၏ ခမရ ၇၀၈ နှင့် ၇၀၂ ပူးပေါင်း စစ်ကြောင်းက မဒေါင်းကြီးရွာနှင့် ရွှေကာရွာရှိ ပြည်သူ ၄ ဦးကို ဖမ်းဆီးခေါ်ဆောင်သွား​ပြီး အင်တိုင်းကြီးရွာကိုလည်း လက်နက်ကြီးများဖြင့် ပစ်ခတ် ဝင်ရောက်၍ ကင်းတဲနှင့် နေအိမ်အချို့ကို မီးရှို့ဖျက်ဆီးသွားကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် ဖမ်းဆီးသွားသော ပြည်သူများမှာ မောင်ချစ်၊ မောင်ခိုင်၊ မောင်ချစ်မိုး၊ မောင်ဖိုးထောင်တို့ ဖြစ်ပြီး မဒေါင်းကြီးနှင့် ရွှေကာရွာမှ ပြည်သူများ ဖြစ်ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ ခမရ ၇၀၈ နှင့် ၇၀၂ စစ်ကြောင်းသည် ရေဦး အထိုင်တပ်ဖြစ်ပြီး ရေဦးမြို့နယ်၊ ခင်ဦးမြိုန့ယ်၊ ရွှေဘိုမြို့နယ်နင့် ဒီပဲယင်းမြို့နယ် ၄ မြို့နယ်ကို တစ်လှည့်စီ စစ်ကြောင်းထိုး မီးရှို့ လူသတ်ကာ ပြည်သူပိုင်ပစ္စည်းများကို ခိုးယူနေခြင်း ဖြစ်ပြောင်း သိရှိရသည်။

” အဲစစ်ကြောင်းက အခုညနေပိုင်းမှာ အင်းပတ်ကွေ့ကနေ ကားကြီး ၄ စီးနဲ့ ရေဦးကို ပြန်ဝင်လာပြီ ပြည်သူ ၄ ဦးကိုလည်း ဖမ်းဆီးသွားတယ်။ ဖမ်းဆီးခံရတာ ပြည်သူ ၄ ဦးပဲအတည်ပြုနိုင်သေးတယ်။ စစ်ခွေးတွေက အင်တိုင်းကြီးရွာက ကင်းတဲ ၁ လုံးနဲ့ နေအိမ်တချို့ကိုလည်း မီးရှို့ထားခဲ့တယ်လို့ သိရတယ်” ဟု ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) ကပြောဆိုသည်။

ထို့ပြင် ရေဦးမြို့နယ်၊ ရှော်ဖြူရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကလေးငယ် ၁ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ရန်ကုန်ခေတ်သစ် မီဒီယာသို့ပြောဆိုသည်။

ယနေ့ ဇူလိုင်လ ၃၁ ရက်နေ့ ညနေ ၅ နာရီခန့်တွင် ဒီပဲယင်းမြို့နယ်၌ တပ်စွဲထားသော စစ်သားများက ရေဦးမြို့နယ် အနောက်ခြမ်း ရှော်ဖြူရွာကို ပစ်ခတ်ခဲ့ပြီး ကျေးရွာအတွင်း လက်နက်ကြီး ကျရောက် ပေါက်ကွဲကာ ၂ တန်းကျောင်းသူ မိန်းကလေးငယ် ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့​ကြောင်း သိရသည်။

Photo – ခင်ဦးမြို့နယ်ရှိ ကျေးရွာ တစ်ရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးနေစဥ် (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article